အီးမေးလ်များကို ကြည့်ရှု၍ စီမံခြင်း
| အီးမေးလ်များကို ကြည့်ရှု၍ စီမံခြင်း |
အဝင်မေးလ်ထဲတွင် သင့်အီးမေးလ်များကို လက်ခံခြင်း၊ ကြည့်ရှုခြင်းနှင့် စီမံခြင်းတို့ ပြုလုပ်နိုင်ပါသည်။
အီးမေးလ်များကို ကြည့်ရှုခြင်း
-
အီးမေးလ် ကို ဖွင့်ပြီးနောက် အီးမေးလ်စာရင်းကို ပြန်လည်လုပ်ဆောင်ရန် အဝင်မေးလ် မျက်နှာပြင်တွင် အောက်သို့ပွတ်ဆွဲပါ။
သင့်တွင် အီးမေးလ်အကောင့်များစွာရှိနေပါက အဝင်မေးလ် ကို နှိပ်ပြီး သင် ကြည့်လိုသည့် အီးမေးလ်ကို ရွေးချယ်ပါ။
-
အီးမေးလ်ကို ဖွင့်ပြီးနောက် အဆိုပါ အီးမေးလ်ကို ကြည့်ပါ၊ စာပြန်ပါ၊ ထပ်ဆင့်ပေးပို့ပါ သို့မဟုတ် ဖျက်ပစ်ပါ။
အီးမေးလ်တစ်ခုရှိ အရေးကြီးသော ဖြစ်စဉ်အကြောင်း သင့်ကို အသိပေးပါက ထိုဖြစ်စဉ်ကို သင့်ပြက္ခဒိန်ထဲသို့ ထည့်သွင်းရန် သို့ သွားပါ။
-
ယခင်အီးမေးလ် သို့မဟုတ် နောက်လာမည့် အီးမေးလ်ကို ကြည့်ရန် အီးမေးလ်မျက်နှာပြင်ပေါ်တွင် ဘယ် သို့မဟုတ် ညာသို့ ပွတ်ဆွဲပါ။
အကြောင်းအရာအလိုက် အီးမေးလ်များကို စုစည်းခြင်း
အဝင်မေးလ် မျက်နှာပြင်တွင် သို့ သွားပြီး အကြောင်းအရာအလိုက် စုစည်းမှု ကို ဖွင့်ပါ။
အီးမေးလ်များကို အလိုအလျောက် ချိန်ကိုက်ခြင်း
-
အဝင်မေးလ် မျက်နှာပြင်မှနေ၍ သို့ သွားပါ။
-
သင် အီးမေးလ်များကို ချိန်ကိုက်လိုသည့် အကောင့်ကို နှိပ်ပြီးနောက် အီးမေးလ် ချိန်ကိုက်မှု ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ။
-
အော်တို ချိန်ကိုက်မှု ကာလ သတ်မှတ်ရန် အချိန်ဇယား ချိန်ကိုက်မှု ကို နှိပ်ပါ။
အီးမေးလ်များကို ရှာဖွေခြင်း
အဝင်မေးလ် မျက်နှာပြင်တွင် ရှာဖွေမှုအကွက်ကို နှိပ်ပြီးနောက် အီးမေးလ်၏ ခေါင်းစဉ် သို့မဟုတ် အကြောင်းအရာကဲ့သို့ အဓိက စကားလုံးများကို ရိုက်ထည့်ပါ။
အီးမေးလ်များကို ဖျက်ခြင်း
အဝင်မေးလ် မျက်နှာပြင်တွင် သင်ဖျက်ချင်သည့် အီးမေးလ်ကို ဖိ၍ နှိပ်ထားပြီး သင်ဖျက်ချင်သည့် အခြားအီးမေးလ်များကိုပါ နှိပ်ပြီးနောက် ကို နှိပ်ပါ။