စခရင်ရှော့(တ်) ရိုက်ခြင်း
စခရင်ရှော့(တ်) ရိုက်ခြင်း |
လက်ဆစ်ဖြင့်ခေါက်၍ စခရင်ရှော့(တ်)အပြည့် ရိုက်ခြင်း
လက်ဆစ်သုံး ဟန်ပန်များကို မသုံးမီ ဤလုပ်ဆောင်ချက်ကို ဖွင့်ရန် အောက်ပါနည်းလမ်း တစ်ခုမဟုတ်တစ်ခုကို သုံးပါ (သင့်စက် အမျိုးအစားပေါ် မူတည်၍)-
လက်ဆစ် စခရင်ရှော့(တ်)များ ကို ဖွင့်ပါ။
သို့ သွားပြီးစမတ် စခရင်ရှော့(တ်) ကို ဖွင့်ပါ။
သို့ သွားပြီး
မျက်နှာပြင် တစ်ခုလုံးကို စခရင်ရှော့(တ်) ရိုက်ရန် လက်ဆစ်တစ်ခုဖြင့် အမြန်ဆက်တိုက် နှစ်ချက်ခေါက်ပါ။
ကီးရှော့(တ်)ကတ်ဖြင့် စခရင်ရှော့(တ်) ရိုက်ခြင်း
စခရင်ရှော့(တ်) ရိုက်ရန် ပါဝါခလုတ်နှင့် အသံတိုးခလုတ်ကို တစ်ပြိုင်တည်း ဖိ၍ နှိပ်ထားပါ။
ရှော့(တ်)ကတ် ဖွင့်/ပိတ်ခလုတ်ဖြင့် စခရင်ရှော့(တ်) ရိုက်ခြင်း
ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် မျက်နှာပြင်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်များ မျက်နှာပြင် (သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို ဖြန့်ကားရန် ကို နှိပ်ပြီး စခရင်ရှော့(တ်) ရိုက်ရန် စခရင်ရှော့(တ်) ကို နှိပ်ပါ။
စခရင်ရှော့(တ်)ကို မျှဝေခြင်း သို့မဟုတ် တည်းဖြတ်ခြင်း
စခရင်ရှော့(တ်)ကို အခြားသူများနှင့် မျှဝေမည့် နည်းလမ်းကို ရွေးချယ်ရန် ပုံကြမ်းပေါ်တွင် အပေါ်သို့ ပွတ်ဆွဲနိုင်သည်။
ပုံကြမ်းပေါ်နှိပ်ပြီး စခရင်ရှော့(တ်)ကို တည်းဖြတ်ခြင်း၊ ဖျက်ခြင်း သို့မဟုတ် အခြားအရာများကို လုပ်နိုင်သည်။
စခရင်ရှော့(တ်)များကို ပုံပြခန်း တွင် ပုံသေ သိမ်းပေးသည်။
စခရင်ရှော့(တ်)ရိုက်ရန် လက်ချောင်းသုံးချောင်းဖြင့် အောက်သို့ပွတ်ဆွဲခြင်း
- (သင့်စက် အမျိုးအစားပေါ် မူတည်၍) သို့ သွား၍ လက်သုံးချောင်း စခရင်ရှော့(တ်) ကို ဖွင့်ထားကြောင်း သေချာပါစေ။ သို့မဟုတ်
- စခရင်ရှော့(တ်)ရိုက်ရန် မျက်နှာပြင်အလယ်မှ လက်ချောင်းသုံးချောင်းဖြင့် အောက်သို့ပွတ်ဆွဲပါ။