Floating ဝင်းဒိုးကို အသုံးပြုခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI nova 11i(dual sim card 256g),HUAWEI P50 Pocket(dual sim card  8gb+256gb(bali-l29c)),HUAWEI Mate 50(dual sim card 256gb),HUAWEI nova 11(single card 8gb+256gb、dual card 8gb+256gb),HUAWEI nova Y91(huawei novay91 dual sim card 256g),HUAWEI Mate 50 Pro(single sim card 256gb、dual sim card 256gb),HUAWEI P60 Pro(8gb+256gb single sim card、8gb+256gb dual sim card、12gb+512gb dual sim card),HUAWEI nova 11 Pro(single card 8gb+256gb、dual card 8gb+256gb),HUAWEI P50 Pocket Premium Edition
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
Floating ဝင်းဒိုးကို အသုံးပြုခြင်း

ဂိမ်းဆော့နေစဉ် Floating ဝင်းဒိုးကို ဖွင့်လိုက်လျှင် လုပ်ဆောင်ချက် တစ်စက္ကန့်စာမျှ မလွဲချော်ဘဲ သူငယ်ချင်းတစ်ယောက်နှင့် စကားစမြည် ပြောနိုင်ပါသည်။



ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။

Floating ဝင်းဒိုးကို ဖွင့်ရန်-

  • Multi-Window Dock ပေါ်လာစေရန် သင့်စက်၏ ဘယ် သို့မဟုတ် ညာဘက်အစွန်းမှနေ၍ အတွင်းသို့ ပွတ်ဆွဲပြီး ဖိထားပါ။ ထို့နောက် အက်ပ်ကို Floating ဝင်းဒိုးအဖြစ်ဖွင့်ရန် Dock ရှိ မည်သည့်အက်ပ်ကိုမဆို နှိပ်ပါ။

  • မကြာမီက လုပ်ဆောင်ချက်များ မျက်နှာပြင်သို့ ဝင်ရောက်ရန် မျက်နှာပြင်၏ အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲ၍ အက်ပ်ကို Floating ဝင်းဒိုးအဖြစ် ဖွင့်ရန် အက်ပ်အကြိုမြင်ကွင်း၏ အပေါ်ပိုင်းညာဘက်ထောင့်ရှိ အိုင်ကွန်ကို နှိပ်ပါ။

Floating ဝင်းဒိုးကို နေရာပြောင်းရန်-

ဝင်းဒိုးကို နှစ်သက်သောတည်နေရာသို့ ရွှေ့ပြောင်းရန် Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားကို ဆွဲရွှေ့ပါ။

Floating ဝင်းဒိုးကို အရွယ်အစားပြင်ရန်-

Floating ဝင်းဒိုး၏ အောက်ခြေအစွန်း၊ ဘေးနှစ်ဖက် သို့မဟုတ် အောက်ခြေထောင့်များကို ဆွဲရွှေ့ပြီး အရွယ်အစားပြင်ပါ။

သင်သည် Floating ဝင်းဒိုးကို တတ်နိုင်သမျှ အသေးဆုံး အရွယ်အစားထိ လျှော့ချပြီးနောက် ဝင်းဒိုးကို လွှတ်လိုက်လျှင် ၎င်းသည် မျက်နှာပြင်၏ အပေါ်ညာဘက်ထောင့်တွင် ပုံသေရှိနေမည့် Floating ဝင်းဒိုးအသေးအဖြစ်သို့ အလိုအလျောက် ကျုံ့သွားပါမည်။

Floating ဝင်းဒိုးကို ချုံ့ရန် အောက်ပါ တစ်ခုခုကို လုပ်ဆောင်ပါ-

  • Floating ဝင်းဒိုး၏ထိပ်ရှိ ကို နှိပ်ပါ။

  • Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားပေါ်တွင် ဖိ၍ နှိပ်ထားပြီးနောက် ၎င်းကို ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ အမြန် ဆွဲရွှေ့ပါ။

  • Floating ဝင်းဒိုး၏ ထိပ်ရှိ ဘားပေါ်တွင် ဖိ၍ နှိပ်ထားပြီး ၎င်းကို ဘယ်ဘက် သို့မဟုတ် ညာဘက်မျက်နှာပြင်အစွန်းသို့ ဆွဲရွှေ့ပါ။

မျက်နှာပြင်အပြည့် စနစ်သို့ ပြန်သွားရန် အောက်ပါ တစ်ခုခုကို လုပ်ဆောင်ပါ-

  • Floating ဝင်းဒိုး၏ထိပ်ရှိ ကို နှိပ်ပါ။

  • Floating ဝင်းဒိုး၏ထိပ်ရှိ ဘားပေါ်တွင် ဖိ၍ နှိပ်ထားပြီးနောက် ၎င်းကို အပေါ်ဘက်သို့ အမြန်ဆွဲရွှေ့ပါ။

  • Floating ဝင်းဒိုး၏ထိပ်ရှိ ဘားပေါ်တွင် ဖိ၍ နှိပ်ထားပြီးနောက် ၎င်းကို အခြေအနေပြဘားအထိ ဆွဲတင်ပါ။

Floating ဝင်းဒိုးကို ပိတ်ရန် အောက်ပါ တစ်ခုခုကို လုပ်ဆောင်ပါ-

  • Floating ဝင်းဒိုး၏ထိပ်ရှိ ကို နှိပ်ပါ။

  • Floating ဝင်းဒိုး၏ထိပ်ရှိ ဘားပေါ်တွင် ဖိ၍ နှိပ်ထားပြီးနောက် ၎င်းကို အောက်ဘက်သို့ အမြန် ဆွဲရွှေ့ပါ။

