သင့်စက်နှင့် လပ်တော့(ပ်)ကြား Multi-Screen ပူးတွဲဆောင်ရွက်မှု
သင့်စက်နှင့် လပ်တော့(ပ်)ကြား Multi-Screen ပူးတွဲဆောင်ရွက်မှု |
သင့်အလုပ် ပိုမို ပြီးမြောက်၍ ထိရောက်မှု ရှိစေရန် သင့်စက်ကို လပ်တော့(ပ်)နှင့် ချိတ်ဆက်၍ သင့်စက်ကို ထိန်းချုပ်ရန် သို့မဟုတ် ဖိုင်များကို မျှဝေ၍ တည်းဖြတ်ပြီး စနစ်တစ်ခုမှ တစ်ခုသို့ စာသားကို ကူးယူ၍ ကူးထည့်ရန် သင့်ကီးဘုတ်နှင့် မောက်စ်ကို သုံးပါ။
PC Manager ဗားရှင်း တစ်ခုနှင့်တစ်ခုကြား လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်ပုံများ ကွဲလွဲနိုင်ပါသည်။
သို့ သွား၍ PC Manager ကို နောက်ဆုံးထွက် ဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် အကြံပြုပါသည်။

ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။
OneHop မှတစ်ဆင့် သင့်စက်ကို သင့်လပ်တော့(ပ်)နှင့် ချိတ်ဆက်ခြင်း
သင့်လပ်တော့(ပ်)တွင် Huawei Share အာရုံခံ စနစ် သို့မဟုတ်
တံဆိပ်ရှိသည့် နေရာရှိကြောင်း သေချာပါစေ။
သင့်လပ်တော့(ပ်)တွင် Wi-Fi၊ ဘလူးတုသ်နှင့် PC Manager ကို ဖွင့်ပြီး သုံးစွဲသူ လိုင်စင် သဘောတူညီချက်ကို သဘောတူပါ။
ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် သင့်စက်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ် မျက်နှာပြင်ကို ဖြန့်ကားရန်
ကို နှိပ်ပြီးနောက် NFC၊ Wi-Fi နှင့် ဘလူးတုသ် ကို ဖွင့်ပါ။
သင့်စက်တုန်ခါသည်ထိ သို့မဟုတ် မြည်သံထွက်လာသည်ထိ သင့်စက်၏ ကျောဘက်ရှိ NFC ဧရိယာ (အနောက်ကင်မရာအနီး) ကို သင့်လပ်တော့(ပ်)၏ Huawei Share အာရုံခံ စနစ် သို့မဟုတ်
တံဆိပ်ရှိသော နေရာပေါ်တွင် ထိလိုက်ပါ။
ချိတ်ဆက်မှုကို အပြီးသတ်ရန် သင့်စက်နှင့် လပ်တော့(ပ်)၏ မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။
ဘလူးတုသ်သုံး၍ သင့်စက်ကို သင့်လပ်တော့(ပ်)နှင့် ချိတ်ဆက်ခြင်း
ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် သင့်စက်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပြီး ဘလူးတုသ် ကို နှိပ်ပါ။
သင့်လပ်တော့(ပ်)တွင် PC Manager ကို ဖွင့်၍
သို့ သွားပါ။ သင့်စက်ကို ကီးဘုတ်အပေါ်တွင် ထားလိုက်ပါ၊ သင့်လပ်တော့(ပ်)သည် သင့်စက်ကို စတင်ရှာဖွေပါမည်။ချိတ်ဆက်မှုကို အပြီးသတ်ရန် သင့်စက်နှင့် လပ်တော့(ပ်)၏ မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။
