ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဓာတ်ပုံရိုက်ရန် Pro စနစ်ကို အသုံးပြုခြင်း
| ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဓာတ်ပုံရိုက်ရန် Pro စနစ်ကို အသုံးပြုခြင်း |
Pro စနစ်ဖြင့် ဓာတ်ပုံများရိုက်ခြင်း သို့မဟုတ် ဗီဒီယိုများ ရိုက်ကူးခြင်း ပြုလုပ်သောအခါ ISO အာရုံခံနိုင်စွမ်း၊ ဆုံချက်စနစ် စသည်တို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး ဓာတ်ပုံများနှင့် ဗီဒီယိုများကို အသေးစိတ် ချိန်ညှိနိုင်သည်။
Pro စနစ်ဖြင့် ရင်သပ်ရှုမောဖွယ်ပုံများ ရိုက်ကူးခြင်း
ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။
ကင်မရာ ကို ဖွင့်ပါ သို့မဟုတ် (သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့ သွားပြီး Pro စနစ်ကို ရွေးချယ်ပါ။
ထိုနေရာမှနေ၍ သင်လုပ်ဆောင်နိုင်သည်မှာ-
တိုင်းတာစနစ်ကို ချိန်ညှိခြင်း- M ကို နှိပ်ပြီး တိုင်းတာစနစ်ကို ရွေးချယ်ပါ။
တိုင်းတာစနစ်
အကျဉ်းချုပ်
မက်ထရစ်
ဖရိန်တစ်ခုလုံးရှိ အလင်းကို တိုင်းတာပေးသည်၊ သဘာဝရှုခင်းများ ရိုက်ကူးခြင်းအတွက် အကောင်းဆုံးဖြစ်သည်။
အလယ်ဗဟို
မျက်နှာပြင် အလယ်ဗဟိုနားရှိ အလင်းရောင်ကို ဆုံချက်ချိန်ပေးသည်၊ အလှပုံများ ရိုက်ကူးခြင်းအတွက် အကောင်းဆုံးဖြစ်သည်။
နေရာကွက်ကွက်
ဓာတ်ပုံအရိုက်ခံမည့်သူ၏ မျက်လုံးများကဲ့သို့ သတ်မှတ်နေရာတစ်ခုမှလာသော အလင်းရောင်ကို ဆုံချက်ချိန်ပေးသည်။
ISO တုံ့ပြန်နိုင်စွမ်းကို ချိန်ညှိခြင်း- ISO ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။
အလင်းရောင်အားနည်းသော နေရာများတွင် ISO တုံ့ပြန်နိုင်စွမ်းကို အများအားဖြင့် တိုးမြှင့်သင့်သည်။ အလင်းရောင်ကောင်းစွာရသော နေရာများတွင် မှုန်ဝါးဝါး ဗြုတ်ထနေသောပုံ မဖြစ်စေရန် ၎င်းကို လျှော့ချသင့်သည်။
ရှပ်တာမြန်နှုန်းကို ချိန်ညှိခြင်း- S ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။
ရှပ်တာမြန်နှုန်းသည် ကင်မရာ မှန်ဘီလူးထဲ ဝင်ရောက်နိုင်သော အလင်းပမာဏကို ဆုံးဖြတ်ပေးသည်။ ငြိမ်သက်နေသော ရှုခင်းများ သို့မဟုတ် အလှပုံများကို ရိုက်ကူးသည့်အခါ ရှပ်တာမြန်နှုန်း အနှေးကို သုံးရန် အကြံပြုပါသည်။ အလားတူပင် လျင်မြန်စွာ ရွေ့လျားနေသော ရှုခင်းများ သို့မဟုတ် အရာဝတ္ထုများကို ရိုက်ကူးသည့်အခါ ရှပ်တာမြန်နှုန်းကို တိုးမြှင့်သင့်ပါသည်။
