သင့်စက်စနစ်ကို အွန်လိုင်းတွင် အပ်ဒိတ်လုပ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad(10.4-inch 2022 lte 4+128、10.4 wifi 4gb+128gb、10.4-inch 2022 lte 4+64、10.4-inch 2022 wi-fi 4+128)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
သင့်စက်စနစ်ကို အွန်လိုင်းတွင် အပ်ဒိတ်လုပ်ခြင်း

အပ်ဒိတ် ရှိသည့်အခါ သင့်စက်သည် အပ်ဒိတ်ပက်ကေ့ချ်ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းရန် ညွှန်ကြားပါလိမ့်မည်။

 
  • အပ်ဒိတ်မလုပ်မီ သင့်စက်သည် တရားဝင် စနစ် ဗားရှင်းဖြင့် လုပ်ဆောင်နေကြောင်း သေချာပါစေ။ သို့မဟုတ်ပါက အပ်ဒိတ် အောင်မြင်မည်မဟုတ်ဘဲ သင့်စက်သည် ပြဿနာ အချို့နှင့် ကြုံတွေ့ရနိုင်သည်။

  • အပ်ဒိတ်မလုပ်မီ သင်၏ သုံးစွဲသူဒေတာကို ဘက်ခ်အပ်လုပ်ထားပါ။

  • အပ်ဒိတ်လုပ်ပြီးနောက် စနစ်အသစ်ဗားရှင်းနှင့် ကိုက်ညီမှု မရှိသော ပြင်ပအဖွဲ့အစည်း အက်ပ်များကို ရနိုင်တော့မည် မဟုတ်ပါ။ ယင်းသို့သော ဖြစ်စဉ်များတွင် ကိုက်ညီမှု ရှိသော အက်ပ်ဗားရှင်းကို ဖြန့်ချိရန်အတွက် အချိန်အနည်းငယ် ကြာနိုင်သည်။

  • အပ်ဒိတ်လုပ်နေစဉ် သင့်စက်ကို ပါဝါပိတ်ခြင်း သို့မဟုတ် ပြန်လည်စတင်ခြင်း၊ မမ်မိုရီကတ်ကို ဖယ်ရှားခြင်း သို့မဟုတ် မမ်မိုရီကတ်ကို ထည့်သွင်းခြင်းတို့ မလုပ်ပါနှင့်။

  1. ဆက်တင် > စနစ်နှင့် အပ်ဒိတ်များ သို့သွား၍ ဆော့ဖ်ဝဲ အပ်ဒိတ် ကိုနှိပ်ပါ။

  2. အပ်ဒိတ် ရရှိချိန်တွင် သင်သည် အပ်ဒိတ် ပက်ကေ့ချ်ကို ကိုယ်တိုင် ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းနိုင်သည် သို့မဟုတ် သင့်စက်အတွက် ညတွင်းချင်း အလိုအလျောက် အပ်ဒိတ်လုပ်ရန် ရွေးချယ်နိုင်သည်။

    • အပ်ဒိတ်ပက်ကေ့ချ်ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းခြင်း- အပ်ဒိတ် ရၡိနိုင်ပါသည် > ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းရန် သို့ သွားပါ။ ဒေတာ မသုံးစွဲရစေရန် အပ်ဒိတ် ပက်ကေ့ချ်ကို ဒေါင်းလုဒ်လုပ်စဉ် သင့်စက်ကို Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ပါ။

      အပ်ဒိတ်လုပ်ပြီးသည်နှင့် သင့်စက်သည် အလိုအလျောက် ပြန်လည်စတင်ပါမည်။

    • ညတွင်းချင်း အပ်ဒိတ်လုပ်ဆောင်မှု- ကို နှိပ်၍ Wi-Fi မှတစ်ဆင့် အော်တို ဒေါင်းလုဒ်လုပ်ရန် နှင့် ညတွင်းချင်း အပ်ဒိတ်လုပ်ဆောင်မှု ကို ဖွင့်ပါ။

အလိုအလျောက် အပ်ဒိတ်များကို ပိတ်ရန် ဆော့ဖ်ဝဲ အပ်ဒိတ် မျက်နှာပြင်တွင် ကို နှိပ်ပြီးနောက် Wi-Fi မှတစ်ဆင့် အော်တို ဒေါင်းလုဒ်လုပ်ရန် ကို ပိတ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်