ဒေတာများကို သင့်စက်အသစ်သို့ ရွှေ့ရန် Phone Clone ကို အသုံးပြုခြင်း
| ဒေတာများကို သင့်စက်အသစ်သို့ ရွှေ့ရန် Phone Clone ကို အသုံးပြုခြင်း |
Phone Clone က (အဆက်အသွယ်များ၊ ပြက္ခဒိန်၊ ရုပ်ပုံများနှင့် ဗီဒီယိုများ အပါအဝင်) အခြေခံ ဒေတာအားလုံးကို သင့်စက်အဟောင်းမှ စက်အသစ်သို့ မြန်ဆန် ချောမွေ့စွာ ရွှေ့ခွင့်ပြုပါသည်။
Huawei သို့မဟုတ် အခြား Android စက်မှ ဒေတာ ပြောင်းရွှေ့ခြင်း
-
သင့်စက်အသစ်တွင် Phone Clone အက်ပ်ကို ဖွင့်ပါ သို့မဟုတ် သို့ သွားပါ၊ ဤသည်မှာ စက်အသစ်ဖြစ်သည် ကို ထိပြီး Huawei သို့မဟုတ် အခြား Android ကို ရွေးချယ်ပါ။
-
သင့်စက်အဟောင်းတွင် Phone Clone ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များကို လိုက်နာပါ။
-
စက်အဟောင်းတွင် Phone Clone အက်ပ်ကို ဖွင့်ပါ၊ ဤသည်မှာ စက်အဟောင်းဖြစ်သည် ကို နှိပ်ပါ၊ ပြီးလျှင် ကုဒ် စကန်ဖတ်ခြင်း သို့မဟုတ် ကိုယ်တိုင် ချိတ်ဆက်ခြင်းဖြင့် စက်အဟောင်းကို သင့်စက်အသစ်နှင့် ချိတ်ဆက်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များကို လိုက်နာပါ။
-
သင့်စက်အဟောင်းတွင် သင် ပွားယူလိုသည့် ဒေတာများကို ရွေးချယ်ပြီးနောက် စတင်ပွားယူရန် ကို နှိပ်ပါ။
သင်သည် Phone Clone ကို ပံ့ပိုးသော Android ဗားရှင်းများကို AppGallery တွင် ရှာနိုင်ပြီး အက်ပ် အသေးစိတ် မျက်နှာပြင်တွင် နောက်ထပ် အချက်အလက်များကို ကြည့်နိုင်သည်။
iPhone သို့မဟုတ် iPad မှ ဒေတာများကို ပြောင်းရွှေ့ခြင်း
-
စက်အသစ်တွင် Phone Clone အက်ပ်ကို ဖွင့်ပါ သို့မဟုတ် သို့ သွားပါ၊ ဤသည်မှာ စက်အသစ်ဖြစ်သည် ကို နှိပ်၍ iPhone/iPad ကို ရွေးချယ်ပါ။
-
သင့်စက်အဟောင်းတွင် Phone Clone ကို ဒေါင်းလုဒ်လုပ်၍ ထည့်သွင်းရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။
-
စက်အဟောင်းတွင် Phone Clone အက်ပ်ကို ဖွင့်ပါ၊ ဤသည်မှာ စက်အဟောင်းဖြစ်သည် ကို နှိပ်၍ ကုဒ်ကို စကန်ဖတ်ခြင်း သို့မဟုတ် ကိုယ်တိုင် ချိတ်ဆက်ခြင်းဖြင့် သင့်စက်အသစ်နှင့် စက်အဟောင်းကို ချိတ်ဆက်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။
-
သင်၏ စက်အဟောင်းတွင် သင် ပွားယူလိုသည့် ဒေတာများကို ရွေးချယ်ပြီးနောက် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း ဆောင်ရွက်ကာ ဒေတာ ပွားယူခြင်းကို ပြီးဆုံးအောင် လုပ်ဆောင်ပါ။
App Store တွင် Phone Clone ကို ပံ့ပိုးပေးသော iOS ဗားရှင်းများကို ရှာဖွေနိုင်ပြီး အက်ပ် အသေးစိတ် မျက်နှာပြင်တွင် နောက်ထပ် အချက်အလက်များကို ကြည့်နိုင်သည်။