ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဓာတ်ပုံရိုက်ရန် Pro စနစ်ကို အသုံးပြုခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P60 Pro(8gb+256gb single sim card、8gb+256gb dual sim card、12gb+512gb dual sim card)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဓာတ်ပုံရိုက်ရန် Pro စနစ်ကို အသုံးပြုခြင်း

Pro စနစ်ဖြင့် ဓာတ်ပုံများရိုက်ခြင်း သို့မဟုတ် ဗီဒီယိုများ ရိုက်ကူးခြင်း ပြုလုပ်သောအခါ ISO အာရုံခံနိုင်စွမ်း၊ ဆုံချက်စနစ် စသည်တို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး ဓာတ်ပုံများနှင့် ဗီဒီယိုများကို အသေးစိတ် ချိန်ညှိနိုင်သည်။

Pro စနစ်ဖြင့် ဓာတ်ပုံများ ရိုက်ကူးခြင်း

ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။

  1. ကင်မရာကို ဖွင့်ပြီး Pro စနစ်ကို ရွေးချယ်ပါ။

  2. ထိုနေရာမှတစ်ဆင့် အောက်ပါတို့ကို စိတ်ကြိုက်လုပ်ဆောင်နိုင်သည်-

    • တိုင်းတာစနစ်ကို ချိန်ညှိခြင်း- M ကို နှိပ်ပြီး တိုင်းတာစနစ်ကို ရွေးချယ်ပါ။

      တိုင်းတာစနစ်

      သုံးစွဲမှု အခြေအနေ

      မက်ထရစ်

      ဖရိန်တစ်ခုလုံးရှိ အလင်းကို တိုင်းတာပေးသည်၊ သဘာဝရှုခင်းများ ရိုက်ကူးခြင်းအတွက် အကောင်းဆုံးဖြစ်သည်။

      အလယ်ဗဟို

      မျက်နှာပြင်၏ အလယ်ဗဟိုအနီးရှိ အလင်းကို ဆုံချက်ချိန်ပေးသည်၊ အလှပုံများ ရိုက်ကူးခြင်းအတွက် အကောင်းဆုံးဖြစ်သည်။

      နေရာကွက်ကွက်

      ရိုက်မည့်အရာ၏ မျက်လုံးများကဲ့သို့ တိကျသောနေရာသေးသေးလေးမှလာသည့် အလင်းကို ဆုံချက်ချိန်ပေးသည်။

    • ISO တုံ့ပြန်နိုင်စွမ်းကို ချိန်ညှိခြင်း- ISO ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

      အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် ယေဘုယျအားဖြင့် ISO တုံ့ပြန်နိုင်စွမ်းကို တိုးမြှင့်သင့်သည်။ အလင်းရောင်ကောင်းစွာရသော ပတ်ဝန်းကျင်များတွင် ရုပ်ပုံအစက်အပြောက် မရှိစေရန် ၎င်းကို လျှော့ချသင့်သည်။

    • ရှပ်တာမြန်နှုန်းကို ချိန်ညှိခြင်း- S ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

      ရှပ်တာမြန်နှုန်းသည် ကင်မရာ မှန်ဘီလူးထဲ ဝင်ရောက်နိုင်သော အလင်းပမာဏကို ဆုံးဖြတ်ပေးသည်။ ငြိမ်သက်နေသည့် ရှုခင်းများ သို့မဟုတ် အလှပုံများကို ရိုက်ကူးသည့်အခါ ပိုနှေးသောရှပ်တာမြန်နှုန်းကိုသုံးရန် အကြံပြုပါသည်။ အလားတူပင် လျင်မြန်စွာ ရွေ့လျားနေသော ရှုခင်းများ သို့မဟုတ် အရာဝတ္ထုများကို ရိုက်ကူးသည့်အခါ ရှပ်တာမြန်နှုန်းကို တိုးမြှင့်သင့်ပါသည်။

    • အလင်းဝင်ပေါက်ကို ချိန်ညှိခြင်း- A ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

      f ဂဏန်း ပိုငယ်လျှင် နောက်ခံပိုဝါးပါမည်။ အလှပုံများကို ရိုက်ကူးရန် f ဂဏန်းအသေးများကို သုံးကြည့်ပါ။ ရှုခင်းများကို ရိုက်ကူးရန် f ဂဏန်းအကြီးများကို သုံးကြည့်ပါ။

    • EV အလင်းချိန်ညှိမှု ပြုလုပ်ခြင်း- EV· ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

      အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် EV တန်ဖိုးကို တိုးမြှင့်ပြီး အလင်းရောင်ကောင်းစွာရသော ပတ်ဝန်းကျင်များတွင် ၎င်းကို လျှော့ချရန် အကြံပြုသည်။

    • ဆုံချက် ချိန်ညှိခြင်း- AF· ကို နှိပ်ပြီး ဆုံချက်စနစ်ကို ရွေးချယ်ပါ။

      ဆုံချက် စနစ်

      သုံးစွဲမှု အခြေအနေ

      AF-S (ရိုက်ချက်တစ်ခုချင်း အော်တို ဆုံချက်ချိန်မှု)

