ဖုန်းခေါ်ဆိုခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad(10.4-inch 2022 lte 4+128、10.4 wifi 4gb+128gb、10.4-inch 2022 lte 4+64、10.4-inch 2022 wi-fi 4+128)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဖုန်းခေါ်ဆိုခြင်း

ဖုန်းခေါ် ဝန်ဆောင်မှုများကို Wi-Fi သီးသန့် တက်ဘလက်များတွင် အသုံးမပြုနိုင်ပါ။

ခေါ်ဆိုရန် နံပါတ်တစ်ခုကို နှိပ်ခြင်း သို့မဟုတ် အဆက်အသွယ်တစ်ခုကို ရွေးချယ်ခြင်း

ခေါ်ဆိုရန် အောက်ပါနည်းလမ်းများအနက်မှ တစ်ခုကို အသုံးပြုပါ-
  • ဖုန်း ကို ဖွင့်ပါ၊ အဆက်အသွယ် ရှာရန် ဖုန်းနံပါတ်၏ တစ်စိတ်တစ်ပိုင်း၊ အဆက်အသွယ် အမည်၏ ပထမဆုံးစာလုံး သို့မဟုတ် အဆက်အသွယ်၏ အတိုကောက်စာလုံးများကို ထည့်ပြီး ခေါ်ဆိုရန် နှိပ်ပါ။

  • ဖုန်း ကို ဖွင့်ပါ၊ အဆက်အသွယ်များ တက်(ဘ်)ကို နှိပ်ပါ၊ ထို့နောက် ခေါ်ဆိုရန် အဆက်အသွယ်ကို ရှာပါ သို့မဟုတ် အဆက်အသွယ် စာရင်းရှိ အဆက်အသွယ်ကို ရွေးချယ်ပါ။

ကို နှိပ်ပြီး ခေါ်ဆိုမှုကို အဆုံးသတ်ပါ။

အမြန်ခေါ်ဆိုမှုကို အသုံးပြုခြင်း

အဆက်အသွယ် တစ်ခုအတွက် အမြန်ခေါ်ဆိုမှုကို သတ်မှတ်ပြီးသည်နှင့် သင်သည် သတ်မှတ်ထားသည့် နံပါတ်ခလုတ်ကို သုံး၍ အဆိုပါ အဆက်အသွယ်ကို အမြန် ခေါ်ဆိုနိုင်ပါသည်။

  1. ဖုန်း > > ဆက်တင်များ > အမြန်ခေါ်ဆိုမှု သို့ သွား၍ နံပါတ်ခလုတ်တစ်ခုကို ရွေးချယ်ပြီးနောက် ဤအမြန်ခေါ်ဆိုမှု နံပါတ်အတွက် အဆက်အသွယ်ကို သတ်မှတ်ပါ။

  2. ထို့နောက် ဤအမြန်ခေါ်ဆိုမှု နံပါတ်ကို ဖိ၍ နှိပ်ထားပြီး ဤအဆက်အသွယ်ကို တိုက်ရိုက် ခေါ်ဆိုနိုင်ပါသည်။

ပါဝါခလုတ်ကို နှိပ်၍ ဖုန်းချခြင်း

ဖုန်းပြောနေစဉ် ဖုန်းချရန် ပါဝါခလုတ်ကို နှိပ်လိုက်ပါ။

ဖုန်း > > ဆက်တင်များ သို့ သွားပြီး ပါဝါခလုတ်ဖြင့် ဖုန်းချခြင်း ကို ဖွင့်ပါ။

ဖုန်းခေါ်ဆိုမှု နောက်ခံကို သတ်မှတ်ခြင်း

ဖုန်းခေါ်ဆိုမှု နောက်ခံအဖြစ် နောက်ခံပုံ သတ်မှတ်ရန် အောက်ပါတို့ကို ပြုလုပ်ပါ-

  1. ဆက်တင် > ပင်မ မျက်နှာပြင်နှင့် နောက်ခံပုံ > နောက်ခံပုံ သို့သွားပါ။

  2. ပုံတစ်ပုံ ရွေးချယ်ပြီး ၎င်းကို နောက်ခံပုံအဖြစ် သတ်မှတ်ပါ။

ဖုန်းခေါ်ဆိုမှု နောက်ခံတွင် ပြသရန် အဆက်အသွယ်တစ်ခုအတွက် ပရိုဖိုင်းပုံကိုလည်း သတ်မှတ်နိုင်သည်။

  1. ဖုန်း ကို ဖွင့်ပါ၊ အဆက်အသွယ်များ တက်(ဘ်)ကို နှိပ်ပြီးနောက် အဆက်အသွယ်ကို ရွေးချယ်ပါ။

  2. ရွေးချယ်ထားသော အဆက်အသွယ်အတွက် ပရိုဖိုင်းပုံ သတ်မှတ်ရန် ကို နှိပ်ပြီးနောက် ကို နှိပ်ပါ။

နိုင်ငံတကာ ခေါ်ဆိုမှုတစ်ခု ပြုလုပ်ခြင်း

  1. သက်ဝင်လုပ်ဆောင်ရန် သင့်မိုဘိုင်း ကယ်ရီယာထံ ဆက်သွယ်ပြီး နိုင်ငံတကာ ခေါ်ဆိုခြင်းဝန်ဆောင်မှုအကြောင်း မေးမြန်းပါ။

  2. ဖုန်း ကို ဖွင့်ပါ၊ အဆက်အသွယ်များ တက်(ဘ်)ကို နှိပ်ပြီး ခေါ်ဆိုရန် အဆက်အသွယ်တစ်ခု ရွေးချယ်ပါ။

  3. အဆက်အသွယ်များ စာရင်းတွင် မရှိသော နံပါတ်များအတွက် ဖုန်းဒိုင်ခွက်ကို ဖွင့်ပြီး + အိုင်ကွန်ကို ပြသည်အထိ 0 နံပါတ်ကီးကို ဖိထားပါ။ နိုင်ငံကုဒ်နှင့် ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီးနောက် နိုင်ငံတကာ ခေါ်ဆိုမှု ပြုလုပ်ရန် ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်