App Multiplier ကို ဖွင့်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad T(10.1 wifi 4gb+64gb、10.1 wifi 4gb+128gb、10s 2021 wi-fi 4gb+64gb、10s 2021 lte 4gb+64gb、10.1 lte 4gb+128gb、10.1 lte 4gb+64gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
App Multiplier ကို ဖွင့်ခြင်း
သင့်လပ်တော့က အလျားလိုက်အနေအထား၌ ရှိနေချိန်တွင် ပိုမိုလွယ်ကူစွာ လေ့လာကြည့်ရှု၍ အလုပ်များစွာကို လုပ်ဆောင်နိုင်စေရန် App Multiplier သည် အက်ပ်၏ ပင်မ မျက်နှာပြင်နှင့် အကြောင်းအရာ မျက်နှာပြင်များကို သီးခြားဝင်းဒိုးများတွင် ပြသပေးသည်။

App Multiplier ကို အချို့အက်ပ်များတွင်သာ ပံ့ပိုးပေးသည်။

  1. ဆက်တင် > ပြသမှုနှင့် လင်းထင်းမှု > App Multiplier သို့မဟုတ် ဆက်တင် > အက်ပ်များနှင့် ဝန်ဆောင်မှုများ > App Multiplier (သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့ သွားပါ။ ထို့နောက် ဤလုပ်ဆောင်ချက်ကို သင်ဖွင့်လိုသော အက်ပ်၏ ဘေးရှိ ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ။

  2. App Multiplier ဖွင့်ထားသော အက်ပ်ကို ဖွင့်ပါ။ အက်ပ်၏ ပင်မ မျက်နှာပြင်ကို မျက်နှာပြင်၏ အလယ်တွင် ပြသပါမည်။

  3. အက်ပ်၏ ပင်မ မျက်နှာပြင်ရှိ နှစ်သက်ရာ မည်သည့်အကြောင်းအရာကိုမဆို နှိပ်ပါ။ ပင်မ မျက်နှာပြင်သည် မျက်နှာပြင်၏ဘယ်ဘက်ခြမ်းသို့ နေရာပြောင်းပါမည်၊ အကြောင်းအရာ မျက်နှာပြင်ကို ညာဘက်ရှိ ဝင်းဒိုးအသစ်တွင် ပြသပါမည်။

ပင်မ မျက်နှာပြင် ထည့်သွင်းသည့်နေရာတွင် မည်သည့်ထပ်ဆောင်း အကြောင်းအရာကိုမျှမပြသပါက အက်ပ်ကို ဝင်းဒိုးတစ်ခုတည်းတွင် ဆက်ပြပါမည်။

ဝင်းဒိုးအရွယ်အစားများကို ချိန်ညှိရန် ဝင်းဒိုးများအကြားရှိ ကို ဖိ၍ နှိပ်ထားပြီး ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။

ဝင်းဒိုးနှစ်ခုကို ချိတ်ဆက်မှုဖြုတ်ရန် မျက်နှာပြင် ထိပ်ဆုံးရှိ ကို နှိပ်ပါ။

ဝင်းဒိုးအရွယ်အစားချိန်ညှိမှုနှင့် ဝင်းဒိုး ချိတ်ဆက်မှုဖြုတ်ခြင်းတို့ကို အချို့ထုတ်ကုန်များတွင်သာ ပံ့ပိုးပေးသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်