စခရင်ရှော့(တ်) ရိုက်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad T(10.1 wifi 4gb+64gb、10.1 wifi 4gb+128gb、10s 2021 wi-fi 4gb+64gb、10s 2021 lte 4gb+64gb、10.1 lte 4gb+128gb、10.1 lte 4gb+64gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
စခရင်ရှော့(တ်) ရိုက်ခြင်း

ကီးရှော့(တ်)ကတ်ဖြင့် စခရင်ရှော့(တ်) ရိုက်ခြင်း

စခရင်ရှော့(တ်) ရိုက်ရန် ပါဝါခလုတ်နှင့် အသံတိုးခလုတ်ကို တစ်ပြိုင်တည်း ဖိ၍ နှိပ်ထားပါ။

ရှော့(တ်)ကတ် ဖွင့်/ပိတ်ခလုတ်ဖြင့် စခရင်ရှော့(တ်) ရိုက်ခြင်း

ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် မျက်နှာပြင်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်များ မျက်နှာပြင် (သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို ဖြန့်ကားရန် ကို နှိပ်ပြီး စခရင်ရှော့(တ်) ရိုက်ရန် စခရင်ရှော့(တ်) ကို နှိပ်ပါ။

စခရင်ရှော့(တ်)ကို မျှဝေခြင်း သို့မဟုတ် တည်းဖြတ်ခြင်း

စခရင်ရှော့(တ်) ရိုက်ပြီးနောက် မျက်နှာပြင်၏ အောက်ပိုင်း ဘယ်ဘက်ထောင့်တွင် ပုံကြမ်းတစ်ခု ပေါ်လာပါမည်။ အောက်ပါတို့ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်-
  • စခရင်ရှော့(တ်)ကို အခြားသူများနှင့် မျှဝေမည့် နည်းလမ်းကို ရွေးချယ်ရန် ပုံကြမ်းပေါ်တွင် အပေါ်သို့ ပွတ်ဆွဲနိုင်သည်။

  • Scrolling စခရင်ရှော့(တ်)ရိုက်ရန် ပုံကြမ်းပေါ်တွင် အောက်သို့ ပွတ်ဆွဲနိုင်သည်။

  • ပုံကြမ်းပေါ်နှိပ်ပြီး စခရင်ရှော့(တ်)ကို တည်းဖြတ်ခြင်း၊ ဖျက်ခြင်းစသည်တို့ကို လုပ်နိုင်သည်။

စခရင်ရှော့(တ်)များကို ပုံပြခန်း ထဲတွင် ပုံသေ သိမ်းထားပေးပါသည်။

စခရင်ရှော့(တ်)ရိုက်ရန် လက်ချောင်းသုံးချောင်းဖြင့် အောက်သို့ပွတ်ဆွဲခြင်း

  1. ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရှော့(တ်)ကတ်များနှင့် ဟန်ပန်များ > စခရင်ရှော့(တ်) ရိုက်ကူးရန် သို့မဟုတ် ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရွေ့လျားမှုထိန်းချုပ်ခြင်း > လက်သုံးချောင်း စခရင်ရှော့(တ်) (သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့ သွား၍ လက်သုံးချောင်း စခရင်ရှော့(တ်) ကို ဖွင့်ထားကြောင်း သေချာပါစေ။
  2. စခရင်ရှော့(တ်)ရိုက်ရန် မျက်နှာပြင်အလယ်မှ လက်ချောင်းသုံးချောင်းဖြင့် အောက်သို့ပွတ်ဆွဲပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်