ပင်မမျက်နှာပြင် ပုံစံကို စီမံခန့်ခွဲခြင်း
ပင်မမျက်နှာပြင် ပုံစံကို စီမံခန့်ခွဲခြင်း |
သင်၏ စက် သုံးစွဲသည့် အလေ့အကျင့်များနှင့် သင့်လျော်မည့် ပင်မမျက်နှာပြင် ပုံစံကို စိတ်ကြိုက်ပြုလုပ်နိုင်သည်။
အက်ပ် အိုင်ကွန်တစ်ခုကို ပင်မ မျက်နှာပြင်ပေါ်သို့ ရွှေ့ခြင်း
အက်ပ် အိုင်ကွန်ကို ဖိ၍ နှိပ်ထားပြီး ပင်မ မျက်နှာပြင်တွင် ထားလိုသော နေရာသို့ ဆွဲရွှေ့ပါ။
ပင်မမျက်နှာပြင် အိုင်ကွန်များကို ညီညာအောင် ထားရှိခြင်း
ပင်မ မျက်နှာပြင် ဆက်တင် စနစ်သို့ ဝင်ရောက် သုံးစွဲရန် ပင်မမျက်နှာပြင်တွင် လက်နှစ်ချောင်းကို ဆွဲကပ်၊ ဆွဲခွာ လုပ်ပြီးနောက် အော်တို ချိန်ညှိမှု ကို ဖွင့်ပါ။ ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပြီး အက်ပ်များကို ဖယ်ရှားလိုက်သောအခါ ဘာမျှမရှိသော နေရာများကို အလိုအလျောက် ဖြည့်ပေးပါမည်။
ပင်မမျက်နှာပြင် အိုင်ကွန်နေရာများကို လော့ခ်ခတ်ခြင်း
ပင်မ မျက်နှာပြင် ဆက်တင် စနစ်သို့ ဝင်ရောက် သုံးစွဲရန် ပင်မမျက်နှာပြင်တွင် လက်နှစ်ချောင်းကို ဆွဲကပ်၊ ဆွဲခွာ လုပ်ပြီးနောက် လော့ခ်ပုံစံ ကို ဖွင့်ပါ။
ပင်မမျက်နှာပြင် ပုံစံပက်တန်ကို ရွေးချယ်ခြင်း
ပင်မမျက်နှာပြင်တွင် လက်နှစ်ချောင်းကို ဆွဲကပ်၊ ဆွဲခွာ၍
သို့ သွားပြီးနောက် သင်ပိုနှစ်သက်သည့် ပုံစံပက်တန်တစ်ခု ရွေးချယ်ပါ။ဆက်တင်များထဲတွင် သင်၏ ပင်မမျက်နှာပြင်ကို သတ်မှတ်ခြင်း
သင်သည် အော်တို ချိန်ညှိမှု ကို ဖွင့်၍လည်း အခြားအရာများကို ပြုလုပ်နိုင်သည်။
သို့ သွားပြီးနောက်အက်ပ်အိုင်ကွန်များကို ဖိုင်တွဲများတွင် ထည့်ခြင်း
ပင်မ မျက်နှာပြင်တွင် သင့်အက်ပ် အိုင်ကွန်များကို လွယ်ကူစွာ စီမံခန့်ခွဲရန်အတွက် သင်သည် အလားတူ အက်ပ်များကို ဖိုင်တွဲတစ်ခုထဲတွင် ထည့်ထားနိုင်ပြီး ဖိုင်တွဲကို အမည်ပေးနိုင်သည်။
ဖိုင်တွဲ အသစ် ဖန်တီးရန် အက်ပ် အိုင်ကွန်ကို ဖိ၍ နှိပ်ထားပြီး အခြားအိုင်ကွန်တစ်ခုပေါ်သို့ ဆွဲပါ။
ဖိုင်တွဲကို ဖွင့်၍ ၎င်း၏ အမည်ကို နှိပ်ပြီးနောက် ၎င်းအတွက် အမည်အသစ်ကို ရိုက်ထည့်ပါ။
အက်ပ်အိုင်ကွန်များကို ဖိုင်တွဲထဲ ထည့်ခြင်း သို့မဟုတ် ၎င်းတို့ကို ဖယ်ရှားခြင်း
ဖိုင်တွဲကို ဖွင့်ပြီးနောက် ကို နှိပ်ပါ။
ထို့နောက် သင်သည် အောက်ပါလုပ်ဆောင်ချက်တို့ကို ဆောင်ရွက်နိုင်ပါသည်-
အက်ပ် တစ်ခုနှင့် အထက်ကို ရွေးချယ်ပြီး ၎င်းတို့ကို ဖိုင်တွဲထဲသို့ ထည့်ရန် အိုကေ ကို နှိပ်ပါ။
အက်ပ်ကို တစ်ခုနှင့် အထက်ကို ရွေးချယ်မှုဖြုတ်ပြီး ၎င်းတို့ကို ဖိုင်တွဲထဲမှ ဖယ်ရှားရန် အိုကေ ကို နှိပ်ပါ။ အက်ပ်အားလုံးကို ရွေးချယ်မှုဖြုတ်လိုက်ပါက ဖိုင်တွဲကို ဖျက်ပစ်လိုက်ပါမည်။