စလိုးမိုးရှင်း ဗီဒီယိုများ ရိုက်ကူးခြင်း
စလိုးမိုးရှင်း ဗီဒီယိုများ ရိုက်ကူးခြင်း |
တဒင်္ဂအခိုက်အတန့်များကို အသေးစိတ် ရိုက်ကူးနိုင်ရန် စလိုးမိုးရှင်း စနစ်ကို အသုံးပြုပါ။ သင့်ဗီဒီယိုကို မည်မျှနှေးကွေးစွာ ပြသစေလိုသည့်အပေါ်အခြေခံ၍ စလိုးမိုးရှင်းနှုန်းကို ချိန်ညှိပါ။ နှုန်းပိုမြင့်လေ ပြန်ဖွင့်နှုန်း ပိုနှေးလေဖြစ်သည်။
ရရှိနိုင်သော စလိုးမိုးရှင်းနှုန်းများသည် စက်အလိုက် ကွဲပြားမှု ရှိသည်။
32x သို့မဟုတ် 16x- ပူဖောင်းများ တဖောက်ဖောက်မြည်ခြင်းနှင့် ရေပက်ဖျန်းခြင်းကို ရိုက်ကူးခြင်းအတွက် သင့်လျော်သည်။
8x သို့မဟုတ် 4x- ရေထဲသို့ ဒိုင်ဗင်ထိုးခြင်းနှင့် ဘောလုံးကန်နေခြင်းကဲ့သို့ မြန်ဆန်သော လှုပ်ရှားမှုများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ၍ ရိုက်ကူးခြင်းအတွက် သင့်လျော်သည်။ ဗီဒီယိုတစ်ခုလုံး၏ အရှည်နှင့် စလိုးမိုးရှင်း အပိုင်း၏ အရှည်တို့ကို စိတ်ကြိုက်သတ်မှတ်နိုင်သည်။
အကောင်းဆုံး ရလဒ်များကို ရရှိရန်အတွက် စလိုးမိုးရှင်း ဗီဒီယိုများကို တောက်ပ၍ သဘာဝကျသော အလင်းရောင်တွင် ရိုက်ကူးပါ။
စလိုးမိုးရှင်း ဗီဒီယိုများ ရိုက်ကူးခြင်း
စလိုးမိုးရှင်း စနစ်ကို ရွေးချယ်ပါ။
သို့ သွားပြီးကို နှိပ်ပြီး စလိုးမိုးရှင်း ရိုက်ကူးမှုနှုန်းကို ရွေးချယ်ပါ။
သင်ရိုက်ကူးမည့် အရာကို viewfinder ထဲတွင် ဝင်အောင် ချိန်ပြီးနောက် စတင် ရိုက်ကူးရန်
ကို နှိပ်ပါ။
ရှေ့ကင်မရာဖြင့် စလိုးမိုးရှင်း ဗီဒီယိုများ ရိုက်ကူးခြင်း
သင့်ဆံပင် လေထဲလွင့်နေခြင်းကဲ့သို့ စလိုးမိုးရှင်း ဆဲလ်ဖီ ဗီဒီယိုများရိုက်ကူးရန် ရှေ့ကင်မရာကို အသုံးပြုနိုင်သည်။
စလိုးမိုးရှင်း စနစ်ကို ရွေးချယ်ပါ၊ ထို့နောက်
သို့ သွားပြီးကို နှိပ်ပြီး ရှေ့ကင်မရာသို့ ပြောင်းပါ။
သင့်စက်တွင် လုပ်နိုင်သည်ဆိုပါက
ကို နှိပ်ပြီး စလိုးမိုးရှင်းနှုန်းကို ရွေးချယ်ပါ။
စတင်ရိုက်ကူးရန်
ကို နှိပ်ပါ။
ရိုက်ကူးခြင်းကို ရပ်တန့်ရန်
ကို နှိပ်ပါ။