အခြားတံဆိပ်ဖြင့်ဖုန်းတွင် အက်ပ်တစ်ခုကို ဖွင့်သောအခါ HMS Core ကို ထည့်သွင်းရန် သို့မဟုတ် အပ်ဒိတ်လုပ်ရန် လိုကြောင်း ညွှန်ပြသော မက်ဆေ့ချ်ကို ပြသခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အခြားတံဆိပ်ဖြင့်ဖုန်းတွင် အက်ပ်တစ်ခုကို ဖွင့်သောအခါ HMS Core ကို ထည့်သွင်းရန် သို့မဟုတ် အပ်ဒိတ်လုပ်ရန် လိုကြောင်း ညွှန်ပြသော မက်ဆေ့ချ်ကို ပြသခြင်း

ပြဿနာ

  • သုံးစွဲသူသည် အခြားတံဆိပ်ဖြင့်ဖုန်းတွင် Huawei က တီထွင်ထားသော အက်ပ် (HUAWEI Health ကဲ့သို့) ကို အသုံးပြုနေချိန်တွင် HMS Core ကို ထည့်သွင်းရန် သို့မဟုတ် အပ်ဒိတ်လုပ်ရန် လိုကြောင်း ညွှန်ပြသော မက်ဆေ့ချ်ကို ပြသသည်။
  • သုံးစွဲသူသည် HUAWEI AppGallery မှ ဒေါင်းလုဒ်လုပ်ထားသော အချို့ အက်ပ်များ သို့မဟုတ် ဂိမ်းများကို အသုံးပြုနေချိန်တွင် HMS Core ကို ထည့်သွင်းရန် သို့မဟုတ် အပ်ဒိတ်လုပ်ရန် လိုကြောင်း ညွှန်ပြသော မက်ဆေ့ချ်ကို ပြသသည်။
  • သုံးစွဲသူသည် Huawei ဖုန်း သို့မဟုတ် အခြားတံဆိပ်ဖုန်းမှ ပွားထားသော အက်ပ် သို့မဟုတ် ဂိမ်းအချို့ကို ဖွင့်ချိန်တွင် HMS Core ကို ထည့်သွင်းရန် သို့မဟုတ် အပ်ဒိတ်လုပ်ရန် လိုကြောင်း ညွှန်ပြသော မက်ဆေ့ချ်ကို ပြသသည်။

အကြောင်းရင်း

Huawei က တီထွင်ထားသော အက်ပ်များ (HUAWEI Health ကဲ့သို့) နှင့် HUAWEI AppGallery မှ ဒေါင်းလုဒ်လုပ်ထားသော အက်ပ် သို့မဟုတ် ဂိမ်းအချို့ (Huawei ဖုန်းမှပွားထားသော အက်ပ်များ သို့မဟုတ် ဂိမ်းများ) ကို Huawei ချိတ်ဆက်စနစ် လုပ်နိုင်စွမ်းများနှင့် ပေါင်းစပ်ထား၍ HUAWEI ID၊ ဂိမ်းနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကဲ့သို့ HMS Core က ပံ့ပိုးသော အခြေခံ ဝန်ဆောင်မှုများမှ ပံ့ပိုးမှု လိုအပ်သည်။ ပြင်ပ အဖွဲ့အစည်း မိုဘိုင်းဖုန်းတွင် HMS Core ကို ထည့်သွင်းမထားပါက သို့မဟုတ် ဗားရှင်းနိမ့်ပါက ဤအခြေခံ ဝန်ဆောင်မှုများကို သုံး၍ မရနိုင်ပါ။ ဤအက်ပ်များ သို့မဟုတ် ဂိမ်းများ ကောင်းမွန်စွာ လုပ်ဆောင်နေကြောင်း သေချာစေရန် စနစ်သည် HMS Core ကို ထည့်သွင်းရန် သို့မဟုတ် အပ်ဒိတ်လုပ်ရန် သင့်ကို သတိပေးပါမည်။

ဖြေရှင်းနည်း

  1. သင့်စက်ကို အင်တာနက် ချိတ်ဆက်ထားကြောင်း သေချာပါစေ။ သတိပေးချိန်တွင် HMS Core ကို ထည့်သွင်းပါ သို့မဟုတ် အပ်ဒိတ်လုပ်ပါ။ အက်ပ်တွင် ပေါင်းစပ်ထားသော Huawei ချိတ်ဆက်စနစ် လုပ်နိုင်စွမ်းများကို စနစ်က တောင်းခံ၍ AppGallery ဆာဗာမှတစ်ဆင့် HMS Core ကို အလိုအလျောက် ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါမည် သို့မဟုတ် အပ်ဒိတ်လုပ်ပါမည်။
  2. သင်သည် AppGallery ကို ထည့်သွင်းထားပါက စနစ်သည် သင့်ကို AppGallery ရှိ HMS Core အသေးစိတ် စာမျက်နှာသို့ အလိုအလျောက် လမ်းညွှန်ပါမည်။ ထည့်သွင်းမည် သို့မဟုတ် အပ်ဒိတ်လုပ်မည်ကို နှိပ်ပါ။ စနစ်သည် သင့်ကို စာမျက်နှာသို့ တိုက်ရိုက်လမ်းမညွှန်ပါက AppGallery ကို ဖွင့်ပါ၊ "HMS Core" ကို ရှာဖွေ၍ ထည့်သွင်းမည် သို့မဟုတ် အပ်ဒိတ်လုပ်မည် ကို နှိပ်ပါ။

    သင်သည် Huawei မဟုတ်သော စက်၏ အက်ပ်စတိုးတွင် HUAWEI AppGallery ကို ရှာမတွေ့ပါက ဘရောက်ဇာတစ်ခုကို သုံး၍ တရားဝင် HUAWEI AppGallery ဝက်ဘ်ဆိုဒ် သို့ ဝင်ရောက်ကာ HUAWEI AppGallery အက်ပ်ကို ရှာဖွေပြီး ထည့်သွင်းပါ။

  3. HMS Core ကို အောင်မြင်စွာ ထည့်သွင်းပြီးနောက် အဆိုပါ အက်ပ် သို့မဟုတ် ဂိမ်းကို ထပ်မံ ဖွင့်၍ သင့် HUAWEI ID သို့ ဝင်ရောက်ပါ။

AppGallery သည် မဲလ်ဝဲရ် ရှာဖွေဖော်ထုတ်မှု၊ လုံခြုံရေး ထိခိုက်နိုင်မှု စကန်ဖတ်ခြင်း၊ ကိုယ်ပိုင် အချက်အလက် ပေါက်ကြားခြင်း စစ်ဆေးမှုများ အပါအဝင် လုံခြုံရေး စစ်ဆေးမှု အမျိုးမျိုးနှင့် ကိုယ်တိုင် အမည်မှန် ထပ်မံအတည်ပြုခြင်းများ ပါဝင်သည့် တင်းကျပ်သော အက်ပ် ဖြန့်ချိမှု လုပ်ထုံးလုပ်နည်းကို ကျင့်သုံးသည်။ HMS Core သည် လုံခြုံရေး စစ်ဆေးမှုကို အောင်မြင်သောကြောင့် AppGallery မှ ၎င်းကို စိတ်ချလက်ချ ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်