အသံဆက်တင်များကို ချိန်ညှိခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P50 Pocket(dual sim card  8gb+256gb(bali-l29c)),HUAWEI P50 Pro(dual sim card 8gb+256gb),HUAWEI P50 Pocket Premium Edition
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အသံဆက်တင်များကို ချိန်ညှိခြင်း

အသံအတိုးအကျယ်ကို ချိန်ညှိရန် အသံခလုတ်ကို နှိပ်ခြင်း

အသံအတိုးအကျယ်ကို ချိန်ညှိရန် အသံချဲ့ သို့မဟုတ် အသံတိုးခလုတ်ကို နှိပ်ပါ။

သင့်စက် အသံမြည်လာသောအခါ အသံပိတ်ရန် ပါဝါခလုတ်ကို နှိပ်ခြင်း

အဝင်ခေါ်ဆိုမှု သို့မဟုတ် နှိုးစက်အတွက် သင့်စက် အသံမြည်လာသောအခါ ၎င်းကို အသံပိတ်ရန် ပါဝါခလုတ်ကို နှိပ်နိုင်ပါသည်။

အသံပိတ်ရန် လှန်ခြင်း

အဝင်ခေါ်ဆိုမှု ရှိလျှင် ၎င်းကို အသံပိတ်ရန် သင်သည် သင့်စက်ကို လှန်နိုင်သည်။

ဤလုပ်ဆောင်ချက်ကို အသုံးပြုရန် ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရှော့(တ်)ကတ်များနှင့် ဟန်ပန်များ > မြည်သံ ပိတ်ရန်/အသံပမာဏ လျှော့ချရန် သို့သွားပြီး ဖုန်းမြည်သံ ပိတ်ရန် ဖုန်းကို တစ်ဖက်သို့ လှန်လိုက်ပါ ကို ဖွင့်ထားကြောင်း သေချာအောင်လုပ်ပါ။

အသံနှင့် တုန်ခါမှုဆက်တင်ကို ပြောင်းခြင်း

မက်ဆေ့ချ်သံ၊ အသိပေးသံနှင့် ဖုန်းမြည်သံကို သင်နှစ်သက်သလို သတ်မှတ်နိုင်ပြီး တုန်ခါမှုပက်တန်ကိုလည်း သတ်မှတ်နိုင်ပါသည်။

  1. ဆက်တင် > အသံနှင့် တုန်ခါမှု သို့ သွားပြီး ဖုန်းမြည်သံမက်ဆေ့ခ်ျသံ သို့မဟုတ် အသိပေးသံ ကို နှိပ်ပါ။

  2. ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-

    • တီးလုံးသံကို သတ်မှတ်နိုင်သည်။

      ကြိုတင်သတ်မှတ်ထားသော တီးလုံးသံကို ရွေးချယ်ပါ သို့မဟုတ် စက်ရှိ တေးဂီတ ကို နှိပ်၍ စက်တွင်း သိမ်းဆည်းထားသော သီချင်းတစ်ပုဒ်ကို ရွေးချယ်ပါ။

      SIM နှစ်ကတ်ကို အသုံးပြုနေပါက သင်သည် ၎င်းတို့ အသီးသီးအတွက် တီးလုံးသံများကို သတ်မှတ်နိုင်ပါသည်။

    • တုန်ခါမှုပက်တန်ကို သတ်မှတ်ပါ။

      တုန်ခါမှု ကို နှိပ်ပြီး တုန်ခါမှုပက်တန်ကို သင် နှစ်သက်ရာ ရွေးချယ်ပါ။

      ချိန်ကိုက်ပြီး (ပုံသေ) ကို ရွေးချယ်ထားသောအခါ သင့်ဖုန်းသည် တီးလုံးသံ စည်းချက်နှင့်အညီ တုန်ခါပါမည်။

      အခြားရွေးချယ်မှုများအတွက် သင့်ဖုန်း၏တုန်ခါမှုပက်တန်ကို ပုံသေသတ်မှတ်ထားသည်။

အသံ၊ တုန်ခါမှု နှင့် အသံတိတ် စနစ်များအကြား ပြောင်းရန် ရှော့(တ်)ကတ် အသုံးပြုခြင်း

  1. ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် မျက်နှာပြင်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်များ မျက်နှာပြင် (သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို ဖြန့်ကားရန် ကို နှိပ်ပါ။

