စူပါစက် ကို အသုံးပြု၍ စက်များတွင် ချောမွေ့စွာ အလုပ်လုပ်လိုက်ပါ
စူပါစက် ကို အသုံးပြု၍ စက်များတွင် ချောမွေ့စွာ အလုပ်လုပ်လိုက်ပါ |
စူပါစက် သည် မတူညီသော စက်များအကြား ပူးတွဲဆောင်ရွက်ခွင့်ပြုသဖြင့် သင့်တက်ဘလက်သည် သင်၏ အနီးအနားရှိ Vision နှင့် အခြားပံ့ပိုးပေးသော စက်များ၏ ဆုံချက်ဖြစ်သွားကာ ၎င်းတို့ကို အဆင်ပြေပြေထိန်းချုပ်နိုင်စေသည်။ သင်သည် ထုတ်လွှင့်နေသည့် အသံနှင့် ဗီဒီယို အကြောင်းအရာများကဲ့သို့ သင့်တက်ဘလက်တွင် လုပ်လက်စ အလုပ်များကိုလည်း တစ်ချက်နှိပ်ရုံဖြင့် သင့် Vision သို့ ချောမွေ့စွာ လွှဲပြောင်းနိုင်ပါသည်။
သင့်စက်ကို နောက်ဆုံးထွက် စနစ်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားကြောင်း သေချာပါစေ။
စူပါစက် ကို သတ်မှတ်ခြင်း
လတ်တလောတွင် စူပါစက် သည် တက်ဘလက်များကို အောက်ပါ စက်အမျိုးအစားများနှင့် ချိတ်ဆက်ခြင်းကို ပံ့ပိုးပေးသည်။ ဤလုပ်ဆောင်ချက်ကို သုံးရန် ချိတ်ဆက်မည့်စက်များသည်စူပါစက် ကို ပံ့ပိုးကြောင်း သေချာပါစေ။ သင်မစတင်မီ သင့်တက်ဘလက်တွင် ဘလူးတုသ်နှင့် Wi-Fi ကို ဖွင့်ပြီး သင့် HUAWEI ID သို့ ဝင်ရောက်ပါ။ အခြားစက်များအတွက် အောက်ပါဆက်တင်များကို လုပ်ဆောင်ပါ-
Vision- ၎င်းသည် သင့်စက်ကို ချိတ်ထားသည့် LAN နှင့် ချိတ်ဆက်ထားပြီး သင့်စက်တွင် ဝင်ရောက်ထားသည့် HUAWEI ID ထဲသို့ပင် ဝင်ရောက်ထားကြောင်း သေချာပါစေ။
ဘလူးတုသ် စက်- ဘလူးတုသ် ချိတ်ဆက်မှု ပြုလုပ်ပြီးနောက် (ဘလူးတုသ် နားကြပ်များကဲ့သို့) အချို့သော ဘလူးတုသ်စက်များကို စူပါစက် မှတစ်ဆင့် သင့်စက်နှင့် ချိတ်ဆက်နိုင်သည်။
စူပါစက် ကို ဝှက်ထားပါက ကွန်ထရိုးလ် ပန်နယ် ကို ဝင်ရောက် သုံးစွဲပြီး သို့ သွားရောက်ပါ။
MeeTime ခေါ်ဆိုမှုများနှင့် တိုက်ရိုက်လွှင့်ထားသော အသံ သို့မဟုတ် ဗီဒီယိုကို အခြားစက်များသို့ လွှဲပြောင်းခြင်း
သင့်စက်တွင် MeeTime ခေါ်ဆိုမှုများ ပြုလုပ်သောအခါ၊ ဗီဒီယိုများ ကြည့်ရှုသောအခါ (HUAWEI Video၊ Youku သို့မဟုတ် အခြားဗီဒီယို ထုတ်လွှင့်သည့် အက်ပ်များဖြင့်ကဲ့သို့) သို့မဟုတ် သီချင်းနားထောင်သောအခါ သင်သည် ဤဆောင်ရွက်ဆဲ အလုပ်များကို စူပါစက် မှတစ်ဆင့် အခြားစက်သို့ လွှဲပြောင်းနိုင်သလို စက်အသစ်တွင် သင် ယခင်ရပ်ခဲ့သည့်နေရာမှ ပြန်စနိုင်သည်။ ဥပမာအားဖြင့် MeeTime ခေါ်ဆိုမှုကို သင့် Vision သို့ လွှဲပြောင်းနိုင်သည်။
MeeTime- ဤလုပ်ဆောင်ချက်ကို အချို့ နိုင်ငံများနှင့် ဒေသများတွင်သာ ရနိုင်ပါသည်။
ဗီဒီယိုများ- Vision သို့ လွှဲပြောင်းနိုင်သည်။
MeeTime ခေါ်ဆိုမှုများ- Vision သို့ လွှဲပြောင်းနိုင်သည်။
ဂီတ- ဘလူးတုသ် နားကြပ်များနှင့် Vision (မျက်နှာပြင် ပိတ်ထားသည်ဖြစ်စေ ဖွင့်ထားသည်ဖြစ်စေ) သို့ လွှဲပြောင်းနိုင်သည်။
ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် သင့်တက်ဘလက်၏ အပေါ် ညာဘက်ထောင့်စွန်းမှ အောက်သို့ ပွတ်ဆွဲပါ။ ရနိုင်သော စက်များကို စူပါစက် အပိုင်းတွင် ပြသထားပါမည်။ အနီးအနားရှိ စက်များကို ကိုယ်တိုင် ရှာဖွေရန်
ကိုလည်း နှိပ်နိုင်သည်။
လုပ်ဆောင်ဆဲ အလုပ်များကို လွှဲပြောင်းရန် သင် လွှဲပြောင်းလိုသော စက်ကို နှိပ်ပါ။ အခြားနည်းမှာ လုပ်ဆောင်ဆဲ အလုပ်များကို လွှဲပြောင်းရန်
ကို နှိပ်၍ ရည်ရွယ်ထားသောစက်ကို ဤစက်၏ အိုင်ကွန်ပေါ်သို့ ဆွဲရွှေ့ပါ။