စလိုးမိုးရှင်း ဗီဒီယိုများ ရိုက်ကူးခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate Xs 2(huawei mate xs2 dual card 8gb+512gb),HUAWEI nova 10 Pro(256gb single sim card、256gb dual sim card),HUAWEI P50(single sim card 8gb+256gb (amber-l09c)、dual sim card 8gb+256gb (amber-l29c)),HUAWEI nova 10(256gb dual sim card、128gb single sim card、128gb dual sim card)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
စလိုးမိုးရှင်း ဗီဒီယိုများ ရိုက်ကူးခြင်း

တဒင်္ဂအခိုက်အတန့်များကို အသေးစိတ် ရိုက်ကူးနိုင်ရန် စလိုးမိုးရှင်း စနစ်ကို အသုံးပြုပါ။ သင့်ဗီဒီယိုကို မည်မျှနှေးကွေးစွာ ပြသစေလိုသည့်အပေါ်အခြေခံ၍ စလိုးမိုးရှင်းနှုန်းကို ချိန်ညှိပါ။ နှုန်းပိုမြင့်လေ ပြန်ဖွင့်နှုန်း ပိုနှေးလေဖြစ်သည်။

ရရှိနိုင်သော စလိုးမိုးရှင်းနှုန်းများသည် စက်အလိုက် ကွဲပြားမှု ရှိသည်။

  • 256x- သေနတ်ပစ်ခြင်း၊ ပေါက်ကွဲခြင်း သို့မဟုတ် အလွန် အရှိန်မြန်သော လှုပ်ရှားမှု မြင်ကွင်းများကို ရိုက်ကူးခြင်းအတွက် သင့်လျော်သည်။

  • 128x သို့မဟုတ် 64x- ဘောလုံးများ ရိုက်ခြင်းနှင့် မြင်းပြိုင်ပွဲကို ရိုက်ကူးခြင်းအတွက် သင့်လျော်သည်။

  • 32x သို့မဟုတ် 16x- ပူဖောင်းများ တဖောက်ဖောက်မြည်ခြင်းနှင့် ရေပက်ဖျန်းခြင်းကို ရိုက်ကူးခြင်းအတွက် သင့်လျော်သည်။

  • 8x သို့မဟုတ် 4x- ရေထဲသို့ ဒိုင်ဗင်ထိုးခြင်းနှင့် ဘောလုံးကန်နေခြင်းကဲ့သို့ မြန်ဆန်သော လှုပ်ရှားမှုများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ၍ ရိုက်ကူးခြင်းအတွက် သင့်လျော်သည်။ ဗီဒီယိုတစ်ခုလုံး၏ အရှည်နှင့် စလိုးမိုးရှင်း အပိုင်း၏ အရှည်တို့ကို စိတ်ကြိုက်သတ်မှတ်နိုင်သည်။

အကောင်းဆုံး ရလဒ်များကို ရရှိရန်အတွက် စလိုးမိုးရှင်း ဗီဒီယိုများကို တောက်ပ၍ သဘာဝကျသော အလင်းရောင်တွင် ရိုက်ကူးပါ။

စလိုးမိုးရှင်း ဗီဒီယိုများ ရိုက်ကူးခြင်း

  1. ကင်မရာ > နောက်ထပ် သို့ သွားပြီး စလိုးမိုးရှင်း စနစ်ကို ရွေးချယ်ပါ။

  2. ကို နှိပ်ပြီး စလိုးမိုးရှင်း ရိုက်ကူးမှုနှုန်းကို ရွေးချယ်ပါ။

  3. သင်ရိုက်ကူးမည့် အရာကို viewfinder ထဲတွင် ဝင်အောင် ချိန်ပြီးနောက် စတင် ရိုက်ကူးရန် ကို နှိပ်ပါ။

စလိုးမိုးရှင်းကို အလိုအလျောက်ရိုက်ကူးခြင်း

မြန်နှုန်းမြင့် စလိုးမိုးရှင်း စနစ်အချို့သည် လှုပ်ရှားမှု ထောက်လှမ်းခြင်းကို ပံ့ပိုးပေးသည်။ ရှပ်တာခလုတ်ကို သင်နှိပ်လိုက်သောအခါ သင့်ကင်မရာသည် ဖရိန်ထဲရှိ ရွေ့လျားနေသော အရာဝတ္ထုများကို အလိုအလျောက်ခြေရာခံပြီး လျှပ်တပြက်ရိုက်ချက်များ ရိုက်ကူးပါမည်။

  1. စလိုးမိုးရှင်း ထဲတွင် ကိုနှိပ်ပြီး မြန်နှုန်းကို ရွေးချယ်ပါ။

  2. သင်ရွေးချယ်သော မြန်နှုန်းသည် လှုပ်ရှားမှု ထောက်လှမ်းခြင်းကို ပံ့ပိုးပေးပါက မျက်နှာပြင်တွင် ပေါ်လာပါမည်။ လှုပ်ရှားမှု ထောက်လှမ်းခြင်းကို ဖွင့်ထားကြောင်းသေချာစေရန် ကို နှိပ်ပါ။

    ထို့နောက် ထောက်လှမ်း ဖရိန်ကို viewfinder တွင် ပြသပါမည်။ ဖရိန်ကို လိုချင်သောတည်နေရာသို့ ရွှေ့ပြောင်းပါ။

  3. အရာဝတ္ထုကို viewfinder ထဲတွင် ဝင်အောင်ချိန်ပြီး ၎င်းသည် ထောက်လှမ်း ဖရိန်ထဲတွင်လည်း ဝင်နေကြောင်း သေချာပါစေ။ စတင်ရိုက်ကူးရန် ကို နှိပ်ပါ။

    ကင်မရာသည် ဘောင်အတွင်းရှိ အရာဝတ္ထုကို ခြေရာခံပြီး ၎င်းရွေ့လျားချိန်တွင် အလိုအလျောက် လျှပ်တပြက် ရိုက်ပါမည်။

ဗီဒီယိုကို ကိုယ်တိုင် ရိုက်ကူးရန် ကို နှိပ်၍ လှုပ်ရှားမှု ထောက်လှမ်းခြင်းကို ပိတ်ပြီးနောက် ကို နှိပ်ပြီး စတင်ရိုက်ကူးပါ။

ရှေ့ကင်မရာဖြင့် စလိုးမိုးရှင်း ဗီဒီယိုများ ရိုက်ကူးခြင်း

သင့်ဆံပင် လေထဲလွင့်နေခြင်းကဲ့သို့ စလိုးမိုးရှင်း ဆဲလ်ဖီ ဗီဒီယိုများရိုက်ကူးရန် ရှေ့ကင်မရာကို အသုံးပြုနိုင်သည်။

  1. ကင်မရာ > နောက်ထပ် သို့ သွားပြီး စလိုးမိုးရှင်း စနစ်ကို ရွေးချယ်ပါ၊ ထို့နောက် ကို နှိပ်ပြီး ရှေ့ကင်မရာသို့ ပြောင်းပါ။

  2. သင့်စက်တွင် လုပ်နိုင်သည်ဆိုပါက ကို နှိပ်ပြီး စလိုးမိုးရှင်းနှုန်းကို ရွေးချယ်ပါ။

  3. စတင်ရိုက်ကူးရန် ကို နှိပ်ပါ။

  4. ရိုက်ကူးခြင်းကို ရပ်တန့်ရန် ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်