အထူးလျှို့ဝှက် စနစ်

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P50 Pocket(dual sim card  8gb+256gb(bali-l29c)),HUAWEI P50 Pocket Premium Edition
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အထူးလျှို့ဝှက် စနစ်

အထူးလျှို့ဝှက် စနစ်ကို ဖွင့်ပြီး သင့်စက်ကိုခေါက်ထားသည့်အခါ အက်ပ်များသည် သင့်စက်၏ မိုက်ခရိုဖုန်း၊ ကင်မရာနှင့် တည်နေရာ ဒေတာတို့ကို ဝင်ရောက် သုံးစွဲခွင့် ရနိုင်တော့မည်မဟုတ်ပါ။ ဤသို့ပြုလုပ်ခြင်းသည် သင့်ကိုယ်ပိုင် အချက်အလက်များ လုံခြုံနေစေရန် ကူညီပေးသည်။ ဥပမာအားဖြင့် လျှို့ဝှက်အစည်းအဝေးများ ကျင်းပနေချိန်တွင် ဤစနစ်ကို ဖွင့်၍ သင့်စက်ကို ခေါက်ထားနိုင်သည်။

အထူးလျှို့ဝှက် စနစ်ကို ပုံသေပိတ်ထားပါသည်။ ၎င်းကို ဖွင့်ရန် ဆက်တင် > ကိုယ်ပိုင် အချက်အလက် > အထူးလျှို့ဝှက် စနစ် သို့ သွားကာ အမြဲဖွင့်ရန် သို့မဟုတ် ခေါက်ထားသည့်အခါ ဖွင့်ရန် ကို လိုအပ်သလို ဖွင့်ပါ။

  • အမြဲဖွင့်ရန်- ဖွင့်ထားသည့်အခါ အထူးလျှို့ဝှက် စနစ်က ချက်ချင်း အလုပ်စလုပ်ပါသည်။

  • ခေါက်ထားသည့်အခါ ဖွင့်ရန်- ဖွင့်ထားသည့်အခါ သင့်စက်ကို ခေါက်ထားချိန်တွင် အထူးလျှို့ဝှက် စနစ်က အလုပ်စလုပ်ပါသည်။

 
  • အထူးလျှို့ဝှက် စနစ်ကို ဖွင့်ထားချိန်တွင် မျက်နှာသွင်ပြင် အသိအမှတ်ပြုမှု၊ ကင်မရာ၊ Voice Assistant နှင့် မြေပုံကဲ့သို့ လုပ်ဆောင်ချက်များကို ရနိုင်မည် မဟုတ်ပါ။

  • အထူးလျှို့ဝှက် စနစ်ကို ဖွင့်ထားချိန်တွင် တည်နေရာ အချက်အလက်များ ပါဝင်သည့် လုပ်ဆောင်ချက်များကို မရရှိနိုင်ပါ။ ဥပမာ- ပြင်ပအဖွဲ့အစည်း အက်ပ်များသည် အနီးအနားရှိ ဘလူးတုသ်စက်များ သို့မဟုတ် Wi-Fi ဟော့စပေါ့များကို ရှာဖွေပေးနိုင်မည် မဟုတ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်