Floating ဝင်းဒိုးကို အသုံးပြုခြင်း
| Floating ဝင်းဒိုးကို အသုံးပြုခြင်း |
ဂိမ်းကစားနေစဉ် Floating ဝင်းဒိုးကို Multi-Window Dock မှ ဖွင့်လိုက်လျှင် လုပ်ဆောင်ချက် တစ်စက္ကန့်စာမျှ မလွဲချော်ဘဲ မိတ်ဆွေတစ်ဦးနှင့် ချက်(တ်) နေနိုင်ပါသည်။
အောက်ပါ မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ Floating ဝင်းဒိုးတစ်ခုကို ဖွင့်နိုင်သည်-
-
Multi-Window Dock ပေါ်လာစေရန် သင့်စက်၏ ဘယ် သို့မဟုတ် ညာဘက်အစွန်းမှနေ၍ အတွင်းသို့ ပွတ်ဆွဲပြီး ဖိထားပါ။ ထို့နောက် Floating ဝင်းဒိုးအဖြစ် ဖွင့်ရန်အတွက် Dock ရှိ မည်သည့်အက်ပ်ကိုမဆို နှိပ်ပါ။
-
မကြာမီက လုပ်ဆောင်ချက်များ မျက်နှာပြင်သို့ ဝင်ရောက်ရန် မျက်နှာပြင်၏ အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲပါ၊ ထို့နောက် အက်ပ်ကို Floating ဝင်းဒိုးအဖြစ် ဖွင့်ရန် အက်ပ် အစမ်းကြည့်ရှုမှု၏ အပေါ် ညာဘက်ထောင့်ရှိ
အိုင်ကွန်ကို နှိပ်ပါ။
Floating ဝင်းဒိုးကို နေရာပြောင်းရန်-
ဝင်းဒိုးကို နှစ်သက်သောနေရာသို့ ရွှေ့ပြောင်းရန် Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားကို ဆွဲရွှေ့ပါ။
Floating ဝင်းဒိုးကို ဆိုဒ်ပြင်ရန်-
Floating ဝင်းဒိုး၏ အောက်ခြေ၊ အစွန်းနှစ်ဖက်ထဲမှ တစ်ဖက် သို့မဟုတ် အောက်ခြေထောင့်ကို ဆွဲရွှေ့ပြီး ဆိုဒ်ပြင်ပါ။
Floating ဝင်းဒိုးကို အသေးနိုင်ဆုံးဆိုဒ်သို့ လျှော့ချပြီးနောက် ဝင်းဒိုးကို လွှတ်လိုက်ပါက ၎င်းသည် မျက်နှာပြင်၏ အပေါ် ညာဘက်ထောင့်တွင် ဆက်လက်တည်ရှိနေသည့် Floating ဝင်းဒိုးအသေးအဖြစ်သို့ အော်တိုကျုံ့သွားပါမည်။
အောက်ပါ မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ Floating ဝင်းဒိုးတစ်ခုကို လျှော့ချနိုင်သည်-
-
ဘယ် သို့မဟုတ် ညာဘက်သို့ Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားကို အမြန်ဆွဲရွှေ့ပါ။
-
Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားကို နှိပ်ပြီးနောက် ဝင်းဒိုးကို ဘယ် သို့မဟုတ် ညာဘက် အစွန်းသို့ ဆွဲရွှေ့ပါ။
-
Floating ဝင်းဒိုးပေါ်တွင်
ကို နှိပ်ပါ။
Floating ဝင်းဒိုးအသေးကို လျှော့ချရန် ဝင်းဒိုးကို ဘယ် သို့မဟုတ် ညာဘက်သို့ အမြန်ပွတ်ဆွဲပါ။
အောက်ပါ မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ မျက်နှာပြင်ပြည့် စနစ်သို့ ပြန်သွားနိုင်သည်-
-
အပေါ်ဘက်သို့ Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားကို အမြန်ဆွဲရွှေ့ပါ။
-
Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားကို နှိပ်ပြီးနောက် ဝင်းဒိုးကို အခြေအနေပြဘားပေါ်သို့ ဆွဲရွှေ့ပါ။
-
Floating ဝင်းဒိုးပေါ်တွင်