EV အလင်းချိန်ညှိမှု ပြုလုပ်ခြင်း- EV· ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။
အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် EV တန်ဖိုးကို တိုးမြှင့်ပြီး အလင်းရောင်ကောင်းစွာရသော ပတ်ဝန်းကျင်များတွင် လျှော့ချရန် အကြံပြုပါသည်။
ဆုံချက် ချိန်ညှိခြင်း- AF· ကို နှိပ်ပြီး ဆုံချက် စနစ်ကို ရွေးချယ်ပါ။
ဆုံချက် စနစ်
သုံးစွဲမှု အခြေအနေများ
AF-S (တစ်ခု)
ငြိမ်သက်နေသည့် အရာများ
AF-C (ဆက်တိုက်)
ရွေ့လျားနေသည့် အရာများ
MF (မန်နျူရယ်)
ဓာတ်ပုံအရိုက်ခံမည့်သူ၏ မျက်နှာကဲ့သို့ ရိုက်ကူးလိုသည့်အရာကို နှိပ်၍ ၎င်းကို ဆုံချက်ချိန်ပါ။
အရောင်သန်းခြင်းကို ချိန်ညှိခြင်း- WB· ကို နှိပ်ပြီး စနစ်ကို ရွေးချယ်ပါ။
တောက်ပသော နေရောင်တွင် ရိုက်ကူးသည့်အခါ
ကို ရွေးချယ်ပါ။ တိမ်ထူသော အခြေအနေများ သို့မဟုတ် အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် ရိုက်ကူးသည့်အခါ
ကို ရွေးချယ်ပါ။
အရောင်ပမာဏကို ချိန်ညှိရန်
ကို နှိပ်ပါ။
သိုလှောင်မှု အမျိုးအစားကို ရွေးချယ်ခြင်း- Pro စနစ်သည် ဓာတ်ပုံကို မတူညီသော အမျိုးအစားများဖြင့် သိမ်းဆည်းခွင့်ပြုသည်။ သင်နှစ်သက်သော အမျိုးအစားကို ရွေးချယ်ရန် viewfinder ထဲရှိ
ကို နှိပ်ပါ။
ဓာတ်ပုံရိုက်ရန် ရှပ်တာ ခလုတ်ကို နှိပ်ပါ။
ဤလုပ်ဆောင်ချက်များကို စက်မော်ဒယ်အချို့တွင်သာ ပံ့ပိုးပေးသည်။
သီးသန့် ဆက်တင်တစ်ခုကို ပြောင်းခြင်းသည် တစ်ခါတစ်ရံ အခြား ဆက်တင်များကိုလည်း ပြောင်းသွားစေနိုင်သည်။ သင်၏ အမှန်တကယ်လိုအပ်ချက်များအရ ၎င်းတို့ကို ချိန်ညှိပါ။
ဗီဒီယိုများ ရိုက်ကူးရန် Pro စနစ်ကို အသုံးပြုခြင်း
Pro စနစ်တွင် ဗီဒီယို စနစ်သို့ ပြောင်းရန်
ကို နှိပ်ပါ။ ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်-
တိုင်းတာစနစ်ကို ချိန်ညှိခြင်း- M ကို နှိပ်ပြီး အလင်းတိုင်းတာစနစ်ကို ရွေးချယ်ပါ။
တိုင်းတာစနစ်
ဖော်ပြချက်
မက်ထရစ်
ဖရိန်တစ်ခုလုံးရှိ အလင်းကို တိုင်းတာပေးသည်။ သဘာဝ ရှုခင်းပုံများ ရိုက်ကူးရာတွင် သုံးနိုင်သည်။
အလယ်
မျက်နှာပြင်၏ အလယ်ရှိ အလင်းရောင်ကို အာရုံစိုက်သည်။ အလှပုံများ ရိုက်ကူးရာတွင် သုံးနိုင်သည်။
နေရာကွက်ကွက်
