ဝန်ဆောင်မှု ဝစ်ဂျတ်များကို သုံးခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate 50(dual sim card 256gb),HUAWEI Mate 50 Pro(single sim card 256gb、dual sim card 256gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဝန်ဆောင်မှု ဝစ်ဂျတ်များကို သုံးခြင်း

ဝန်ဆောင်မှု ဝစ်ဂျတ်များသည် သင့်ကို အောက်ပါလုပ်ဆောင်ချက်များ လုပ်ခွင့်ပြုသည်-

  • မိုးလေဝသ ခန့်မှန်းချက်ကို ကြည့်ရန် သို့မဟုတ် သီချင်းဖွင့်ရန်ကဲ့သို့ အက်ပ်များကို အကြိုကြည့်ခြင်း သို့မဟုတ် ဝင်ရောက် သုံးစွဲခြင်း။

  • သင့်ပင်မ မျက်နှာပြင်ကို စိတ်ကြိုက်ပြုလုပ်ရန် ဝန်ဆောင်မှု ဝစ်ဂျတ်ပုံစံနှင့် အပြင်အဆင်မျိုးစုံမှ ရွေးချယ်ခြင်း။

  • ပင်မ မျက်နှာပြင် နေရာချွေတာရန်၊ သင့်ပင်မ မျက်နှာပြင်ကို ရိုးရှင်းထိရောက်စေရန်နှင့် ပိုမိုလွယ်ကူစွာ တစ်နေရာမှ တစ်နေရာ ပြောင်းရန် ဝန်ဆောင်မှု ဝစ်ဂျတ်များစွာကို ဆင့်စီ၍ ပေါင်းခြင်း။



ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။

အောက်ခြေတွင် ဝစ်ဂျတ်ဘားရှိသော အက်ပ်များသည် ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပံ့ပိုးပေးသည်။

ဝစ်ဂျတ်ဘားကို ဖယ်ရှားရန် ဆက်တင် > ပင်မ မျက်နှာပြင်နှင့် နောက်ခံပုံ > ပင်မ မျက်နှာပြင် ဆက်တင် > ဝစ်ဂျတ်ဘားများ ပြရန် သို့ သွားပါ။

သင့်စက်က ရိုးရိုး အနေအထားတွင် ရှိနေချိန်တွင်ကဲ့သို့ ဖြစ်စဉ်အချို့တွင် ဤလုပ်ဆောင်ချက်ကို ပံ့ပိုးခြင်း မရှိပါ။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို သင့်ပင်မ မျက်နှာပြင်တွင် ထည့်ခြင်း

သင်သည် အောက်ပါနည်းလမ်းတစ်ခုခုကိုသုံးပြီး ဝန်ဆောင်မှု ဝစ်ဂျတ်ကို ပင်မ မျက်နှာပြင်တွင် ထည့်နိုင်ပါသည်-

  • အက်ပ်အိုင်ကွန်ပေါ်တွင် အပေါ်သို့ပွတ်ဆွဲ၍ ၎င်း၏ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖြန့်ကားပြီး ဝန်ဆောင်မှု ဝစ်ဂျတ်ကို ပင်မ မျက်နှာပြင်တွင် ထည့်ရန် ကို နှိပ်ပါ။

  • အက်ပ်အိုင်ကွန်ပေါ်တွင် အပေါ်သို့ပွတ်ဆွဲ၍ ၎င်း၏ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖြန့်ကားပြီး ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖိ၍နှိပ်ထားပါ၊ နောက်ထပ် ဝန်ဆောင်မှု ဝစ်ဂျတ်များကို နှိပ်ပြီး သင်နှစ်သက်ရာပုံစံကို ရွေးချယ်၍ ပင်မ မျက်နှာပြင်တွင် ပေါင်းထည့်ရန်ကို နှိပ်ပါ။

  • အက်ပ်အိုင်ကွန်ကို ဖိ၍ နှိပ်ထားပါ၊ ဝန်ဆောင်မှု ဝစ်ဂျတ်များကို နှိပ်ပြီး သင်နှစ်သက်ရာပုံစံကို ရွေးချယ်ကာ ပင်မ မျက်နှာပြင်တွင် ပေါင်းထည့်ရန်ကို နှိပ်ပါ။

