မျက်နှာပြင်ကို မှတ်တမ်းတင်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI nova 11(single card 8gb+256gb、dual card 8gb+256gb),HUAWEI nova 11 Pro(single card 8gb+256gb、dual card 8gb+256gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
မျက်နှာပြင်ကို မှတ်တမ်းတင်ခြင်း

မျှဝေနိုင်သော ဗီဒီယိုများကို ဖန်တီးရန်၊ သင်၏ ဂိမ်းကစားစွမ်းရည်များကို ပြသရန်၊ သင်ခန်းစာများ စီကုံးရေးသားရန်နှင့် အခြားအရာများစွာကို လုပ်ဆောင်ရန် မျက်နှာပြင်ပေါ်ရှိ လုပ်ဆောင်ချက်ကို ရိုက်ကူးပါ။

မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် ခလုတ် ပေါင်းစပ်မှုကို အသုံးပြုခြင်း

မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် ပါဝါခလုတ်နှင့် အသံချဲ့ခလုတ်ကို တစ်ပြိုင်နက်တည်း ဖိ၍ နှိပ်ထားပါ။ မှတ်တမ်းတင်မှုကို ရပ်ရန် ခလုတ်နှစ်ခုလုံးကို ထပ်မံ ဖိ၍ နှိပ်ထားပါ။

မျက်နှာပြင် မှတ်တမ်းတင်မှုကို စတင်ရန် ရှော့(တ်)ကတ် အသုံးပြုခြင်း

  1. ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် မျက်နှာပြင်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်များ မျက်နှာပြင် (သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို ဖြန့်ကားရန် ကို နှိပ်ပြီးနောက် မျက်နှာပြင် မှတ်တမ်းတင်မှုကို စတင်ရန် မျက်နှာပြင် မှတ်တမ်း ကို နှိပ်ပါ။

  2. မှတ်တမ်းတင်မှုကို ရပ်ရန် မျက်နှာပြင်၏ အပေါ်ဘက်ရှိ တိုင်မာကို နှိပ်ပါ။

  3. မှတ်တမ်းတင်မှုကို ပုံပြခန်း တွင် သိမ်းဆည်းလိုက်ပါမည်။

မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် လက်ဆစ်နှစ်ခုကို အသုံးပြုခြင်း

  1. လက်ဆစ်သုံး ဟန်ပန်များကို မသုံးမီ ဤလုပ်ဆောင်ချက်ကို ဖွင့်ရန် အောက်ပါနည်းလမ်း တစ်ခုမဟုတ်တစ်ခုကို သုံးပါ (သင့်စက် အမျိုးအစားပေါ် မူတည်၍)-

    • ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရှော့(တ်)ကတ်များနှင့် ဟန်ပန်များ > မျက်နှာပြင် မှတ်တမ်းတင်ရန် သို့ သွားပြီး မျက်နှာပြင် မှတ်တမ်းတင်ရန် ကို ဖွင့်ပါ။

    • ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရွေ့လျားမှု ထိန်းချုပ်ခြင်း > စခရင်ရှော့(တ်) ရိုက်ကူးရန် သို့ သွားပြီး စမတ် စခရင်ရှော့(တ်) ကို ဖွင့်ပါ။

  2. မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် မျက်နှာပြင်ကို လက်ဆစ်နှစ်ခုဖြင့် နှစ်ချက်ဆက်တိုက် အမြန် ခေါက်ပါ။ မှတ်တမ်းတင်မှုကို ရပ်ရန် ရှေ့တစ်ခေါက်ကအတိုင်း နှစ်ချက် ခေါက်ပါ။



ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။

မျက်နှာပြင်ကို မှတ်တမ်းတင်နေစဉ် သင့်အသံသွင်းခြင်း

မျက်နှာပြင်ကို မှတ်တမ်းတင်စဉ် မိုက်ခရိုဖုန်းကို ဖွင့် သို့မဟုတ် ပိတ်ရန် မိုက်ခရိုဖုန်းအိုင်ကွန်ကို နှိပ်ပါ။

  • မိုက်ခရိုဖုန်းကို ဖွင့်ထားချိန်တွင် (ဆိုလိုသည်မှာ ၎င်းကို အဖြစ် ပြသထားပါက) မျက်နှာပြင်ကို မှတ်တမ်းတင်စဉ် သင့်အသံကို သွင်းနိုင်သည်။

  • မိုက်ခရိုဖုန်းကို ပိတ်လိုက်ပါက (ဆိုလိုသည်မှာ ၎င်းကို အဖြစ် ပြသထားပါက) သင်သည် အသံနှင့် ဗီဒီယို ပြန်ဖွင့်မှုကဲ့သို့ စနစ် အသံများကိုသာ အသံသွင်းနိုင်ပါမည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်