ကို နှိပ်ပါ။
မျက်နှာပြင်ပြည့် စနစ်သို့ပြောင်းရန် Floating ဝင်းဒိုးအသေးကို အပေါ်ဘက်သို့ အမြန်ဆွဲရွှေ့ပါ။
အောက်ပါ မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ Floating ဝင်းဒိုးတစ်ခုကို ပိတ်နိုင်သည်-
-
အောက်ဘက်သို့ Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားကို အမြန်ဆွဲရွှေ့ပါ။
-
မျက်နှာပြင်၏ အောက်ခြေရှိ
သို့ Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားကို ဆွဲရွှေ့ပါ။
-
Floating ဝင်းဒိုးပေါ်တွင်
ကို နှိပ်ပါ။
Floating ဝင်းဒိုးအသေးကို ပိတ်ရန် ဝင်းဒိုးကို အောက်ဘက်သို့ အမြန်ပွတ်ဆွဲပါ။
အက်ပ်များအတွက် Floating ဝင်းဒိုးများကြား ရှာဖွေခြင်းနှင့် ကူးပြောင်းခြင်း
Floating ဝင်းဒိုး စီမံခန့်ခွဲမှု လုပ်ဆောင်ချက် အသုံးပြု၍ အက်ပ်များအတွက် Floating ဝင်းဒိုးတစ်ခုနှင့် တစ်ခုကြား အမြန် ရှာဖွေပြီး ကူးပြောင်းနိုင်သည်။
-
အက်ပ်များစွာအတွက် Floating ဝင်းဒိုးများကို ဖွင့်ထားပြီး Floating ဘောလုံးထဲ ထည့်၍ ၎င်းတို့ကို အရွယ်အစား လျှော့ချထားပါ။
-
Floating ဝင်းဒိုး နမူနာမြင်ကွင်းအားလုံးကို ပြသရန် Floating ဘောလုံးကို နှိပ်ခြင်း-
-
Floating ဝင်းဒိုး နမူနာမြင်ကွင်းများကို လေ့လာကြည့်ရှုခြင်း- သင်ရှာဖွေနေသည့် အက်ပ်၏ Floating ဝင်းဒိုး နမူနာမြင်ကွင်းကို ရှာဖွေရန် အထက် သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ။
-
အက်ပ်တစ်ခုအတွက် Floating ဝင်းဒိုး ပြသခြင်း- အက်ပ်ကို Floating ဝင်းဒိုးတစ်ခုထဲတွင် ပြသရန် ၎င်း၏ Floating ဝင်းဒိုး နမူနာမြင်ကွင်းကို နှိပ်ပါ။
-
အက်ပ်တစ်ခုအတွက် Floating ဝင်းဒိုးကို ပိတ်ခြင်း- ပိတ်ရန် Floating ဝင်းဒိုး နမူနာမြင်ကွင်းရှိ
ကို နှိပ်ပါ။
-
ပူးတွဲပါဖိုင်တစ်ဖိုင်ကို Floating ဝင်းဒိုးတစ်ခုတွင် ဖွင့်ခြင်း
သင်သည် (အီးမေးလ်နှင့် မှတ်စုစာအုပ်ကဲ့သို့) အချို့သော အက်ပ်များထဲရှိ လင့်ခ်တစ်ခု သို့မဟုတ် ပူးတွဲပါဖိုင်တစ်ဖိုင်ကို Floating ဝင်းဒိုးထဲတွင် ဖွင့်နိုင်သည်။
-
အီးမေးလ် အက်ပ်ကို ဖွင့်ပါ။
-
လင့်ခ်တစ်ခုကို သို့မဟုတ် ပူးတွဲပါဖိုင်တစ်ဖိုင်ကို Floating ဝင်းဒိုးတွင် ဖွင့်ရန် အီးမေးလ် အက်ပ်ရှိ အဆိုပါ လင့်ခ် သို့မဟုတ် ပူးတွဲပါဖိုင်ကို နှိပ်ပါ။
-
လင့်ခ်တစ်ခုကို ဖွင့်ခြင်း- လင့်ခ်တစ်ခုကို Floating ဝင်းဒိုးတစ်ခုတွင် ပြသစေရန် အီးမေးလ် အက်ပ်ရှိ အဆိုပါလင့်ခ်ကို နှိပ်ပါ။
-
ပူးတွဲပါဖိုင်တစ်ဖိုင်ကို ဖွင့်ခြင်း- ပူးတွဲပါဖိုင်တစ်ဖိုင်ကို Floating ဝင်းဒိုး တစ်ခုတွင် ပြသစေရန် အီးမေးလ် အက်ပ်ရှိ အဆိုပါဖိုင် (စာရွက်စာတမ်း၊ ရုပ်ပုံ သို့မဟုတ် ဗီဒီယိုကဲ့သို့) ကို နှိပ်ပါ။
-