စခရင်ရှော့(တ်) တစ်ပုံကို ရိုက်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad(10.4-inch 2022 lte 4+128、10.4-inch 2022 wi-fi 4+64、10.4 wifi 4gb+128gb、10.4-inch 2022 wi-fi 6+64、10.4-inch 2022 lte 4+64、c5 inches wi-fi 4gb+64gb、10.4-inch 2022 lte 6+64、10.4-inch 2022 wi-fi 4+128),HUAWEI MatePad C5
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
စခရင်ရှော့(တ်) တစ်ပုံကို ရိုက်ခြင်း

စခရင်ရှော့(တ်) ရိုက်ရန် သင့်လက်ဆစ်ကို အသုံးပြုခြင်း

  1. ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရှော့(တ်)ကတ်များနှင့် ဟန်ပန်များ > စခရင်ရှော့(တ်) ရိုက်ကူးရန် သို့ သွားပြီး လက်ဆစ် စခရင်ရှော့(တ်)များ ကို ဖွင့်ထားကြောင်း သေချာပါစေ။

  2. စခရင်ရှော့(တ်) ရိုက်ရန် မျက်နှာပြင်ကို လက်ဆစ်တစ်ခုဖြင့် အမြန်ဆက်တိုက် နှစ်ချက် ခေါက်ပါ။

စခရင်ရှော့(တ်) တစ်ပုံ ရိုက်ရန် ခလုတ် ပေါင်းစပ်မှုကို အသုံးပြုခြင်း

စခရင်ရှော့(တ်) ရိုက်ရန် ပါဝါခလုတ်နှင့် အသံတိုးခလုတ်ကို တစ်ပြိုင်နက်တည်း ဖိ၍ နှိပ်ထားပါ။

စခရင်ရှော့(တ်) ရိုက်ရန် ရှော့(တ်)ကတ်ကို အသုံးပြုခြင်း

ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် မျက်နှာပြင်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်များ မျက်နှာပြင် ကို ဖြန့်ကားရန်(သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို နှိပ်ပြီးနောက် စခရင်ရှော့(တ်) ရိုက်ရန် စခရင်ရှော့(တ်) ကို နှိပ်ပါ။

စခရင်ရှော့(တ်)ကို မျှဝေခြင်းနှင့် တည်းဖြတ်ခြင်း သို့မဟုတ် Scrollshot သို့ ပြောင်းခြင်း

စခရင်ရှော့(တ်) ရိုက်ပြီးနောက် မျက်နှာပြင်၏ အောက်ပိုင်း ဘယ်ဘက်ထောင့်တွင် ပုံကြမ်းတစ်ပုံကို ပြသပါမည်။ ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-
  • Scrolling စခရင်ရှော့(တ်)ပုံကို ရိုက်ရန် ပုံကြမ်းပေါ်တွင် အောက်သို့ ပွတ်ဆွဲနိုင်ပါသည်။

  • စခရင်ရှော့(တ်)ကို သင့်သူငယ်ချင်းများနှင့် မျှဝေမည့် နည်းလမ်းတစ်ခုကို ရွေးချယ်ရန် ပုံကြမ်းပေါ်တွင် အပေါ်သို့ ပွတ်ဆွဲပါ။

  • ဖျက်ရန် သို့မဟုတ် တည်းဖြတ်ရန် ပုံကြမ်းကို နှိပ်နိုင်ပါသည်။ Scrolling စခရင်ရှော့(တ်)ပုံကို ရိုက်ရန် Scrollshot ကိုလည်း နှိပ်နိုင်ပါသည်။

စခရင်ရှော့(တ်)များကို ပုံပြခန်း ထဲတွင် ပုံသေ သိမ်းထားပေးပါသည်။

စခရင်ရှော့(တ်) ရိုက်ကူးရန် လက်သုံးချောင်းသုံး၍ အောက်သို့ ပွတ်ဆွဲခြင်း

  1. ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရှော့(တ်)ကတ်များနှင့် ဟန်ပန်များ > စခရင်ရှော့(တ်) ရိုက်ကူးရန် သို့မဟုတ် ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရွေ့လျားမှုထိန်းချုပ်ခြင်း > လက်သုံးချောင်း စခရင်ရှော့(တ်) (သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့ သွား၍ လက်သုံးချောင်း စခရင်ရှော့(တ်) ကို ဖွင့်ထားကြောင်း သေချာပါစေ။
  2. စခရင်ရှော့(တ်) ရိုက်ရန် မျက်နှာပြင်၏ အလယ်မှနေ၍ အောက်သို့ လက်သုံးချောင်းဖြင့် ပွတ်ဆွဲပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်