  2. မတူညီသော စနစ်များအကြား ပြောင်းရန် အသံအသံတိတ် သို့မဟုတ် တုန်ခါမှု ကို နှိပ်ပါ။

အသံစနစ်တွင် သင့်စက်သည် အသံအားလုံးကို ပုံမှန်အတိုင်း ဖွင့်ပါသည်။

အသံတိတ် စနစ်တွင် သင့်စက်သည် အဝင်ခေါ်ဆိုမှုများ၊ မက်ဆေ့ချ်များ၊ အသိပေးချက်များနှင့် အချို့ ပြင်ပအဖွဲ့အစည်း အက်ပ် အသိပေးချက်များအတွက် မြည်သံများကိုသာ ပိတ်ပေးပါသည်။ နှိုးစက်များ၊ အော်ဒီယို ခေါ်ဆိုမှုများ၊ သီချင်း၊ ဗီဒီယိုများနှင့် ဂိမ်းများအပါအဝင် အခြား အသံများကို ပိတ်ထားမည် မဟုတ်ပါ။

တုန်ခါမှု စနစ်တွင် ခေါ်ဆိုမှုများ သို့မဟုတ် မက်ဆေ့ချ်များအတွက် သိုသိုသိပ်သိပ် သတိပေးချက်များ ပံ့ပိုးပေးရန် သင့်စက်သည် အသံပိတ်၍ တုန်ခါသည်။

အသံတုန်ခါမှု နှင့် အသံတိတ် စနစ်များအကြား ပြောင်းရန် ဆက်တင် > အသံနှင့် တုန်ခါမှု သို့လည်း သင်သွားနိုင်ပါသည်။

စနစ် ထိနှိပ်မှုများ

စာသား၊ အဆက်အသွယ်တစ်ခု (သို့) မျက်နှာပြင်ပေါ်ရှိ အခြားအရာများကို သင်ဖိ၍ နှိပ်ထားသည့်အခါကဲ့သို့ လုပ်ဆောင်မှုအချို့ကို ပြီးစီးသောအခါ အော်ဒီယို တုံ့ပြန်မှုပေးရန် စနစ်က ထိနှိပ်မှုများကို အသုံးပြုသည်။

ဆက်တင် > အသံနှင့် တုန်ခါမှု > နောက်ထပ် ဆက်တင်များ သို့ သွားပြီး စနစ် ထိနှိပ်မှုများ ကို သင်လိုသလို ဖွင့် သို့မဟုတ် ပိတ်ပါ။

ပုံသေ အသံအတိုးအကျယ်ကို သတ်မှတ်ခြင်း

ဆက်တင် > အသံနှင့် တုန်ခါမှု သို့ သွားပြီးနောက် အောက်ပါ အရာဝတ္ထုများအတွက် ပုံသေ အသံအတိုးအကျယ်ကို သတ်မှတ်နိုင်ပါသည်-

  • မြည်သံ၊ မက်ဆေ့ခ်ျများ၊ အသိပေးချက်များ
  • နှိုးစက်သံ
  • တေးဂီတ၊ ဗီဒီယို၊ ဂိမ်းများ
  • ခေါ်ဆိုမှုများ

နောက်ထပ် ဆက်တင်များ ကို သတ်မှတ်ခြင်း

အသံနှင့် တုန်ခါမှု မျက်နှာပြင်တွင် နောက်ထပ် ဆက်တင်များ ကို နှိပ်ပြီး နောက်ထပ် အသိပေး အချက်ပြမှု နည်းလမ်းများကို သင်နှစ်သက်သလို သတ်မှတ်ပါ။ ဥပမာအားဖြင့် မျက်နှာပြင် လော့ခ် နှင့် စက်မျက်နှာပြင် ထိနှိပ်သံ ကို သတ်မှတ်နိုင်သည်။

ဖုန်းမြည်သံ အတိုးအကျယ်ကို လျှော့ရန် မြှောက်ကိုင်ခြင်း

အဝင်ခေါ်ဆိုမှု ရှိသောအခါ ဖုန်းမြည်သံကို လျှော့ချရန် သင့်စက်ကို မြှောက်ကိုင်နိုင်သည်။

ဤလုပ်ဆောင်ချက် (သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို ဖွင့်ရန် အောက်ပါနည်းလမ်းများထဲမှ တစ်ခုကို အသုံးပြုပါ-
  • ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရှော့(တ်)ကတ်များနှင့် ဟန်ပန်များ > မြည်သံ ပိတ်ရန်/အသံပမာဏ လျှော့ချရန် သို့သွားပြီး ဖုန်းမြည်သံကို လျှော့ရန် ဖုန်းကို မြှောက်ကိုင်ရန် ကို ဖွင့်ထားကြောင်း သေချာပါစေ။

  • ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရွေ့လျားမှုထိန်းချုပ်ခြင်း > မြှောက်ကိုင်ရန် သို့သွားပြီး အဝင်ဖုန်းမြည်သံ လျှော့ရန် နှင့် တိုင်မာနှင့် နှိုးစက်မြည်သံ လျှော့ရန် ကို ဖွင့်ထားကြောင်း သေချာပါစေ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်