သင့်ဖုန်းနှင့် တက်ဘလက်ကြား Multi-screen ပူးတွဲဆောင်ရွက်မှု

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P50 Pocket(dual sim card  8gb+256gb(bali-l29c)),HUAWEI Mate Xs(dual sim card 8gb+512gb),HUAWEI nova 7(dual card 8gb+256gb),HUAWEI Mate Xs 2(huawei mate xs2 dual card 8gb+512gb),HUAWEI P50 Pro(dual sim card 8gb+256gb),HUAWEI nova 10(256gb dual sim card、128gb single sim card、128gb dual sim card),PORSCHE DESIGN HUAWEI Mate 30 RS,HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI P50 Pocket Premium Edition,HUAWEI nova 10 Pro(256gb single sim card、256gb dual sim card),HUAWEI P50(single sim card 8gb+256gb (amber-l09c)、dual sim card 8gb+256gb (amber-l29c))
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
သင့်ဖုန်းနှင့် တက်ဘလက်ကြား Multi-screen ပူးတွဲဆောင်ရွက်မှု

သင့်ဖုန်းမျက်နှာပြင်ကို တက်ဘလက်တွင် ပြသရန်၊ တက်ဘလက်တွင် သင့်ဖုန်းအက်ပ်များကို သုံးစွဲရန်၊ စက်နှစ်ခုကြား ဖိုင်များဆွဲရွှေ့ရန်နှင့် တက်ဘလက်တွင် သင့်ဖုန်းမှဖိုင်တစ်ခုကို တည်းဖြတ်ရန်ကဲ့သို့သော စက်အချင်းချင်းကြား စီမံဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် Multi-screen ပူးတွဲဆောင်ရွက်မှုကို အသုံးပြုရန် သင့်ဖုန်းနှင့် တက်ဘလက်ကို ချိတ်ဆက်ပါ။

သင့်တက်ဘလက်နှင့် ဖုန်းကို ချိတ်ဆက်ခြင်း

Huawei နှင့် Honor တက်ဘလက် အချို့တွင်သာ ဤလုပ်ဆောင်ချက်ကို ပံ့ပိုးပေးပါသည်။

အောက်ပါနည်းလမ်း (သင့်စက် အမျိုးအစားပေါ် မူတည်၍) များထဲမှ တစ်ခုခုကို သုံး၍ Multi-Screen ပူးတွဲဆောင်ရွက်မှုကို ဖွင့်ရန် သင့်တက်ဘလက်နှင့် ဖုန်းကို ချိတ်ဆက်ပါ-

ဘလူးတုသ်မှတစ်ဆင့် ချိတ်ဆက်ခြင်း-

  1. ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် တက်ဘလက်မျက်နှာပြင်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်များ မျက်နှာပြင် (သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို ဖြန့်ကားရန် ကို နှိပ်ပြီးနောက် Multi-Screen ပူးတွဲဆောင်ရွက်မှု ကို ဖွင့်ပါ။

  2. ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် ဖုန်း၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပြီး ဘလူးတုသ် ကို ဖွင့်ပါ။

  3. သင့်ဖုန်းကို သင့်တက်ဘလက်အနီးတွင် ကိုင်ထားပြီး ချိတ်ဆက်မှု စတင်ပြုလုပ်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

ချိတ်ဆက်ရန် QR ကုဒ်ကို စကန်ဖတ်ခြင်း-

  1. သင်၏တက်ဘလက်တွင် Multi-Screen ပူးတွဲဆောင်ရွက်မှု ကို ဖွင့်ပြီးနောက် Multi-Screen ပူးတွဲဆောင်ရွက်မှု မျက်နှာပြင်ပေါ်တွင် ချိတ်ဆက်ရန် စကန်ဖတ်ပေးပါ ကို နှိပ်ပါ။

