စကားဝှက်ကို အော်တိုဖြည့်ပေးရန် Password Vault ကို အသုံးပြုခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI nova 8i dual SIM card 8GB+128GB
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
စကားဝှက်ကို အော်တိုဖြည့်ပေးရန် Password Vault ကို အသုံးပြုခြင်း
Password Vault သည် သင်၏ သုံးစွဲသူ အမည်များနှင့် စကားဝှက်များကို သိမ်းဆည်းပေးပြီး အက်ပ်အတွင်း သင် ဝင်ရောက်သည့်အခါတိုင်း ၎င်းတို့ကို အော်တိုဖြည့်ပေးပါသည်။ ဤဒေတာများကို ဟာ့ဒ်ဝဲသုံး၍ ကုဒ်ပြောင်းဝှက်ပေးပြီး သင့်စက်တွင်သာ သိမ်းထားပေးပါသည်။ Huawei က ၎င်းကို ဝင်ရောက် သုံးစွဲနိုင်ခြင်း မရှိသည့်အပြင် ၎င်းကို ကွန်ရက် သို့မဟုတ် ဆာဗာသို့ အပ်လုဒ်လုပ်မည် မဟုတ်ပါ။
 
  • Password Vault ကို အသုံးမပြုမီ သင့်စက်အတွက် လော့ခ်မျက်နှာပြင် စကားဝှက်တစ်ခု သတ်မှတ်ပါ။

  • Password Vault သည် အက်ပ်အချို့နှင့်သာ ကိုက်ညီမှု ရှိပါသည်။

Password Vault ဖြင့် ပိုမိုမြန်ဆန်စွာ ဝင်ရောက်ခြင်း

  1. အက်ပ်တစ်ခုထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်သည့်အခါ စကားဝှက်ကို သိမ်းရန် သင့်စက်က သင့်ကို အလိုအလျောက် တုံ့ပြန်ညွှန်ကြားပါမည်။ တုံ့ပြန်ညွှန်ကြားသောအခါ သိမ်းမည် ကို နှိပ်ပါ။

    မည်သည့်အခါမှ မသိမ်းပါ ကို မတော်တဆ နှိပ်မိပါက ဆက်တင် > လုံခြုံရေး > Password Vault > အော်တိုဖြည့် ဆက်တင်များ သို့ သွားပြီး ဤအက်ပ်ဘေးရှိ ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ခြင်းဖြင့် ဤအက်ပ်အတွက် အော်တိုဖြည့် လုပ်ဆောင်ချက်ကို ဖွင့်နိုင်ဆဲဖြစ်ပါသည်။ ဖွင့်/ပိတ် ခလုတ်ကို ပိတ်ထားသောအခါ အော်တိုဖြည့် လုပ်ဆောင်ချက်ကို ပိတ်လိုက်ပါမည်။

  2. သင် အက်ပ်မှ ထွက်လိုက်ပါက နောက်တစ်ကြိမ် ဝင်ရောက်ချိန်တွင် လော့ခ်မျက်နှာပြင် စကားဝှက်၊ လက်ဗွေရာ သို့မဟုတ် မျက်နှာ ID ကိုသုံးပြီး သင် မည်သူမည်ဝါ ဖြစ်သည်ကို စစ်ဆေးအတည်ပြုပြီးသည်နှင့် သုံးစွဲသူအမည်နှင့် စကားဝှက်ကို သင့်စက်က အော်တိုဖြည့်ပေးပါမည်။

သင်သည် Huawei စက်အသစ်သို့ ပြောင်းသည့်အခါ Password Vault ထဲရှိ ဒေတာကို သင့်စက်အသစ်ထဲသို့ လွှဲပြောင်းရန် Phone Clone ကို အသုံးပြုနိုင်ပါသည်။

Password Vault ကို ပိတ်ခြင်း

Password Vault ကို ပုံသေ ဖွင့်ထားပေးပြီး လိုအပ်ပါက ပိတ်နိုင်ပါသည်။

ဆက်တင် > လုံခြုံရေး > Password Vault သို့ သွားပြီး Password Vault ကို ပိတ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်