  • Floating ဝင်းဒိုး၏ထိပ်ရှိ ဘားပေါ်တွင် ဖိ၍ နှိပ်ထားပြီးနောက် ၎င်းကို မျက်နှာပြင်၏ အောက်ခြေရှိ အထိ ဆွဲချပါ။

မျက်နှာပြင်ခွဲ စနစ်သို့ ပြောင်းရန်- သင်သည် ပင်မ မျက်နှာပြင်တွင် မဟုတ်ပါက Floating ဝင်းဒိုး၏ ထိပ်ရှိ ပေါ်တွင် ဖိ၍ နှိပ်ထားပြီးနောက် (အလျားလိုက် စနစ်တွင်) ၎င်းကို မျက်နှာပြင်၏ ဘယ်ဘက် သို့မဟုတ် ညာဘက် အစွန်းသို့ဆွဲရွှေ့ပါ သို့မဟုတ် (ထောင်လိုက် စနစ်တွင်) မျက်နှာပြင်၏ အပေါ်ပိုင်း သို့မဟုတ် အောက်ပိုင်း အစွန်းသို့ ဆွဲရွှေ့ပါ။

အက်ပ်များအတွက် Floating ဝင်းဒိုးများကြား ရှာဖွေခြင်းနှင့် ကူးပြောင်းခြင်း

Floating ဝင်းဒိုး စီမံခန့်ခွဲမှု လုပ်ဆောင်ချက် အသုံးပြု၍ အက်ပ်များအတွက် Floating ဝင်းဒိုးတစ်ခုနှင့် တစ်ခုကြား အမြန် ရှာဖွေပြီး ကူးပြောင်းနိုင်သည်။

  1. အက်ပ်များစွာအတွက် Floating ဝင်းဒိုးများကို ဖွင့်ထားပြီး Floating ဘောလုံးထဲ ထည့်၍ ၎င်းတို့ကို အရွယ်အစား လျှော့ချထားပါ။

  2. Floating ဝင်းဒိုး နမူနာမြင်ကွင်းအားလုံးကို ပြသရန် Floating ဘောလုံးကို နှိပ်ခြင်း-

    • Floating ဝင်းဒိုး နမူနာမြင်ကွင်းများကို လေ့လာကြည့်ရှုခြင်း- သင်ရှာဖွေနေသည့် အက်ပ်၏ Floating ဝင်းဒိုး နမူနာမြင်ကွင်းကို ရှာဖွေရန် အထက် သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ။

    • အက်ပ်တစ်ခုအတွက် Floating ဝင်းဒိုး ပြသခြင်း- အက်ပ်ကို Floating ဝင်းဒိုးတစ်ခုထဲတွင် ပြသရန် ၎င်း၏ Floating ဝင်းဒိုး နမူနာမြင်ကွင်းကို နှိပ်ပါ။

    • အက်ပ်တစ်ခုအတွက် Floating ဝင်းဒိုးကို ပိတ်ခြင်း- ပိတ်ရန် Floating ဝင်းဒိုး နမူနာမြင်ကွင်းရှိ ကို နှိပ်ပါ။

ပူးတွဲပါဖိုင်တစ်ဖိုင်ကို Floating ဝင်းဒိုးတစ်ခုတွင် ဖွင့်ခြင်း

သင်သည် (အီးမေးလ်နှင့် မှတ်စုစာအုပ်ကဲ့သို့) အချို့သော အက်ပ်များထဲရှိ လင့်ခ်တစ်ခု သို့မဟုတ် ပူးတွဲပါဖိုင်တစ်ဖိုင်ကို Floating ဝင်းဒိုးထဲတွင် ဖွင့်နိုင်သည်။

ဤလုပ်ဆောင်ချက်ကို အက်ပ်အချို့တွင် မရနိုင်ပါ။
  1. အီးမေးလ် အက်ပ်ကို ဖွင့်ပါ။

  2. လင့်ခ်တစ်ခုကို သို့မဟုတ် ပူးတွဲပါဖိုင်တစ်ဖိုင်ကို Floating ဝင်းဒိုးတွင် ဖွင့်ရန် အီးမေးလ် အက်ပ်ရှိ အဆိုပါ လင့်ခ် သို့မဟုတ် ပူးတွဲပါဖိုင်ကို နှိပ်ပါ။

    • လင့်ခ်တစ်ခုကို ဖွင့်ခြင်း- လင့်ခ်တစ်ခုကို Floating ဝင်းဒိုးတစ်ခုတွင် ပြသစေရန် အီးမေးလ် အက်ပ်ရှိ အဆိုပါလင့်ခ်ကို နှိပ်ပါ။

    • ပူးတွဲပါဖိုင်တစ်ဖိုင်ကို ဖွင့်ခြင်း- ပူးတွဲပါဖိုင်တစ်ဖိုင်ကို Floating ဝင်းဒိုး တစ်ခုတွင် ပြသစေရန် အီးမေးလ် အက်ပ်ရှိ အဆိုပါဖိုင် (စာရွက်စာတမ်း၊ ရုပ်ပုံ သို့မဟုတ် ဗီဒီယိုကဲ့သို့) ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်