      ငြိမ်သက်နေသည့် အရာများ

      AF-C (ဆက်တိုက်ရိုက်ချက်ကို အော်တို ဆုံချက်ချိန်မှု)

      ရွေ့လျားနေသည့် အရာများ

      MF (ကိုယ်တိုင် ဆုံချက်ချိန်မှု)

      ရိုက်ကူးလိုသည့်အရာ သို့မဟုတ် ၎င်း၏မျက်နှာကဲ့သို့ တိကျသော အစိတ်အပိုင်းများပေါ်တွင် ဆုံချက်ချိန်ရန် ၎င်းကို နှိပ်ပါ။

    • အရောင်သန်းခြင်းကို ချိန်ညှိခြင်း- WB· ကို နှိပ်ပြီး စနစ်ကို ရွေးချယ်ပါ။

      တောက်ပသော နေရောင်တွင် ရိုက်ကူးသည့်အခါ ကို ရွေးချယ်ပါ။ တိမ်ထူသော အခြေအနေများ သို့မဟုတ် အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် ရိုက်ကူးသည့်အခါ ကို ရွေးချယ်ပါ။

      အရောင်ပမာဏကို ချိန်ညှိရန် ကို နှိပ်ပါ။

    • သိုလှောင်မှု အမျိုးအစားကို ရွေးချယ်ခြင်း- Pro စနစ်သည် ဓာတ်ပုံကို မတူညီသော အမျိုးအစားများဖြင့် သိမ်းဆည်းခွင့်ပြုသည်။ သင်နှစ်သက်သော အမျိုးအစားကို ရွေးချယ်ရန် viewfinder ထဲရှိ ကို နှိပ်ပါ။

      JPG အမျိုးအစားဖြင့် ပုံများသည် သိုလှောင်မှု နေရာ နည်းနည်းသာလိုအပ်သည်။

      RAW အမျိုးအစားကို ရွေးချယ်ပါက သင့်စက်သည် DNG နှင့် စံအမျိုးအစားများဖြင့် ရိုက်ထားသော ဓာတ်ပုံများကို အလိုအလျောက်သိမ်းဆည်းပါမည်။ DNG အမျိုးအစားသည် ပုံကို ပို၍အသေးစိတ်ကျစေသည့်အပြင် ရိုက်ကူးပြီးနောက် ပြုပြင်နိုင်သည့် နည်းလမ်းများ ပိုမိုစုံလင်စွာ ရရှိသုံးစွဲနိုင်စေသော်လည်း သိုလှောင်မှု နေရာ ပိုယူသည်။

    • AF အရန်မီးကို ဖွင့်ခြင်း- အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် ဆုံချက်ပိုကောင်းကောင်း ချိန်နိုင်ရန်အတွက် AF အရန်မီးကို ဖွင့်ရန် ကို နှိပ်ပါ။

  3. ဓာတ်ပုံရိုက်ရန် ရှပ်တာ ခလုတ်ကို နှိပ်ပါ။

  • ဤလုပ်ဆောင်ချက်များကို စက်မော်ဒယ်အချို့တွင်သာ ပံ့ပိုးပေးသည်။

  • သီးသန့် ဆက်တင်တစ်ခုကို ချိန်ညှိခြင်းသည် တစ်ခါတစ်ရံ အခြား ဆက်တင်များကိုလည်း ပြောင်းစေနိုင်သည်။ အမှန်တကယ်လိုအပ်ချက်များပေါ်အခြေခံ၍သာ ချိန်ညှိမှုများပြုလုပ်ရန် မမေ့ပါနှင့်။

Pro စနစ်ဖြင့် ဗီဒီယိုများ ရိုက်ကူးခြင်း

  1. Pro စနစ်တွင် ဗီဒီယို စနစ်သို့ ပြောင်းရန် ကို နှိပ်ပါ။ ထိုနေရာမှတစ်ဆင့် အောက်ပါတို့ကို စိတ်ကြိုက်လုပ်ဆောင်နိုင်သည်-

    • တိုင်းတာစနစ်ကို ချိန်ညှိခြင်း- M ကို နှိပ်ပြီး တိုင်းတာစနစ်ကို ရွေးချယ်ပါ။

      တိုင်းတာစနစ်

      သုံးစွဲမှု အခြေအနေ

      မက်ထရစ်

      ဖရိန်တစ်ခုလုံးရှိ အလင်းကို တိုင်းတာပေးသည်၊ သဘာဝရှုခင်းများ ရိုက်ကူးခြင်းအတွက် အကောင်းဆုံးဖြစ်သည်။

      အလယ်ဗဟို

      မျက်နှာပြင်၏ အလယ်ဗဟိုအနီးရှိ အလင်းကို ဆုံချက်ချိန်ပေးသည်၊ အလှပုံများ ရိုက်ကူးခြင်းအတွက် အကောင်းဆုံးဖြစ်သည်။