  • ပင်မ မျက်နှာပြင်ပေါ်တွင် လက်နှစ်ချောင်းပူးလိုက်ပြီး ဝန်ဆောင်မှု ဝစ်ဂျတ်များကို နှိပ်ပါ၊ သင်နှစ်သက်ရာ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ရွေးချယ်ပြီး ပင်မ မျက်နှာပြင်တွင် ပေါင်းထည့်ရန်ကို နှိပ်ပါ။ သင်နှစ်သက်ရာ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖိ၍ နှိပ်ထားပြီး ပင်မ မျက်နှာပြင်ရှိ မည်သည့်နေရာလွတ်သို့မဆိုလည်း ၎င်းကို ဆွဲရွှေ့နိုင်သည်။

    သင့်စက်ကို နောက်ဆုံးထွက် စနစ်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားကြောင်း သေချာပါစေ။

လက်ရှိ မျက်နှာပြင်တွင် နေရာလွတ်မရှိပါက ဝစ်ဂျစ်ကို နောက်မျက်နှာပြင်တွင် မှတ်သားပါမည်။ မည်သည့်မျက်နှာပြင်တွင်မျှ နေရာလွတ်မရှိပါက လက်ရှိ မျက်နှာပြင်၏ ညာဘက်တွင် ဝန်ဆောင်မှု ဝစ်ဂျတ်အတွက် မျက်နှာပြင်အသစ်ကို ဖန်တီးပါမည်။

နောက်ထပ် ဝန်ဆောင်မှု ဝစ်ဂျတ်များ မျက်နှာပြင်ရှိ ဝန်ဆောင်မှု ဝစ်ဂျတ်ကိုလည်း ဖိ၍ နှိပ်ထားပြီး ပင်မ မျက်နှာပြင်ပေါ်ရှိ မည်သည့်နေရာလွတ်သို့မဆို ၎င်းကို ဆွဲရွှေ့နိုင်သည်။ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဆွဲရွှေ့နေစဉ် ပင်မ မျက်နှာပြင်တွင် ၎င်းကို မထည့်တော့ရန် သင်ဆုံးဖြတ်လိုက်ပါက ၎င်းကို မျက်နှာပြင်ထိပ်ဆုံးရှိ လုပ်ဆောင်မှုပယ်ဖျက်သည့်ဇုန်သို့သာ ဆွဲရွှေ့ပါ။

 
  • ဝန်ဆောင်မှု ဝစ်ဂျတ်များကို ဖိုင်တွဲများတွင် မှတ်သားထား၍ မရနိုင်ပါ။

  • သင်သည် Drawer စနစ်တွင် ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖြန့်ကားရန်အတွက် အက်ပ်အိုင်ကွန်ပေါ်တွင် အပေါ်သို့ ပွတ်ဆွဲ၍ရနိုင်မည် မဟုတ်ပါ။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ဆင့်စီခြင်း

ပင်မမျက်နှာပြင် နေရာလွတ်ကို ချွေတာရန်နှင့် သင့်ပင်မမျက်နှာပြင် ရိုးရှင်းပြီး ထိရောက်စေရန် အရွယ်အစားတူညီသော ဝန်ဆောင်မှု ဝစ်ဂျတ်များကို ဆင့်စီပါ။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ဆင့်စီခြင်း-

ထိုသို့ လုပ်ရန် ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင် ဖိ၍ နှိပ်ထားပါ၊ ၎င်းကို အရွယ်အစားတူညီသော အခြား ဝန်ဆောင်မှု ဝစ်ဂျတ်သို့ ဆွဲရွှေ့၍ ၎င်းတို့ တစ်ခုပေါ်တစ်ခု လုံးဝ ထပ်သွားသည်နှင့် ဝစ်ဂျတ်နှစ်ခုကို ဆင့်စီရန် လွှတ်လိုက်ပါ။

ဆင့်စီအပုံအတွင်း ဝစ်ဂျတ်များကို ကြည့်ခြင်း-

ဆင့်စီအပုံအတွင်းရှိ ဝန်ဆောင်မှု ဝစ်ဂျတ်အားလုံးကို ကြည့်ရန် ဆင့်စီအပုံပေါ်တွင် အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို စီမံခြင်း-

  1. ဆင့်စီအပုံကို အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ဖြန့်ကားပါ-

