Huawei Share

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad T(9.7 wifi 2gb+32gb、10 2021 lte 2gb+32gb、 10 2021 wi-fi 2gb+32gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
Huawei Share

Huawei Share သည် ကြိုးမဲ့ မျှဝေသည့်နည်းပညာဖြစ်ပြီး ရုပ်ပုံများ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများနှင့် အခြားအမျိုးအစားဖိုင်များကို စက်များအကြား လျင်မြန်စွာ မျှဝေနိုင်သည်။ ဤနည်းပညာသည် မိုဘိုင်းဒေတာအသုံးမပြုဘဲ ဖိုင်များကို မျှဝေရန်အတွက် Huawei Share နှင့် Wi-Fi Direct ကို ပံ့ပိုးပေးသည့် အနီးအနားရှိ စက်များကို ရှာဖွေတွေ့ရှိရန် ဘလူးတုသ်ကို သုံးပါသည်။

Huawei Share ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း

Huawei Share ကို အောက်ပါနည်းလမ်းတစ်ခုခုကို သုံးပြီး ဖွင့်နိုင်၊ ပိတ်နိုင်သည်-
  • အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှ အောက်သို့ ပွတ်ဆွဲပါ၊ ထို့နောက် ကို နှိပ်ပြီး Huawei Share ကို ဖွင့်နိုင်၊ ပိတ်နိုင်သည်။ Huawei Share ဆက်တင်မျက်နှာပြင်သို့ ဝင်ရောက်ရန် အဖွင့်အပိတ်ခလုတ်ကို ဖိ၍ နှိပ်ထားပါ။

  • ဆက်တင် > နောက်ထပ် ချိတ်ဆက်မှုများ > Huawei Share သို့ သွားပြီး Huawei Share ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

Huawei Share ကို ဖွင့်ခြင်းဖြင့် Wi-Fi နှင့် ဘလူးတုသ်သည် အလိုအလျောက် ပွင့်လာပါမည်။

သင့်စက်များအကြား ဖိုင်များကို Huawei Share ဖြင့် မြန်ဆန်စွာ မျှဝေခြင်း

သင်သည် Huawei စက်များကြား ဖိုင်များ လျင်မြန်စွာ မျှဝေရန် Huawei Share ကို အသုံးပြုနိုင်သည်။ လက်ခံသူသည် ဖိုင်များကို မပို့မီ နမူနာကြည့်ရှုနိုင်ပြီး ထိုဖိုင်များကို လက်ခံရရှိသည်နှင့် ဖိုင်များ၏ အကြောင်းအရာအပြည့်အစုံကို ကြည့်နိုင်ပါသည်။ ဥပမာ လက်ခံသူသည် လက်ခံရရှိထားသော ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ပုံပြခန်းတွင် ကြည့်နိုင်သည်။

  1. လက်ခံသည့်စက်တွင် Huawei Share ကို ဖွင့်ပါ။

  2. ပို့သည့်စက်တွင် သင် မျှဝေလိုသော ဖိုင်များကို ရွေးချယ်ရန် ဖိ၍ နှိပ်ထားပါ၊ ထို့နောက် ကို နှိပ်ပါ။ Huawei Share ကို နှိပ်ပါ၊ ထို့နောက် လက်ခံရရှိသောစက်၏ အိုင်ကွန်ကို နှိပ်ပြီး ဖိုင်များကို ပို့ပါ။

    သင်သည် ဖိုင်များကို အက်ပ်တစ်ခုမှ တိုက်ရိုက် မျှဝေပါက ဤအဆင့်များတွင် ကွဲလွဲမှုရှိနိုင်သည်။

  3. လက်ခံသည့်စက်တွင် လွှဲပြောင်းမှုကို လက်ခံရန် လက်ခံမည် ကို နှိပ်ပါ။

လက်ခံရရှိသော ဖိုင်များကို ကြည့်ရန် ဖိုင်များ သို့ သွားပါ၊ ထို့နောက် စက်တွင်းသိုလှောင်မှု > Huawei Share တက်(ဘ်)ရှိ အမျိုးအစားများ သို့ သွားပါ။

လက်ခံရရှိသည့် ရုပ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ပုံပြခန်း > အယ်လ်ဘမ် > Huawei Share တွင်လည်း တွေ့နိုင်သည်။

Huawei Share ဖြင့် တစ်ကြိမ်နှိပ်၍ ပရင့်ထုတ်ခြင်း

အနီးအနားတွင် Huawei Share ကို ပံ့ပိုးသော ပရင်တာတစ်ခု ရှိနေပါက သင်သည် Huawei Share ကို အသုံးပြု၍ ပရင်တာကို ရှာဖွေပြီး သင့်စက်တွင် သိမ်းဆည်းထားသော ရုပ်ပုံများ သို့မဟုတ် PDF ဖိုင်များကို ပရင့်ထုတ်နိုင်သည်။

  1. ပရင်တာအမျိုးအစားပေါ် မူတည်၍ အောက်ပါတို့ကို သေချာစစ်ဆေးပါ-
    • Wi-Fi သုံးနိုင်သော ပရင်တာများ- ပရင်တာကို ပါဝါဖွင့်၍ သင့်စက် ချိတ်ဆက်ထားသည့် အလားတူ ကွန်ရက်နှင့် ချိတ်ဆက်ထားရမည်။

    • Wi-Fi Direct သုံးနိုင်သော ပရင်တာများ- ပရင်တာကို ပါဝါဖွင့်၍Wi-Fi Direct ကို ဖွင့်ထားရမည်။

    • ဘလူးတုသ် သုံးနိုင်သော ပရင်တာများ- ပရင်တာကို ပါဝါဖွင့်ထားရမည်ဖြစ်ပြီး ဘလူးတုသ်မှတစ်ဆင့် ရှာဖွေတွေ့ရှိနိုင်ရမည်။

  2. သင့်စက်တွင် ပရင့်ထုတ်ရန်အတွက် ဖိုင်ကို အစမ်းကြည့်ပါ၊ ထို့နောက် မျှဝေမည် > Huawei Share သို့ သွားပါ။

  3. ပရင်တာကို ရှာဖွေတွေ့ရှိသောအခါ ၎င်း၏အမည်ကို သင့်စက်တွင် နှိပ်ပါ၊ ထို့နောက် အစမ်းကြည့်သည့် မျက်နှာပြင်တွင် ဆက်တင်ကိုချိန်ညှိပါ။ ထို့နောက် ပရင့်ထုတ်ရန် ပရင့်ထုတ်မည် ကို နှိပ်ပါ။

    သင်သည် ဘလူးတုသ် ပရင်တာကို သင့်စက်နှင့် ပထမဆုံးအကြိမ် ချိတ်ဆက်နေခြင်းဖြစ်ပါက သင့်စက်တွင် ပရင်တာကို ရှာ၍ ပရင်တာအမည်ကို နှိပ်ပြီးနောက် ပရင်တာပေါ်ရှိ ပါဝါခလုတ်ကို 1 စက္ကန့်ခန့်ကြာအောင် ဖိ၍ နှိပ်ထားကာ ချိတ်ဆက်မှုကို အတည်ပြုပါ။

ပံ့ပိုးသော ပရင်တာများစာရင်းအတွက် Huawei Share မျှဝေခြင်း မျက်နှာပြင်ရှိ အကူအညီ ကို နှိပ်ပါ၊ ပရင်တာ ကို ရွေးချယ်ပြီးနောက် မည်သည့် ပရင်တာများနှင့် ပံ့ပိုးလုပ်ဆောင်နိုင်သနည်း။ ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်