ဓာတ်ပုံများနှင့် ဗီဒီယိုများကို တည်းဖြတ်ခြင်း
ဓာတ်ပုံများနှင့် ဗီဒီယိုများကို တည်းဖြတ်ခြင်း |
ပုံပြခန်းတွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို တည်းဖြတ်သည့် လုပ်ဆောင်ချက်များစွာ ပါရှိပါသည်။
အခြေခံ တည်းဖြတ်ခြင်း
-
ပုံပြခန်း ကို ဖွင့်ပါ၊ သင်ပြင်ဆင်လိုသော ဓာတ်ပုံ ပုံကြမ်းကို နှိပ်ပါ၊ ထို့နောက် ပြင်ဆင်သည့် လုပ်ဆောင်ချက်များကို ဝင်ရောက် သုံးစွဲရန် ပြင်ဆင်မည် ကို နှိပ်ပါ။
-
ဖြတ်ခြင်းနှင့် လှည့်ခြင်း-
ကို နှိပ်ပြီး ဖရိန်တစ်ခုကို ရွေးပါ၊ ပြီးနောက် သင် ဆက်ထားလိုသည့် အပိုင်းကို ရွေးရန် လေးထောင့်ကွက် သို့မဟုတ် ၎င်း၏ထောင့်များကို ဆွဲရွှေ့ပါ။
ဓာတ်ပုံကို လှည့်ရန်
ကို နှိပ်ပြီး ထောင့်ဘီးလုံးကို လိုချင်သော အနေအထားသို့ ဆွဲရွှေ့ပါ။
ဓာတ်ပုံကို 90 ဒီဂရီ လှည့်ရန်
ကို နှိပ်ပါ။ ဓာတ်ပုံကို မှန်ထဲကအတိုင်း ပေါ်စေရန်
ကို နှိပ်ပါ။
-
စစ်ထုတ်မှု အထူးပြုလုပ်ချက်တစ်ခုကို ထည့်ခြင်း- စစ်ထုတ်မှုတစ်ခု ရွေးချယ်ရန်
ကို နှိပ်ပါ။
-
ဓာတ်ပုံ အထူးပြုလုပ်ချက်များကို ချိန်ညှိခြင်း- တောက်ပမှု၊ အလင်းအမှောင်၊ အရောင်အသွေး စုံလင်မှုနှင့် ဓာတ်ပုံ၏အခြားအရည်အသွေးများကို ချိန်ညှိရန်
ကို နှိပ်ပါ။
-
-
သင် တည်းဖြတ်ထားသည်များကို သိမ်းဆည်းရန်
ကို နှိပ်ပါ သို့မဟုတ် ဓာတ်ပုံကို သိမ်းဆည်းရန်
ကို နှိပ်ပါ။
ပစ်ဇယ်တစ်ခုချင်းစီကွဲ၍ မှုန်ဝါးနေသော ဓာတ်ပုံများ
ဓာတ်ပုံကို နှိပ်ပါ၊ ထို့နောက်
သို့ သွားပါ။ဓာတ်ပုံ အစိတ်အပိုင်းများကို ဖုံးအုပ်ရန် အဝါးကွက် ပုံစံနှင့် အရွယ်အစားကို ရွေးချယ်ပါ။
အဝါးကွက် ပုံကို ဖယ်ရှားရန် ခဲဖျက် ကို နှိပ်ပြီး ၎င်းကို ဓာတ်ပုံမှ ဖယ်ရှားပါ။
သင့်တည်းဖြတ်မှုများကို သိမ်းဆည်းရန်
ကို နှိပ်ပြီး ဓာတ်ပုံကို သိမ်းဆည်းရန်
ကို နှိပ်ပါ။
ဓာတ်ပုံများကို အမည်ပြန်ပေးခြင်း
ပုံပြခန်း တွင် သင် အမည်ပြန်ပေးလိုသည့် ဓာတ်ပုံ ပုံကြမ်းကို နှိပ်ပါ။
သို့သွားပြီး အမည်သစ်တစ်ခု ရိုက်ထည့်ပါ။
အိုကေ ကို နှိပ်ပါ။
Collage
အလွယ်တကူ မျှဝေရန်အတွက် ဓာတ်ပုံများစွာကို တစ်ခုတည်း အမြန် ပေါင်းစပ်ရန် collage လုပ်ဆောင်ချက်ကို အသုံးပြုနိုင်သည်။
-
ပုံများ သို့မဟုတ် အယ်လ်ဘမ် တက်(ဘ်)တွင် ရွေးချယ်လိုသော ဓာတ်ပုံများကို ဖိ၍ နှိပ်ထားပြီးနောက် သို့ သွားပါ။
-
နမူနာပုံစံပြားတစ်ခု ရွေးချယ်ပါ။ ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-
-
ဓာတ်ပုံကို ပြောင်းရွှေ့ခြင်း- ဓာတ်ပုံကို ဖိ၍ နှိပ်ထားပြီး ၎င်းကို အခြား နေရာတစ်ခုသို့ ဆွဲရွှေ့ပါ။
-
ဓာတ်ပုံ၏ ပြသထားသည့်အပိုင်းကို ချိန်ညှိခြင်း- လိုချင်သည့်အပိုင်းကိုသာ အကွက်ထဲတွင် ပြသရန်အတွက် ဓာတ်ပုံပေါ်တွင် ပွတ်ဆွဲပါ သို့မဟုတ် ၎င်းကို ချုံ့ချဲ့ပါ။
-
ဓာတ်ပုံကို လှည့်ခြင်း- ဓာတ်ပုံကို နှိပ်ပြီးနောက် ၎င်းကို လှည့်ရန်
သို့မဟုတ် ၎င်းကို လှန်ရန်
ကို နှိပ်ပါ။
-
ဘောင်များ ထည့်ခြင်း- ဖြတ်ညှပ်ကပ်ထားသော ဓာတ်ပုံများတွင် ဘောင်များ ထည့်ရန် ဖရိန် ကို နှိပ်ပါ။
-
-
Collage ကို သိမ်းဆည်းရန်
ကို နှိပ်ပါ။
သိမ်းထားသော collage ကို ကြည့်ရန်
သို့ သွားပါ။