ဓာတ်ပုံအရိုက်ခံသူ၏ မျက်လုံးများကဲ့သို့ မျက်နှာပြင်၏ သေးငယ်သော ဧရိယာတွင်ရှိသော အလင်းရောင်ကို အာရုံစိုက်သည်။
ISO တုံ့ပြန်နိုင်စွမ်းကို ချိန်ညှိခြင်း- ISO ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။
အလင်းရောင် အားနည်းသည့် အခြေအနေများတွင် ISO တုံ့ပြန်နိုင်စွမ်းကို တိုးမြှင့်ပါ။ အလင်းရောင် ကောင်းစွာ ရရှိသည့် ပတ်ဝန်းကျင်များတွင် ပုံအစက်အပြောက်များ မဖြစ်စေရန် ISO တုံ့ပြန်နိုင်စွမ်းကို လျှော့ချပါ။
ရှပ်တာမြန်နှုန်းကို ချိန်ညှိခြင်း- S ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။
ရှပ်တာမြန်နှုန်းသည် ကင်မရာ မှန်ဘီလူးထဲ ဝင်ခွင့်ပြုသည့် အလင်းရောင် ပမာဏအပေါ် သက်ရောက်မှုရှိသည်။ ငြိမ်သက်နေသော ရှုခင်းများ သို့မဟုတ် အလှပုံများကို ရိုက်ကူးသောအခါ ရှပ်တာမြန်နှုန်းကို လျှော့ချပါ။ ရွေ့လျားနေသော ရှုခင်းများ သို့မဟုတ် အရာဝတ္ထုများကို ရိုက်ကူးသောအခါ ရှပ်တာမြန်နှုန်းကို တိုးမြှင့်ပါ။
EV အလင်းချိန်ညှိမှု ပြုလုပ်ခြင်း- EV· ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။
အလင်းရောင် အားနည်းသည့် အခြေအနေများတွင် EV တန်ဖိုးကို တိုးမြှင့်ပြီး အလင်းရောင် ကောင်းစွာ ရရှိသည့် ပတ်ဝန်းကျင်များတွင် EV တန်ဖိုးကို လျှော့ချပါ။
ဆုံချက် ချိန်ညှိခြင်း- AF· ကို နှိပ်ပြီး ဆုံချက်စနစ်ကို ရွေးချယ်ပါ။
ဆုံချက် စနစ်
ဖော်ပြချက်
AF-S (တစ်ခု)
ငြိမ်သက်နေသော အရာဝတ္ထုများတွင် သုံးနိုင်သည်
AF-C (ဆက်တိုက်)
ရွေ့လျားနေသော အရာဝတ္ထုများတွင် သုံးနိုင်သည်
MF (မန်နျူရယ်)
ဓာတ်ပုံအရိုက်ခံမည့်သူ၏ မျက်နှာကဲ့သို့ သင်ဆုံချက်ချိန်လိုသော အရာကို နှိပ်ပါ။
အရောင်သန်းခြင်းကို ချိန်ညှိခြင်း- WB· ကို နှိပ်ပြီး စနစ်တစ်ခုကို ရွေးချယ်ပါ။
တောက်ပသော နေရောင်အောက်တွင် ရိုက်ကူးသောအခါ
ကို ရွေးချယ်ပါ။ အလင်းရောင်မှိန်သော ပတ်ဝန်းကျင်များတွင်
ကို ရွေးချယ်ပါ။
အရောင်ပမာဏကို ချိန်ညှိရန်
ကို နှိပ်ပါ။
စတင်ရိုက်ကူးရန်
ကို နှိပ်ပါ။
စက်အားလုံးတွင် ဤလုပ်ဆောင်ချက်များကို ပံ့ပိုးမပေးပါ။
သီးသန့် ဆက်တင်တစ်ခုကို ပြောင်းခြင်းသည် တစ်ခါတစ်ရံ အခြား ဆက်တင်များကိုလည်း ပြောင်းသွားစေနိုင်သည်။ သင်၏ အမှန်တကယ်လိုအပ်ချက်များအရ ၎င်းတို့ကို ချိန်ညှိပါ။