QR ကုဒ်ကို စကန်ဖတ်ပြီး သင့်စက်ကို သင့်လပ်တော့(ပ်)နှင့် ချိတ်ဆက်ခြင်း
သင့်လပ်တော့(ပ်)တွင် PC Manager ကို ဖွင့်ပြီး
သို့ သွားပါ၊ အပေါ် ဘယ်ဘက်ထောင့်ရှိ QR ကုဒ်ကို နှိပ်ပါ။သင့်စက်ကို အင်တာနက်နှင့် ချိတ်ဆက်ထားကြောင်း သေချာပါစေ။ သင့်စက်တွင် အကောင့် စင်တာသို့သွား၍ သင့်လပ်တော့(ပ်)တွင် ပြသထားသော QR ကုဒ်ကို စကန်ဖတ်ပါ။
ချိတ်ဆက်မှုကို အပြီးသတ်ရန် သင့်စက်နှင့် လပ်တော့(ပ်)၏ မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။
စူပါစက် သုံး၍ သင့်စက်ကို သင့်လပ်တော့(ပ်)နှင့် ချိတ်ဆက်ခြင်း
သင့်လပ်တော့(ပ်)တွင် ဘလူးတုသ်နှင့် Wi-Fi ကို ဖွင့်ပြီး ၎င်းသည် သင့်စက်တွင် ဝင်ရောက်ထားသည့် HUAWEI ID ထဲသို့ပင် ဝင်ရောက်ထားကြောင်း သေချာပါစေ။
ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် သင့်စက်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပြီး အနီးအနားရှိ ရနိုင်သော စက်များကို ရှာဖွေရန်
သို့မဟုတ်
ကို နှိပ်ပါ။
လပ်တော့(ပ်)၏ အမည်ကို နှိပ်ပါ သို့မဟုတ် လပ်တော့(ပ်)ကို အနီးအနားရှိ စက်သို့ ဆွဲရွှေ့ပြီး ချိတ်ဆက်မှု ပြီးမြောက်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။
USB ကြိုးကို အသုံးပြု၍ သင့်စက်ကို သင့်လပ်တော့(ပ်)နှင့် ချိတ်ဆက်ခြင်း
သင်၏စက်ကို သင့်လပ်တော့(ပ်)နှင့် ချိတ်ဆက်ရန် USB ကြိုးကို အသုံးပြုပါ။
သင့်လပ်တော့(ပ်)တွင် PC Manager ကို ဖွင့်ပါ။
-
သင့်စက်တွင် ချိတ်ဆက်မှုကို အတည်ပြုပါ။
သင့်စက်တွင် ချိတ်ဆက်မှုကို ပယ်ဖျက်ပြီး၍ ပြန်လည်ချိတ်ဆက်လိုပါက PC Manager ကို ဖွင့်ပြီး
သို့ သွားပါ။
သင့်စက်ကို သင့်လပ်တော့(ပ်)မှ ချိတ်ဆက်မှု ဖြုတ်ခြင်း
Multi-Screen ပူးတွဲဆောင်ရွက်မှုကို အသုံးပြုပြီးနောက် အောက်ပါနည်းလမ်းများကို သုံး၍ သင့်စက်များကို ချိတ်ဆက်မှု ဖြုတ်နိုင်ပါသည်-
သင့်လပ်တော့(ပ်)တွင် PC Manager ကို ဖွင့်၍
သို့ သွားပါ။အသိပေးချက် မျက်နှာပြင်ကို ပြသရန် သင့်စက်၏ အပေါ် ဘယ်ဘက် အစွန်းမှ အောက်သို့ ပွတ်ဆွဲပြီး ချိတ်ဆက်မှု ဖြုတ်ရန် ကို နှိပ်ပါ။
ကို နှိပ်ပြီး ချိတ်ဆက်မှု ဖြုတ်ရန် ကို နှိပ်ပါ။
သင့်စက်နှင့် လပ်တော့(ပ်)ကို USB ကြိုးမှတစ်ဆင့် ချိတ်ဆက်ထားလျှင် ၎င်းတို့ကို ချိတ်ဆက်မှု ဖြုတ်ရန် ကြိုးကို ဖယ်ရှားပါ။