ကင်မရာ ဆက်တင်များကို ချိန်ညှိခြင်း
ကင်မရာ ဆက်တင်များကို ချိန်ညှိခြင်း |
ဓာတ်ပုံနှင့် ဗီဒီယိုများ ပိုမိုမြန်ဆန်စွာ ရိုက်ကူးနိုင်ရန် ကင်မရာဆက်တင်ကိုလည်း ချိန်ညှိနိုင်သည်။
အောက်ပါ လုပ်ဆောင်ချက်များကို ကင်မရာစနစ်အချို့တွင် မရနိုင်ပါ။
အချိုးအစားကို ချိန်ညှိခြင်း
သို့ သွားပြီးနောက် အချိုးအစားတစ်ခု ရွေးချယ်ပါ။
ဤလုပ်ဆောင်ချက်ကို အချို့စနစ်များတွင် မရနိုင်ပါ။
တည်နေရာ တဂ်များကို ဖွင့်ခြင်း
တည်နေရာ တဂ် ကို ဖွင့်ရန် ဦးစွာ သင့်စက်အတွက် တည်နေရာ ဝန်ဆောင်မှုများကို ဖွင့်ပါ၊ ထို့နောက် သို့ သွားပါ။ ထို့နောက် သင့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို တည်နေရာ အချက်အလက်နှင့် တဂ်တွဲထားပါမည်။
ရိုက်ကူးခဲ့သည့် တည်နေရာကို ကြည့်ရန် ပုံပြခန်းတွင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို နှိပ်၍ အပေါ်သို့ ပွတ်ဆွဲနိုင်သည်။
သင့်စက်တွင် တည်နေရာ ဝန်ဆောင်မှုများ ဖွင့်ရန်-
အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှ အောက်သို့ပွတ်ဆွဲပါ (လိုအပ်ပါက ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်အားလုံး ပြသစေရန် နောက်ထပ် အောက်သို့ပွတ်ဆွဲပါ)၊ ထို့နောက်
ကို ဖွင့်ပါ။
ကျွန်ုပ်၏တည်နေရာကို အသုံးပြုပါ ကို ဖွင့်ပါ။
သို့ သွားပြီး
သင့်ပုံများကို ပေါင်းစပ်ရန် ကင်မရာအကွက်ကို အသုံးပြုခြင်း
ပြီးပြည့်စုံသော ရိုက်ကူးမှုဖြစ်စေရန်အတွက် ကင်မရာအကွက်ကို အသုံးပြုပါ။
ကင်မရာအကွက် ကို ဖွင့်ပါ။ ထိုအခါ viewfinder ထဲတွင် လေးထောင့်ကွက် မျဉ်းများပေါ်လာပါမည်။
သင်ဓာတ်ပုံရိုက်မည့်အရာကို ကန့်လန့်ဖြတ်ပွိုင့်တစ်နေရာတွင် ထားရှိပြီး ရှပ်တာခလုတ်ကို နှိပ်ပါ။
ရှပ်တာ အသံကို အသံတိတ်ခြင်း
ကင်မရာ ရှပ်တာ အသံကို အသံတိတ်ရန် အသံတိတ် ကို ဖွင့်ပါ။
ဤလုပ်ဆောင်ချက်ကို နိုင်ငံနှင့် ဒေသအချို့တွင်သာ ရနိုင်ပါသည်။
အပြုံးများကို ရိုက်ကူးခြင်း
အပြုံး ရိုက်ကူးမှု ကို ဖွင့်ပါ။ Viewfinder ထဲတွင် အပြုံးကို တွေ့ရှိသည့်အခါ ကင်မရာသည် အလိုအလျောက် ဓာတ်ပုံရိုက်ပါမည်။
အနုပညာ လက်ရာများ ပိုမိုကောင်းမွန်စေရန်အတွက် ရေပြင်ညီအဆင့်ကို အသုံးပြုခြင်း
viewfinder တွင် ရေပြင်ညီ လမ်းညွှန်မျဉ်းတစ်ခုကို ပြသရန် ရေပြင်ညီအဆင့် ကို ဖွင့်ပါ။
အစက်မျဉ်းနှင့် တစ်ဆက်တည်းမျဉ်းတို့ ထပ်သွားသည့်အခါ ကင်မရာသည် ရေပြင်ညီအဆင့်နှင့် အပြိုင်ဖြစ်သွားသည်ဟု ညွှန်ပြခြင်းဖြစ်သည်။