      နေရာကွက်ကွက်

      ရိုက်မည့်အရာ၏ မျက်လုံးများကဲ့သို့ တိကျသောနေရာသေးသေးလေးမှလာသည့် အလင်းကို ဆုံချက်ချိန်ပေးသည်။

    • ISO တုံ့ပြန်နိုင်စွမ်းကို ချိန်ညှိခြင်း- ISO ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

      အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် ယေဘုယျအားဖြင့် ISO တုံ့ပြန်နိုင်စွမ်းကို တိုးမြှင့်သင့်သည်။ အလင်းရောင်ကောင်းစွာရသော ပတ်ဝန်းကျင်များတွင် ရုပ်ပုံအစက်အပြောက် မရှိစေရန် ၎င်းကို လျှော့ချသင့်သည်။

    • အလင်းဝင်ပေါက်ကို ချိန်ညှိခြင်း- A ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

      f ဂဏန်း ပိုငယ်လျှင် နောက်ခံပိုဝါးပါမည်။ အလှပုံများကို ရိုက်ကူးရန် f ဂဏန်းအသေးများကို သုံးကြည့်ပါ။ ရှုခင်းများကို ရိုက်ကူးရန် f ဂဏန်းအကြီးများကို သုံးကြည့်ပါ။

    • ရှပ်တာမြန်နှုန်းကို ချိန်ညှိခြင်း- S ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

      ရှပ်တာမြန်နှုန်းသည် ကင်မရာ မှန်ဘီလူးထဲ ဝင်ရောက်နိုင်သော အလင်းပမာဏကို ဆုံးဖြတ်ပေးသည်။ ငြိမ်သက်နေသည့် ရှုခင်းများ သို့မဟုတ် အလှပုံများကို ရိုက်ကူးသည့်အခါ ပိုနှေးသောရှပ်တာမြန်နှုန်းကိုသုံးရန် အကြံပြုပါသည်။ အလားတူပင် လျင်မြန်စွာ ရွေ့လျားနေသော ရှုခင်းများ သို့မဟုတ် အရာဝတ္ထုများကို ရိုက်ကူးသည့်အခါ ရှပ်တာမြန်နှုန်းကို တိုးမြှင့်သင့်ပါသည်။

    • EV အလင်းချိန်ညှိမှု ပြုလုပ်ခြင်း- EV· ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

      အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် EV တန်ဖိုးကို တိုးမြှင့်ပြီး အလင်းရောင်ကောင်းစွာရသော ပတ်ဝန်းကျင်များတွင် ၎င်းကို လျှော့ချရန် အကြံပြုသည်။

    • ဆုံချက် ချိန်ညှိခြင်း- AF· ကို နှိပ်ပြီး ဆုံချက်စနစ်ကို ရွေးချယ်ပါ။

      ဆုံချက် စနစ်

      သုံးစွဲမှု အခြေအနေ

      AF-S (ရိုက်ချက်တစ်ခုချင်း အော်တို ဆုံချက်ချိန်မှု)

      ငြိမ်သက်နေသည့် အရာများ

      AF-C (ဆက်တိုက်ရိုက်ချက်ကို အော်တို ဆုံချက်ချိန်မှု)

      ရွေ့လျားနေသည့် အရာများ

      MF (ကိုယ်တိုင် ဆုံချက်ချိန်မှု)

      ရိုက်ကူးလိုသည့်အရာ သို့မဟုတ် ၎င်း၏မျက်နှာကဲ့သို့ တိကျသော အစိတ်အပိုင်းများပေါ်တွင် ဆုံချက်ချိန်ရန် ၎င်းကို နှိပ်ပါ။

    • အရောင်သန်းခြင်းကို ချိန်ညှိခြင်း- WB· ကို နှိပ်ပြီး စနစ်ကို ရွေးချယ်ပါ။

      တောက်ပသော နေရောင်တွင် ရိုက်ကူးသည့်အခါ ကို ရွေးချယ်ပါ။ တိမ်ထူသော အခြေအနေများ သို့မဟုတ် အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် ရိုက်ကူးသည့်အခါ ကို ရွေးချယ်ပါ။

      အရောင်ပမာဏကို ချိန်ညှိရန် ကို နှိပ်ပါ။

  2. စတင်ရိုက်ကူးရန် ကိုနှိပ်ပါ။

  • ဤလုပ်ဆောင်ချက်များကို စက်မော်ဒယ်အချို့တွင်သာ ပံ့ပိုးပေးသည်။

  • သီးသန့် ဆက်တင်တစ်ခုကို ချိန်ညှိခြင်းသည် တစ်ခါတစ်ရံ အခြား ဆက်တင်များကိုလည်း ပြောင်းစေနိုင်သည်။ အမှန်တကယ်လိုအပ်ချက်များပေါ်အခြေခံ၍သာ ချိန်ညှိမှုများပြုလုပ်ရန် မမေ့ပါနှင့်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်