အသံ ဆက်တင်များကို ချိန်ညှိခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad T(9.7 wifi 2gb+32gb、10 2021 lte 2gb+32gb、 10 2021 wi-fi 2gb+32gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အသံ ဆက်တင်များကို ချိန်ညှိခြင်း

အသံအတိုးအကျယ်ကို ချိန်ညှိရန် အသံခလုတ်ကို နှိပ်ခြင်း

အသံအတိုးအကျယ်ကို ချိန်ညှိရန် အသံချဲ့ သို့မဟုတ် အသံတိုးခလုတ်ကို နှိပ်ပါ။

သင့်စက် အသံမြည်လာသောအခါ အသံပိတ်ရန် ပါဝါခလုတ်ကို နှိပ်ခြင်း

အဝင်ခေါ်ဆိုမှု သို့မဟုတ် နှိုးစက်အတွက် သင့်စက် အသံမြည်လာသောအခါ ၎င်းကို အသံပိတ်ရန် ပါဝါခလုတ်ကို နှိပ်နိုင်ပါသည်။

ပုံသေ အသံအတိုးအကျယ်ကို သတ်မှတ်ခြင်း

ဆက်တင် > အသံနှင့် တုန်ခါမှု သို့ သွားပြီးနောက် အောက်ပါ အိုင်တမ်များအတွက် အသံအတိုးအကျယ်ကို သတ်မှတ်နိုင်ပါသည် -

  • မီဒီယာ (ဗီဒီယို၊ ဂိမ်းများ၊ ဂီတနှင့် အခြားအရာ)

  • ဖုန်းမြည်သံများ

  • နှိုးစက်များ

  • ခေါ်ဆိုမှုများ

အော်ဒီယို ခေါ်ဆိုမှုများကို Wi-Fi သီးသန့် တက်ဘလက်များတွင် မလုပ်ဆောင်နိုင်ပါ။

မြည်သံ သို့မဟုတ် အသံတိတ် စနစ်အကြား ပြောင်းရန် ရှော့(တ်)ကတ်ကို သုံးပါ

  1. အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှနေ၍ အောက်သို့ ပွတ်ဆွဲချပြီး ရှော့(တ်)ကတ်များ အားလုံးကို ကြည့်ရန် နောက်ထပ် အောက်သို့ ပွတ်ဆွဲချပါ။

  2. မတူညီသော စနစ်များအကြား ကူးပြောင်းရန် အသံအသံတိတ် အိုင်ကွန်ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်