ပုံများ ရိုက်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI nova 8i dual SIM card 8GB+128GB
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ပုံများ ရိုက်ခြင်း


ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။

  1. ကင်မရာ ကို ဖွင့်ပါ။

  2. ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-

    • ဆုံချက်ချိန်ရန်- သင် ဆုံချက်ချိန်လိုသည့် တည်နေရာကို နှိပ်ပါ။

      ဆုံချက်နှင့် တိုင်းတာစနစ်ကို သီးခြားချိန်ညှိရန် viewfinder ကို ဖိ၍ နှိပ်ထားပြီး သက်ဆိုင်ရာဖရိန် သို့မဟုတ် ကွင်းကို ထားလိုသော တည်နေရာသို့ ဆွဲပါ။

    • တောက်ပမှု ချိန်ညှိရန်- viewfinder ကို နှိပ်ပါ။ ဆုံချက်ဖရိန်ဘေးတွင် သင်္ကေတ ပေါ်လာသောအခါ ၎င်းကို အပေါ် သို့မဟုတ် အောက်သို့ ဆွဲပါ။

    • ဇူးမ်ချဲ့ သို့မဟုတ် ဇူးမ်ချုံ့ရန်- viewfinder တွင် လက်နှစ်ချောင်းကို ပူး၍ သို့မဟုတ် ခွာ၍ ချုံ့ချဲ့ပါ သို့မဟုတ် ဇူးမ်ဆလိုက်ဒါကို ဆွဲပါ။

    • ကင်မရာစနစ်ကို ရွေးချယ်ရန်- ကင်မရာစနစ် ရွေးချယ်မှုများထဲတွင် ကင်မရာအပေါ်၊ အောက်၊ ဘယ်နှင့် ညာသို့ ပွတ်ဆွဲပါ။

    • ဖလက်ရှ်ကို ဖွင့် သို့မဟုတ် ပိတ်ရန်- ကို နှိပ်ပြီး (အော်တို)၊ (ဖွင့်)၊ (ပိတ်) သို့မဟုတ် (အမြဲဖွင့်) ကို ရွေးချယ်ပါ။

      သင်သည် (အော်တို) ကို ရွေးချယ်ပြီး အလင်းရောင်မှိန်သော ပတ်ဝန်းကျင်တွင် ရှိနေကြောင်း ကင်မရာက ရှာဖွေ တွေ့ရှိလျှင် viewfinder တွင် ဖလက်ရှ် အိုင်ကွန် ပေါ်လာပြီး သင် ဓာတ်ပုံရိုက်ချိန်တွင် ဖလက်ရှ်ကို အလိုအလျောက် ဖွင့်ပါမည်။

    ဤလုပ်ဆောင်ချက်များကို ကင်မရာစနစ်အချို့တွင် မရနိုင်ပါ။

  3. ဓာတ်ပုံရိုက်ရန် ရှပ်တာ ခလုတ်ကို နှိပ်ပါ။

ဓာတ်ပုံများရိုက်ရန် ဟန်ပန်များသုံးခြင်း

  1. ရှေ့ကင်မရာသို့ ပြောင်းရန် ကင်မရာ ကို ဖွင့်ပြီး ကို နှိပ်ပါ။

  2. ကို နှိပ်ပြီး လက်ဟန်ဖြင့် ထိန်းချုပ်မှု ကို ဖွင့်ပါ။

  3. Viewfinder သို့ ပြန်သွားပြီး မျက်နှာပြင်ရှေ့တွင် သင့်လက်ဖဝါးကို 20 စင်တီမီတာ (8 လက်မ) ခန့်၌ ထားပါ။

  4. ရှေ့ကင်မရာက သင့်လက်ဖဝါးကို ရှာဖွေ တွေ့ရှိသောအခါ ခဏကြာ အချိန်ရေတွက်ပြီးနောက် သင့်စက်က ဓာတ်ပုံ ရိုက်ပါမည်။

ဓာတ်ပုံများ ရိုက်ရန် Floating ရှပ်တာကို သုံးခြင်း

ကင်မရာ viewfinder ထဲတွင် ပြသစေရန် Floating ရှပ်တာကို ဖွင့်ပြီး ၎င်းကို သင်နှစ်သက်ရာနေရာသို့ ဆွဲရွှေ့ကာ ဓာတ်ပုံများကို မြန်ဆန်စွာ ရိုက်ကူးနိုင်သည်။

  1. ကင်မရာ > သို့ သွားပြီး Floating ရှပ်တာ ကို ဖွင့်ပါ။

  2. ထို့နောက် Floating ရှပ်တာကို viewfinder ထဲတွင် ပြသပါမည်။ ၎င်းကို သင်နှစ်သက်ရာ နေရာသို့ ဆွဲရွှေ့နိုင်ပါသည်။

  3. ဓာတ်ပုံရိုက်ကူးရန် Floating ရှပ်တာကို နှိပ်ပါ။

အချိန်သတ်မှတ်ထားသည့် ပုံများ ရိုက်ခြင်း

ရှပ်တာခလုတ်ကို နှိပ်ပြီးနောက် ဓာတ်ပုံရိုက်မည့် တည်နေရာသို့ ပြန်သွားနိုင်ရန် ကင်မရာ တိုင်မာသုံး၍ သင်သည် အချိန်ရေတွက်မှုတစ်ခုကို သတ်မှတ်နိုင်သည်။

  1. ကင်မရာ > > တိုင်မာ သို့ သွားပြီးနောက် အချိန်ရေတွက်မှုတစ်ခုကို ရွေးချယ်ပါ။

  2. viewfinder သို့ ပြန်သွားပြီး ရှပ်တာ ခလုတ်ကို နှိပ်ပါ။ အချိန်ရေတွက်ခြင်း ပြီးသွားသောအခါ သင့်စက်က ဓာတ်ပုံရိုက်ပါမည်။

ဓာတ်ပုံများရိုက်ရန် အသံအော်ဒီယို ထိန်းချုပ်မှုကို အသုံးပြုခြင်း

ရှပ်တာခလုတ်ကို နှိပ်စရာမလိုဘဲ ဓာတ်ပုံများရိုက်ရန်အတွက် သင့်အသံကို အသုံးပြုနိုင်သည်။

  1. ကင်မရာ > > အသံအော်ဒီယို ထိန်းချုပ်မှု သို့ သွားပြီး ရွေးချယ်မှုတစ်ခုကို ရွေးချယ်ပါ။

  2. Viewfinder သို့ ပြန်သွားပြီးနောက် ဓာတ်ပုံရိုက်ရန်အတွက် သင့်ညွှန်ကြားချက်ကို ပြောပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်