လက်ဗွေရာများ သတ်မှတ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate 20 X(dual sim card 6gb+128gb),HUAWEI Mate 20 X (5G)(dual sim card 8gb+256gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
လက်ဗွေရာများ သတ်မှတ်ခြင်း

သင်သည် လက်ဗွေရာတစ်ခုကို စာရင်းသွင်းပြီးနောက် ၎င်းကို အသုံးပြု၍ မျက်နှာပြင်ကို လော့ခ်ဖြေခြင်း၊ သင်၏ လုံခြုံရေး၊ အက်ပ်လော့ခ်သို့ ဝင်ရောက် သုံးစွဲခြင်းနှင့် အခြားအရာများကို လုပ်ဆောင်နိုင်ပါသည်။

လက်ဗွေကို စာရင်းသွင်းခြင်း

  1. လော့ခ်မျက်နှာပြင် စကားဝှက်ကို သတ်မှတ်ရန် သို့မဟုတ် ရိုက်ထည့်ရန် ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID သို့မဟုတ် ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID > လက်ဗွေရာ စီမံမှု (သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့ သွားပြီး ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

  2. သင့်လက်ဗွေကို စတင်စာရင်းသွင်းရန် လက်ဗွေ အသစ် ကို နှိပ်ပါ။

  3. သင့်လက်ချောင်းထိပ်ကို လက်ဗွေ အာရုံခံ စနစ်ပေါ်တွင် တင်လိုက်ပါ။ တုန်ခါမှုကို ခံစားရသည့်အခါ သင့်လက်ချောင်းကို မ ပြီး ထပ်နှိပ်ပါ။ သင့်လက်ချောင်း၏ အခြားအပိုင်းများကို စာရင်းသွင်းရန် လက်ချောင်းကို နေရာအနည်းငယ်ရွှေ့ပါ။

  4. စာရင်းသွင်းပြီးသောအခါ အိုကေ ကို နှိပ်ပါ။

ယခု သင့်လက်ချောင်းကို လက်ဗွေ အာရုံခံ စနစ်ပေါ်တွင် တင်ပြီး မျက်နှာပြင်ကို လော့ခ်ဖွင့်နိုင်ပြီ။

လက်ဗွေကို အမည်ပြန်ပေးခြင်း သို့မဟုတ် ဖျက်ပစ်ခြင်း

  1. ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID သို့မဟုတ် ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID > လက်ဗွေရာ စီမံမှု (သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့ သွားပြီး သင့်လော့ခ်မျက်နှာပြင် စကားဝှက်ကို ရိုက်ထည့်ပါ။

  2. လက်ဗွေစာရင်း အပိုင်းတွင် အမည်ပြန်ပေးမည့် သို့မဟုတ် ဖျက်ပစ်မည့် စာရင်းသွင်းထားသော လက်ဗွေကို နှိပ်ပါ။

လက်ဗွေ ခွဲခြားသတ်မှတ်ခြင်း

လက်ဗွေ ခွဲခြားသတ်မှတ်ခြင်းသည် စာရင်းသွင်းထားသည့် လက်ဗွေများနှင့် သင့်လက်ချောင်းများ တူ၊ မတူ တိုက်ကြည့်နိုင်စေသည်။

  1. ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID သို့မဟုတ် ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID > လက်ဗွေရာ စီမံမှု (သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့သွားပြီး လော့ခ်မျက်နှာပြင် စကားဝှက်ကို ရိုက်ထည့်ပါ။

  2. လက်ဗွေစာရင်း အပိုင်းတွင် လက်ဗွေအား ခွဲခြားဖော်ထုတ်ရန် ကို နှိပ်ပါ။

  3. လက်ဗွေ အာရုံခံ စနစ်ကို သင့်လက်ချောင်းဖြင့် ထိလိုက်ပါ။ မှတ်မိသိရှိသော လက်ဗွေကို အရောင်ခြယ် ပြသပါမည်။

သင့်လုံခြုံရေးသို့ ဝင်ရောက် သုံးစွဲရန် လက်ဗွေကို အသုံးပြုခြင်း

  1. ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID သို့မဟုတ် ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID > လက်ဗွေရာ စီမံမှု (သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့ သွားပြီး သင့်လော့ခ်မျက်နှာပြင် စကားဝှက်ကို ရိုက်ထည့်ပါ။

  2. သင့်လက်ဗွေကို လုံခြုံရေးနှင့် ချိတ်ရန် လုံခြုံရေးစနစ်အား ဝင်ရောက်သုံးစွဲရန် အတွက် ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပြီး မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

ယခု သင်သည် Files > ကျွန်ုပ် သို့ သွား၍ လုံခြုံရေး ကို နှိပ်ပြီးနောက် ၎င်းကို ဝင်ရောက် သုံးစွဲရန် သင့်လက်ဗွေကို အသုံးပြုနိုင်သည်။

သင့်စက်ကို နောက်ဆုံးထွက် စနစ်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားကြောင်း သေချာပါစေ။

လော့ခ်ချထားသည့် အက်ပ်တစ်ခုကို ဝင်ရောက် သုံးစွဲရန် သင့်လက်ဗွေရာကို အသုံးပြုခြင်း

  1. ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID သို့မဟုတ် ဆက်တင် > ဘိုင်အိုမက်ထရစ် စနစ်နှင့် စကားဝှက် > Fingerprint ID > လက်ဗွေရာ စီမံမှု(သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့သွားပြီး လော့ခ်မျက်နှာပြင် စကားဝှက်ကို ရိုက်ထည့်ပါ။

  2. သင့်လက်ဗွေရာကို အက်ပ်လော့ခ်နှင့် ချိတ်ရန် အက်ပ်လော့ခ် ဝင်ရောက်သုံးစွဲမှု ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပြီး မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

ထို့နောက် သင်သည် သင့်ပင်မ မျက်နှာပြင်ပေါ်ရှိ လော့ခ်ချထားသည့် အက်ပ်တစ်ခုကို နှိပ်ပြီး ၎င်းကို ဝင်ရောက် သုံးစွဲရန် သင့်လက်ဗွေရာကို အသုံးပြုနိုင်သည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်