  2. သင့်ဖုန်းကို အင်တာနက်နှင့် ချိတ်ဆက်ပြီး တုံ့ပြန်ညွှန်ကြားသည့်အတိုင်း သင့်ဖုန်းနှင့် တက်ဘလက်ကို ချိတ်ဆက်ပါ။

NFC သုံးနိုင်သော ကီးဘုတ်ပေါ် နှိပ်၍ ချိတ်ဆက်ခြင်း-

Multi-screen ပူးတွဲဆောင်ရွက်မှုကို ဖွင့်ရန် သင့်တက်ဘလက်နှင့်အတူ ပါရှိသည့် စံနှုန်းမီ NFC အသုံးပြုနိုင်သော ကီးဘုတ်ပေါ်တွင် သင့်ဖုန်းကို ထားနိုင်သည်။

  1. သင့်တက်ဘလက်ကို ကီးဘုတ်နှင့် ချိတ်ဆက်ထားကြောင်း သေချာပါစေ။

  2. ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် မျက်နှာပြင်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်များ မျက်နှာပြင် (သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို ဖြန့်ကားရန် ကို နှိပ်ပြီးနောက် NFC ကို ဖွင့်ပါ။

  3. သင့်ဖုန်း တုန်ခါလာသည်အထိ သို့မဟုတ် အသိပေး အချက်ပြသံ မြည်လာသည်အထိ သင့်ဖုန်း၏ ကျောဘက် (အနောက်ကင်မရာများအနီး) ရှိ NFC ဧရိယာကို ကီးဘုတ်၏ NFC ဧရိယာပေါ်တွင်ထား၍ နှိပ်ပါ။

  4. တုံ့ပြန်ညွှန်ကြားသည့်အတိုင်း သင့်ဖုန်းနှင့် တက်ဘလက်ကို ချိတ်ဆက်ပါ။

သင့်တက်ဘလက်မှနေ၍ ဖုန်းအက်ပ်များနှင့် ဖိုင်များကို ဝင်ရောက် သုံးစွဲခြင်း

သင့်ဖုန်းကို သင့်တက်ဘလက်နှင့် ချိတ်ဆက်ပြီးနောက် သင့်တက်ဘလက်မှနေ၍ သင့်ဖုန်းကို အသုံးပြုကာ ဖုန်းအက်ပ်များနှင့် ဖိုင်များ သုံးခြင်း၊ ဖုန်း အသိပေး အချက်ပြမှုများ ကြည့်ခြင်း (SMS မက်ဆေ့ချ်များကဲ့သို့) နှင့် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် ဖုန်းဖြေကြားခြင်းတို့ကဲ့သို့ကို လုပ်ဆောင်နိုင်ပါသည်။

သင့်ဖုန်းမျက်နှာပြင်ကို လော့ခ်ဖွင့်ထားသောအခါ သင်သည် သင့်တက်ဘလက်ရှိ ဖုန်းဝင်းဒိုးတွင် အောက်ပါ လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ပါသည်-
  • နံပါတ်တစ်ခုကို နှိပ်၍ ဖုန်းခေါ်ဆိုရန် ဖုန်း ကို ဖွင့်ပါ။

  • SMS မက်ဆေ့ချ်များကို ကြည့်၍ စာပြန်ရန် မက်ဆေ့ခ်ျ ကို ဖွင့်ပါ။

  • သင့်ဖုန်းမှ ပုံများ၊ ဗီဒီယိုများနှင့် ဖိုင်များကို ကြည့်ရန်အပြင် ဗီဒီယိုများ သို့မဟုတ် အသံဖိုင်များကို ဖွင့်ရန် ပုံပြခန်း သို့မဟုတ် Files ကို ဖွင့်ပါ။

