Huawei Share သုံး၍ သင့်စက်နှင့် ကွန်ပျူတာကြား ဖိုင်များ မျှဝေခြင်း
Huawei Share သုံး၍ သင့်စက်နှင့် ကွန်ပျူတာကြား ဖိုင်များ မျှဝေခြင်း |
သင့်စက်နှင့် ကွန်ပျူတာ (ဝင်းဒိုး သို့မဟုတ် macOS) ကြား ဖိုင်များကို ကြိုးမဲ့နည်းဖြင့် လွယ်ကူစွာ မျှဝေရန် Huawei Share ကို အသုံးပြုနိုင်ပါသည်။
သင့်စက်မှ ဖိုင်များကို ကွန်ပျူတာသို့ မျှဝေခြင်း
Huawei Share ကို သုံးပြီး သင့်စက်မှ ဖိုင်များကို သင့်ကွန်ပျူတာသို့ မျှဝေပါ။ ထို့နောက် သင့်စက်ရှိ မျှဝေထားသော ဖိုင်တွဲများကို သင့်ကွန်ပျူတာမှ အလွယ်တကူ ဝင်ရောက် သုံးစွဲနိုင်ပါသည်။

သင့်စက်နှင့် ကွန်ပျူတာကို Wi-Fi ကွန်ရက်တစ်ခုတည်းနှင့် ချိတ်ဆက်ထားကြောင်း သေချာပါစေ။
သင့်စက်တွင် Huawei Share ဆက်တင်ကို ဝင်ရောက် သုံးစွဲပြီးနောက် Huawei Share နှင့် ကွန်ပျူတာ ဝေမျှမှု ကို ဖွင့်ပါ။
ကွန်ပျူတာတွင် ဖော်ပြမည့် အမည် ဘေးတွင် ပြသထားသော အမည်အပြင် သုံးစွဲသူ အမည်နှင့် အတည်ပြုမှု အောက်ရှိ စကားဝှက်ကိုလည်း မှတ်သားထားပါ။
-
ဝင်းဒိုး သုံးသည့် ကွန်ပျူတာ (ဒတ်ခ်စတော့(ပ်) သို့မဟုတ် လပ်တော့(ပ်)) သို့မဟုတ် macOS သုံးသည့် ကွန်ပျူတာ (လပ်တော့(ပ်)) တွင် အောက်ပါတို့ကို လုပ်ဆောင်ပါ-
ဝင်းဒိုး-
သို့ သွားပါ။macOS-
သို့ သွားပါ။လက်ရှိတွင် ဤလုပ်ဆောင်ချက်ကို macOS 10.8 မှ 10.14 အထိဖြင့် လုပ်ဆောင်နေသော Mac များတွင်သာ ရရှိနိုင်ပါသည်။
သင့်ကွန်ပျူတာတွင် သင့်စက်၏ အမည်ကို နှစ်ချက်နှိပ်ပြီးနောက် သင် မှတ်သားထားသည့် သုံးစွဲသူအမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပါ။
သင့်စက်ရှိ ဖိုင်များကို သင့်ကွန်ပျူတာမှ ကြည့်ရန်၊ တည်းဖြတ်ရန် သို့မဟုတ် ကူးယူရန်အတွက်ဖြစ်စေ၊ ကွန်ပျူတာတွင် ရှိသည်များကို သင့်စက်မှ ထိုနည်းတူစွာ လုပ်ဆောင်ရန်အတွက်ဖြစ်စေ စက်တွင်း သိုလှောင်မှု သို့မဟုတ် အဲလ်ဘမ် ဖိုင်တွဲကဲ့သို့ မျှဝေထားသော ဖိုင်တွဲကို ဖွင့်ပါ။
သင့်ကွန်ပျူတာတွင် မျှဝေထားသော ဖိုင်တွဲများရှိ ဖိုင်များတွင် အပြောင်းအလဲပြုလုပ်ပါက သင့်စက်တွင် အလိုအလျောက် ချိန်ကိုက်ပြီး သင့်စက်တွင် ထိုသို့အပြောင်းအလဲပြုလုပ်လျှင်လည်း ကွန်ပျူတာတွင် အလားတူ ချိန်ကိုက်ပါမည်။
သင့်စက်နှင့် ကွန်ပျူတာကြား ဖိုင်များကို မျှဝေခြင်း
သင့်စက်နှင့် Huawei ကွန်ပျူတာအကြား ဖိုင်များ မျှဝေရန် Huawei Share ကို သုံးနိုင်သည်။
ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် သင့်စက်မျက်နှာပြင်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်များ မျက်နှာပြင်(သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို ဖြန့်ကားရန်
ကို နှိပ်ပြီးနောက် Huawei Share ကို ဖွင့်ပါ။
သင့်ကွန်ပျူတာတွင် PC Manager ကို ဖွင့်၍ Huawei Share ကို ဖွင့်ပါ။
ဖိုင်များကို အောက်ဖော်ပြပါ နည်းလမ်းများဖြင့် လွှဲပြောင်းနိုင်သည်-
သင့်စက်ရှိ လွှဲပြောင်းမည့် ဖိုင်များကို ရွေးချယ်ရန် ဖိ၍ နှိပ်ထားပြီးနောက် မျှဝေမည် ကို နှိပ်ပါ။
လွှဲပြောင်းမှုကိုလက်ခံမည့် ကွန်ပျူတာ၏ အမည်ကို စက်စာရင်းထဲမှ ရွေးချယ်ပါ။
သင့်ကွန်ပျူတာရှိ ပြသထားသော ဒိုင်ယာလော့ဂ် ဘောက်စ်တွင် Accept ကို နှိပ်ပါ။
လွှဲပြောင်းမှု အောင်မြင်ပါက လွှဲပြောင်းထားသော ဖိုင်များအား သိမ်းဆည်းထားသည့် ဖိုင်တွဲကို အလွယ်တကူ ဝင်ရောက် သုံးစွဲနိုင်ရန်အတွက် သင့်ကွန်ပျူတာတွင် အလိုအလျောက် ဖွင့်ပေးပါမည်။
-
မျှဝေပြီး လွှဲပြောင်းခြင်း
ကွန်ပျူတာတွင် လွှဲပြောင်းမည့် ဖိုင်များကို ညာ-ကလစ်နှိပ်ပြီး Huawei Share ကို ရွေးချယ်ပါ။
ပေါ်လာသော စက်စာရင်းထဲမှ သင့်စက်ကို ရွေးချယ်ပါ။
သင့်စက်တွင် ပြသထားသည့် ဒိုင်ယာလော့ဂ် ဘောက်စ်ထဲတွင် လက်ခံမည် ကို နှိပ်ပါ။
-
ဆွဲရွှေ့ပြီး လွှဲပြောင်းခြင်း
လွှဲပြောင်းမည့် ဖိုင်ကို ရွေးချယ်ပြီး ၎င်းကို Huawei Share မျက်နှာပြင်ရှိ သက်ဆိုင်သော စက်ဆီသို့ ဆွဲရွှေ့ပါ။
သင့်စက်တွင် ပြသထားသည့် ဒိုင်ယာလော့ဂ် ဘောက်စ်ထဲတွင် လက်ခံမည် ကို နှိပ်ပါ။
PC Manager ၏ ဗားရှင်းမှာ 11.1 နှင့်အထက်ဖြစ်ကြောင်း သေချာပါစေ။