    • ဆင့်စီအပုံကို ဖြန့်ကားရန် အောက်သို့ နောက်ထပ်ပွတ်ဆွဲပါ။

    • ဆင့်စီအပုံပေါ်တွင် ဖိ၍ နှိပ်ထားပြီး စုပုံထားသည်ကို ဖြန့်ကားရန် ကို နှိပ်ပါ။

  2. ထို့နောက် ဆင့်စီအပုံရှိ ဝစ်ဂျတ်များကို အောက်အတိုင်း စီမံပါ-

    • ဝန်ဆောင်မှု ဝစ်ဂျတ်၏ နေရာကို ချိန်ညှိခြင်း- ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင် ဖိ၍ နှိပ်ထားပြီး ၎င်း၏ နေရာကို ပြောင်းရန် ဆွဲရွှေ့ပါ။

    • ဝန်ဆောင်မှု ဝစ်ဂျတ်ကို ထိပ်တွင် မှတ်သားခြင်း- ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဆင့်စီအပုံ၏ ထိပ်ဆုံးတွင် မှတ်သားရန် နှိပ်ပါ။

    • ဆင့်စီအပုံထဲမှ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖယ်ရှားခြင်း- ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင် ဖိ၍ နှိပ်ထားပြီး ၎င်းကို မျက်နှာပြင် အစွန်းသို့ ဆွဲရွှေ့ပါ၊ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဆင့်စီအပုံအပြင်ဘက်သို့ ရွှေ့ပြီးသည်အထိ စောင့်ပြီး ၎င်းကို ပင်မမျက်နှာပြင်ပေါ်ရှိ မည်သည့်နေရာလွတ်သို့မဆို ဆွဲရွှေ့ပါ။

    • ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖျက်ခြင်း- ဝန်ဆောင်မှု ဝစ်ဂျတ်ကိုဖျက်ရန် ၎င်းပေါ်တွင် ဘယ်ဘက်သို့ ပွတ်ဆွဲပါ။

ထိပ်ရှိ ဝန်ဆောင်မှု ဝစ်ဂျတ်ကို တည်းဖြတ်ရန် သို့မဟုတ် ဖယ်ရှားရန် ဝန်ဆောင်မှု ဝစ်ဂျတ် ဆင့်စီအပုံပေါ်တွင်လည်း ဖိ၍ နှိပ်ထားနိုင်သည်။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပေါင်းစပ်ခြင်း

အရွယ်အစားအမျိုးမျိုးရှိသော ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပေါင်းစပ်ပြီး မကြာခဏ သုံးလေ့ရှိသော ရှော့(တ်)ကတ်များကို ဝစ်ဂျတ် ပေါင်းစပ်မှုများတွင် ထည့်ကာ အသုံးများသော လုပ်ဆောင်ချက်များအတွက် ရှော့(တ်)ကတ်များ ဖန်တီးပါ။

  1. သင်သည် အောက်ပါနည်းလမ်းတစ်ခုခုကိုသုံး၍ ဝစ်ဂျတ် ပေါင်းစပ်မှုများကို ထည့်နိုင်သည်-
    • ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖိ၍ နှိပ်ထားပါ၊ ၎င်းကို မည်သည့်အရွယ်အစားမဆိုရှိ အခြားဝန်ဆောင်မှု ဝစ်ဂျတ်ထံသို့ အချင်းချင်းတစ်စိတ်တစ်ပိုင်း ထပ်သွားသည်အထိ ဆွဲရွှေ့ပါ၊ ပြီးလျှင် နောက်ဘက်မျက်နှာပြင်ကို ဖြန့်ကားလိုက်သည်နှင့် ပေါင်းစပ်မှုပြီးမြောက်စေရန် လွှတ်လိုက်ပါ။

    • ပင်မ မျက်နှာပြင်တွင် လက်နှစ်ချောင်းပူးလိုက်ပြီး ဝန်ဆောင်မှု ဝစ်ဂျတ်များ > ဝစ်ဂျတ် ပေါင်းစပ်မှုများ သို့သွားကာ သင်ထည့်သွင်းလိုသော ဝစ်ဂျတ်ပေါင်းစပ်မှုကို ဖိ၍ နှိပ်ထားပါ၊ ပြီးလျှင် ပင်မ မျက်နှာပြင်တွင် ပေါင်းထည့်ရန်ကို နှိပ်ပါ။ သင့်ကိုယ်ပိုင်ပေါင်းစပ်မှုကို စိတ်ကြိုက်ပြုလုပ်ရန် ကို နှိပ်၍လည်း သင်၏ အကြိုက်ဆုံး ဝန်ဆောင်မှု ဝစ်ဂျတ်များကို ရွေးချယ်နိုင်သည်၊ ပြီးလျှင် ကို နှိပ်ပါ။

