VoLTE HD ခေါ်ဆိုမှုများ ပြုလုပ်ရန်

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P50 Pocket(dual sim card  8gb+256gb(bali-l29c)),HUAWEI P50 Pro(dual sim card 8gb+256gb),HUAWEI P50 Pocket Premium Edition
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
VoLTE HD ခေါ်ဆိုမှုများ ပြုလုပ်ရန်

Voice over LTE (VoLTE) သည် IP အခြေပြု ဒေတာထုတ်လွှင့်သည့် နည်းပညာဖြစ်သည်။ VoLTE ကို ဖွင့်ထားသည့်အခါ ဖုန်းခေါ်ဆိုမှုကို မြန်ဆန်စွာ ချိတ်ဆက်ပေးသည့်အပြင် အရည်အသွေးမြင့် အော်ဒီယိုနှင့် ဗီဒီယို ခေါ်ဆိုမှုများကို ပြုလုပ်နိုင်သည်။

VoLTE ကို ဖွင့်ခြင်း

  1. သင့် SIM ကတ်အတွက် VoLTE ဝန်ဆောင်မှုကို သက်ဝင်လုပ်ဆောင်ရန် သင့်ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ။ SIM နှစ်ကတ်သုံးစက်၏ ပင်မနှင့် ဒုတိယ SIM ကတ်ထည့်သည့် အံခွက်နှစ်ခုစလုံးသည် VoLTE ကို ပံ့ပိုးပေးပါက အဆိုပါ SIM နှစ်ကတ်လုံးအတွက် ၎င်းကို ဖွင့်ထားနိုင်ပါသည်။

  2. ဆက်တင် > မိုဘိုင်းကွန်ရက် > မိုဘိုင်းဒေတာ သို့သွားပြီး SIM 1 သို့မဟုတ် 2 အတွက် VoLTE ခေါ်ဆိုမှုများ ကို ဖွင့်ပါ။

5G ဝန်ဆောင်မှုများကို အချို့ နိုင်ငံများနှင့် ဒေသများတွင်သာ ရနိုင်ပါသည်။

HD အော်ဒီယို သို့မဟုတ် ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း

HD အော်ဒီယို သို့မဟုတ် ဗီဒီယို ခေါ်ဆိုမှုများ မပြုလုပ်မီ နှစ်ဖက်စလုံးက VoLTE သက်ဝင်လုပ်ဆောင်ထားသည့် စက်များကို အသုံးပြုနေကြောင်း သေချာပါစေ။
  1. ဖုန်း ကို ဖွင့်ပြီး ဆက်သွယ်မှုများ တက်(ဘ်)သို့ သွားကာ သင် ဖုန်းခေါ်ဆိုလိုသူကို ရွေးချယ်ပါ။

  2. VoLTE HD အော်ဒီယို ခေါ်ဆိုမှု ပြုလုပ်ရန် ကို နှိပ်ပါ။

  3. VoLTE HD ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ရန် ကို နှိပ်ပါ။

    အော်ဒီယို ခေါ်ဆိုမှု ပြုလုပ်နေစဉ် မျက်နှာပြင်ပေါ်ရှိ ကို နှိပ်၍ ဗီဒီယိုခေါ်ဆိုမှုသို့ ပြောင်းနိုင်ပါသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်