App Multiplier ကို ဖွင့်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate Xs Dual SIM Card 8GB+512GB
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
App Multiplier ကို ဖွင့်ခြင်း

သင်၏ ခေါက်ထားနိုင်သောစက်ကို ဖြန့်ထားသည့်အခါ အလုပ်များစွာကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ရန် App Multiplier ကိုပံ့ပိုးပေးသည့် အက်ပ်၏ ပင်မ မျက်နှာပြင်နှင့် အကြောင်းအရာ မျက်နှာပြင်ကို ဝင်းဒိုး နှစ်ခုတွဲဖြင့် ပြသနိုင်သည်။

  1. ဆက်တင် > ပြသမှုနှင့် လင်းထင်းမှု > ပိုင်းခြား ကြည့်ရှုမှု သို့ သွား၍ App Multiplier နှင့် ကိုက်ညီမှု ရှိပါသည် စာရင်းတွင် ဤလုပ်ဆောင်ချက်ကို သင်ဖွင့်လိုသော အက်ပ်၏ ဘေးရှိ ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ။

  2. App Multiplier ဖွင့်ထားသော အက်ပ်ကို ဖွင့်ပါ။ အက်ပ်၏ ပင်မ မျက်နှာပြင်ကို မျက်နှာပြင်တွင် ပြသပါမည်။ အက်ပ်၏ ပင်မ မျက်နှာပြင်ရှိ ထည့်သွင်းမှုတစ်ခုကို နှိပ်ပါ။ ထို့နောက် ပင်မ မျက်နှာပြင်ကို ဘယ်ဘက် မျက်နှာပြင်တွင် နေရာပြန်ချပြီး ထည့်သွင်းမှု အသေးစိတ်ကို ညာဘက်ရှိ မျက်နှာပြင် အသစ်တွင် ပြသပါမည်။

    သင်နှိပ်လိုက်သော ထည့်သွင်းမှုအတွက် အပိုအကြောင်းအရာ မရှိပါက အက်ပ်သည် ဝင်းဒိုးတစ်ခုတည်းတွင် ဆက်လက် ပြသပါမည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်