အီးမေးလ်များကို ကြည့်ရှုခြင်းနှင့် စီမံခြင်း
| အီးမေးလ်များကို ကြည့်ရှုခြင်းနှင့် စီမံခြင်း |
ဝင်စာထဲရှိ သင့်အီးမေးလ်များကို လက်ခံခြင်း၊ ကြည့်ခြင်းနှင့် စီမံခြင်းတို့ ပြုလုပ်နိုင်ပါသည်။
အီးမေးလ်တစ်ခုကို ကြည့်ခြင်း
အီးမေးလ် ကို ဖွင့်ပြီးနောက် အီးမေးလ်စာရင်းကို ပြန်လည်ဖွင့်ရန် အဝင်မေးလ် မျက်နှာပြင်တွင် အောက်သို့ပွတ်ဆွဲပါ။သင့်တွင် အီးမေးလ်အကောင့်များစွာရှိနေပါက အဝင်မေးလ် ကို နှိပ်ပြီး သင် ကြည့်လိုသည့် အီးမေးလ်ကို ရွေးချယ်ပါ။
အီးမေးလ်ကို ဖွင့်ပြီးနောက် အဆိုပါ အီးမေးလ်ကို ကြည့်ပါ၊ စာပြန်ပါ၊ ထပ်ဆင့်ပေးပို့ပါ သို့မဟုတ် ဖျက်ပစ်ပါ။
အီးမေးလ်တစ်ခုရှိ အရေးကြီးသော ဖြစ်စဉ်အကြောင်း သင့်ကို အကြောင်းကြားပါက ထိုဖြစ်စဉ်ကို သင့်ပြက္ခဒိန်ထဲသို့ ထည့်သွင်းရန် ကို နှိပ်ပါ။
အီးမေးလ် နောက်တစ်စောင် သို့မဟုတ် ယခင် အီးမေးလ်ကို ကြည့်ရန် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။
ခေါင်းစဉ်အလိုက် အီးမေးလ်များကို စုစည်းခြင်း
အဝင်မေးလ် မျက်နှာပြင်တွင် သို့ သွားပြီးနောက် အကြောင်းအရာအလိုက် စုစည်းမှု ကို ဖွင့်ပါ။
အီးမေးလ်များကို ချိန်ကိုက်ခြင်း
အဝင်မေးလ် မျက်နှာပြင်တွင် သို့ သွားပါ။
သင် အီးမေးလ်များကို ချိန်ကိုက်လိုသည့် အကောင့်ကို နှိပ်ပြီးနောက် အီးမေးလ် ချိန်ကိုက်မှု ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ။
အော်တို ချိန်ကိုက်မှု ကာလ သတ်မှတ်ရန် အချိန်ဇယား ချိန်ကိုက်မှု ကို နှိပ်ပါ။
အီးမေးလ်တစ်ခု ရှာဖွေခြင်း
အဝင်မေးလ် မျက်နှာပြင်တွင် ရှာဖွေမှု အကွက်ကို နှိပ်ပြီးနောက် အီးမေးလ်၏ ခေါင်းစဉ် သို့မဟုတ် အကြောင်းအရာကဲ့သို့ အဓိက စကားလုံးများကို ရိုက်ထည့်ပါ။
အီးမေးလ်များကို ဖျက်ခြင်း
အဝင်မေးလ် မျက်နှာပြင်တွင် ဖျက်မည့် အီးမေးလ်ကို ဖိ၍ နှိပ်ထားပြီး သင် ဖျက်ပစ်လိုသည့် အခြားအီးမေးလ်များ၏ အကွက်များအပေါ်သို့ ဆွဲရွှေ့ပါ၊ ပြီးနောက် ကို နှိပ်ပါ။