  • အသိပေးချက် မျက်နှာပြင်ကို ပြသရန် သင့်ဖုန်း သို့မဟုတ် တက်ဘလက်မျက်နှာပြင်၏ အပေါ်ဘယ်ဘက် အစွန်းမှ အောက်သို့ ပွတ်ဆွဲပြီး ပြန်ဖွင့်သည့် စက်တစ်ခုမှတစ်ခုသို့ ပြောင်းရန် အော်ဒီယို/ဗီဒီယိုအား ဖုန်းသို့ ပြောင်းရန် သို့မဟုတ် အော်ဒီယို/ဗီဒီယိုကို တက်ဘလက်သို့ ပြောင်းရန် ကို နှိပ်ပါ။
  • သင့်တက်ဘလက်ကို ပြင်ပကီးဘုတ် သို့မဟုတ် stylus နှင့် ချိတ်ဆက်ထားလျှင် စာသားထည့်သွင်းရန်နှင့် သင့်တက်ဘလက်တွင် ဖုန်းဝင်းဒိုးကို ထိန်းချုပ်ရန် ၎င်းကို အသုံးပြုနိုင်ပါသည်။

သင့်ဖုန်းနှင့် တက်ဘလက်ကြား ဖိုင်များကို ဆွဲရွှေ့၍ လွှဲပြောင်းခြင်း

  1. ပုံပြခန်း သို့မဟုတ် Files ကို ဖွင့်ပြီး ရုပ်ပုံ၊ ဗီဒီယို သို့မဟုတ် စာရွက်စာတမ်းကို ဖိ၍ နှိပ်ထားပါ။

  2. လိုအပ်လျှင် နောက်ထပ် ဖိုင်များကို ရွေးချယ်ကာ ရွေးချယ်ထားသည့် မည်သည့် ဖိုင်ကိုမဆို ဖိ၍ နှိပ်ထားပါ၊ ပြီးနောက် ဖိုင်များကို ဆွဲရွှေ့ရန်အတွက် အိုင်ကွန်တစ်ခု ပေါ်လာသည့်အခါ ၎င်းတို့ကို ဆွဲရွှေ့ပါ။

ဥပမာ- သင်ပြုလုပ်နိုင်သည်မှာ-
  • သင့်ဖုန်းနှင့် တက်ဘလက်ကြား ပုံပြခန်း သို့မဟုတ် Files ရှိ ဖိုင်များကို ဆွဲရွှေ့၍ လွှဲပြောင်းခြင်း။

  • သင့်ဖုန်းနှင့် တက်ဘလက်ကြား Files ရှိ ဖိုင်များကို ဆွဲရွှေ့၍ လွှဲပြောင်းခြင်း။

  • သင့်ဖုန်းရှိ ရုပ်ပုံ၊ စာသား သို့မဟုတ် ဖိုင်တစ်ဖိုင်ကို Microsoft Office စာရွက်စာတမ်း၊ မှတ်စု သို့မဟုတ် အီးမေးလ်ကဲ့သို့ သင့်တက်ဘလက်တွင် ဖွင့်ထားသော စာရွက်စာတမ်းတစ်ခုသို့ ဆွဲရွှေ့ခြင်း။

သင့်ဖုန်းကို သင့်တက်ဘလက်နှင့် ချိတ်ဆက်မှုမှ ဖြုတ်ခြင်း

သင့်ဖုန်းနှင့် တက်ဘလက်ကို အသုံးပြုပြီးနောက် အောက်ပါနည်းလမ်းများကို အသုံးပြု၍ ၎င်းတို့ကို ချိတ်ဆက်မှုမှ ဖြုတ်နိုင်သည်-

  • တက်ဘလက်တွင် ပြသထားသော ဖုန်းဝင်းဒိုးတွင် ချိတ်ဆက်မှုမှ ဖြုတ်ရန် ကို နှိပ်ပါ။

  • အသိပေးချက် မျက်နှာပြင်ကို ပြသရန် သင့်ဖုန်း သို့မဟုတ် တက်ဘလက် မျက်နှာပြင်၏ အပေါ် ဘယ်ဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပြီး ချိတ်ဆက်မှုမှ ဖြုတ်မည် ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်