      သင့်စက်ကို နောက်ဆုံးထွက် စနစ်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားကြောင်း သေချာပါစေ။
  2. ဝစ်ဂျတ်ပေါင်းစပ်မှုကို ဖိ၍ နှိပ်ထားပါ။ ထိုနေရာမှတစ်ဆင့် သင်အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်-
    • ဝန်ဆောင်မှု ဝစ်ဂျတ်များ သို့မဟုတ် ရှော့(တ်)ကတ်များကို ထည့်ရန် သို့မဟုတ် ဖယ်ရှားရန် ပေါင်းစပ်မှုကို တည်းဖြတ်ရန်ကို နှိပ်နိုင်သည်။ နမူနာပုံစံ အရွယ်အစားကို ပြောင်းရန် သို့မဟုတ် ကို နှိပ်နိုင်သည်။ ထည့်ထားသော အကြောင်းအရာ၏ နေရာကို ချိန်ညှိရန် ဖိ၍ ဆွဲရွှေ့နိုင်သည်။

    • ဝစ်ဂျတ်ပေါင်းစပ်မှုအမည်ကို တည်းဖြတ်ပြင်ဆင်ရန် အမည်ပြန်ပေးရန်ကို နှိပ်နိုင်သည်။

    • ဝစ်ဂျတ်ပေါင်းစပ်မှုကို ဖယ်ရှားရန် ပေါင်းစပ်မှုကို ဖယ်ရှားရန်ကို နှိပ်နိုင်သည်။

ဝစ်ဂျတ်ပေါင်းစပ်မှုတစ်ခုတွင် နေရာလွတ်ရှိနေပါက အခြားဝန်ဆောင်မှု ဝစ်ဂျတ်ကို ဆွဲရွှေ့ပြီး ဝစ်ဂျတ်ပေါင်းစပ်မှုထဲသို့ ထည့်နိုင်သည်။ ဝစ်ဂျတ်ပေါင်းစပ်မှုအတွက် နေရာလုံလုံလောက်လောက် မရှိပါက ပေါင်းစပ်မှုကို တည်းဖြတ်ရန်သို့ သွားပြီး နမူနာပုံစံအရွယ်အစားကို ပိုကြီးသည့်အရွယ်အစားသို့ ပြောင်းလဲနိုင်သည်။

ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖိ၍ နှိပ်ထားပြီးလည်း ၎င်းကို တည်းဖြတ်ပြင်ဆင်နိုင် သို့မဟုတ် ဖယ်ရှားနိုင်သည်။

အချို့ ဝန်ဆောင်မှု ဝစ်ဂျတ်များကို တည်းဖြတ်ပြင်ဆင်၍ မရနိုင်ပါ။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပြင်ဆင်ခြင်းနှင့် ဖယ်ရှားခြင်း

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပြင်ဆင်ခြင်း-

ဝစ်ဂျတ်အတွက် ပြသမည့် အချက်အလက်ကို သတ်မှတ်ရန် ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင် ဖိ၍ နှိပ်ထားပြီး ပြင်ဆင် ကို ရွေးချယ်ပါ။ ဥပမာအားဖြင့် သင်သည် မိုးလေဝသ ဝန်ဆောင်မှု ဝစ်ဂျတ်အတွက် မြို့များကို ရွေးချယ်နိုင်သည် သို့မဟုတ် နာရီ ဝန်ဆောင်မှု ဝစ်ဂျတ်အတွက် ဒေသစံတော်ချိန်ကို ရွေးချယ်နိုင်သည်။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ဖယ်ရှားခြင်း-

ဝန်ဆောင်မှု ဝစ်ဂျတ်တစ်ခုကို ပင်မ မျက်နှာပြင်မှ ဖယ်ရှားရန် ၎င်းကို ဖိ၍ နှိပ်ထားပြီး ဖယ်ရှားပါ ကို ရွေးချယ်ပါ။

 
  • အချို့အက်ပ်များကို ဖျက်လိုက်ပါက သက်ဆိုင်ရာ ဝန်ဆောင်မှု ဝစ်ဂျတ်များကိုလည်း ဖယ်ရှားပစ်ပါမည်။

  • အချို့သော ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပြင်ဆင်၍မရပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်