သင့်စက်တွင် အထောက်အကူပြု လုပ်ဆောင်ချက်များကို အသုံးပြုခြင်း
| သင့်စက်တွင် အထောက်အကူပြု လုပ်ဆောင်ချက်များကို အသုံးပြုခြင်း |
မျက်နှာပြင်ပေါ်ရှိ အကြောင်းအရာဖတ်ပြသည့် အက်ပ်များ၊ မြင်ကွင်းချဲ့ ဟန်ပန်များနှင့် မျက်နှာပြင်အရောင် ပြင်ဆင်ချက်များကဲ့သို့ အထောက်အကူပြု လုပ်ဆောင်ချက်များသည် စက်တွင် ပိုမိုလွယ်ကူစွာ နေရာတစ်ခုမှတစ်ခုသို့ ပြောင်းနိုင်စေပြီး အမြင်အာရုံချို့ယွင်းသော သုံးစွဲသူများအတွက် အသုံးပြုရ ပိုမိုလွယ်ကူစေသည်။
မျက်နှာပြင် အရောင်ကို စိတ်ကြိုက်ပြုလုပ်ရန် အရောင် အမှန်ပြင်ခြင်းကို ဖွင့်ခြင်း
အရောင် အမှန်ပြင်ခြင်းသည် အမြင်အာရုံ အားနည်းသော လူများအတွက် မျက်နှာပြင် အကြောင်းအရာကို ပို၍ လွယ်လွယ်ကူကူ ကြည့်နိုင်အောင် ကူညီပေးသည်။
-
သို့ သွားပြီး အရောင် ပြင်ဆင်မှု ကို ဖွင့်ပါ။
-
အရောင် အမှန်ပြင်သည့် စနစ်ကို ရွေးချယ်ရန် အမှားပြင်ဆင်မှု စနစ် ကို နှိပ်ပါ။
ပုံကြီးချဲ့ လက်ဟန်အမူအရာကို အသုံးပြုခြင်း
မျက်နှာပြင်ပေါ်တွင် ဇူးမ်ချဲ့ရန် ပုံကြီးချဲ့ လက်ဟန်အမူအရာကို အသုံးပြုပါ။
မျက်နှာပြင်တွင် မြင်ကွင်းချဲ့ ကို နှိပ်ပြီးနောက် ၎င်းကို ဖွင့်ပါ။
မျက်နှာပြင်ကို သုံးကြိမ်ဆက်တိုက် နှိပ်ခြင်းဖြင့် ဇူးမ်ချဲ့ သို့မဟုတ် ဇူးမ်ချုံ့ပါ။
-
ဇူးမ်ချဲ့ထားစဉ် နောက်ထပ် ဇူးမ်ချဲ့ရန် လက်နှစ်ချောင်းနှင့်အထက်ကို ဆွဲခွာပြီးနောက် ဇူးမ်ပြန်ချုံ့ရန် လက်နှစ်ချောင်းနှင့်အထက်ကို ဆွဲကပ်ပါ။
-
မျက်နှာပြင်၏ အခြားအစိတ်ပိုင်းများကို ကြည့်ရန် လက်နှစ်ချောင်းနှင့် အထက်ဖြင့် မျက်နှာပြင်ကို ဆွဲရွှေ့ပါ။
အရောင် ပြောင်းပြန်လှန်ခြင်းကို ဖွင့်ခြင်း
အရောင် ပြောင်းပြန်လှန်ခြင်းသည် စာသားနှင့် နောက်ခံ အရောင်ကို ပြောင်းပြန်လှန်ခွင့် ပြုပါသည်။ အရောင် ပြောင်းပြန်လှန်ခြင်းကို ဖွင့်ထားသောအခါ သင့်စက်သည် စာသားကို အဖြူရောင်၊ နောက်ခံကို အနက်ရောင်ဖြင့် ပြသပါမည်။
သုံးစွဲခွင့် မျက်နှာပြင်ပေါ်တွင် အရောင်ပြောင်းလဲမှု ကို ဖွင့်ပါ။
ရှော့(တ်)ကတ်တစ်ခု သုံး၍ သုံးစွဲခွင့် လုပ်ဆောင်ချက်ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
အသံ ခလုတ်များကို နှိပ်ရုံဖြင့် သုံးစွဲခွင့် လုပ်ဆောင်ချက်ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
-
ထိုသို့လုပ်ဆောင်ရန် သုံးစွဲခွင့် မျက်နှာပြင်တွင် သုံးစွဲခွင့် ရှော့(တ်)ကတ်ကို နှိပ်ပြီး သုံးစွဲခွင့် ရှော့(တ်)ကတ်ကို ဖွင့်ပါ။
-
အရောင် ပြင်ဆင်မှုကဲ့သို့ ရှော့(တ်)ကတ်ဖြင့် ဖွင့်လိုသည့် လုပ်ဆောင်ချက်ကို ရွေးချယ်ရန် လုပ်ဆောင်ချက်များအား ရွေးချယ်ရန်ကို နှိပ်ပါ။
-
ထို့နောက် လုပ်ဆောင်ချက်ကို ဖွင့်ရန် အသံချဲ့ ခလုတ်နှင့် အသံတိုး ခလုတ်ကို 3 စက္ကန့်ကြာအောင် တစ်ပြိုင်တည်း ဖိ၍ နှိပ်ထားပါ။ လုပ်ဆောင်ချက်ကို ပိတ်ရန် ထိုနည်းအတိုင်းလုပ်ပါ။
မျက်နှာပြင် ထိနှိပ်မှု ကာလကို ချိန်ညှိခြင်း
သင်သည် ထိနှိပ်မှု ကာလနှင့် ကြာရှည်ထိနှိပ်မှု ကာလကို ချိန်ညှိနိုင်သည့်အပြင် အချိန်မည်မျှအတွင်း ထပ်တလဲလဲ ထိနှိပ်မှုများအား လျစ်လျူရှုမည်ကို သတ်မှတ်နိုင်သည်။
သုံးစွဲခွင့် ဆက်တင် မျက်နှာပြင်တွင် ထိနှိပ်မျက်နှာပြင် ဆက်တင် ကို နှိပ်ပြီးနောက် အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါသည်-
-
ထိနှိပ်မှု ကာလ ကို နှိပ်ပြီး ထိနှိပ်မှု ကာလကို လိုအပ်သလို သတ်မှတ်ပါ။
-
နှိပ်၍ ဖိထားချိန် ကို နှိပ်၍ ကြာရှည်ထိနှိပ်မှု ကာလကို လိုအပ်သလို သတ်မှတ်ပါ။
-
ထပ်နေသည့် ထိနှိပ်မှုများကို လျစ်လျူရှုရန် ကို ဖွင့်၍ မျက်နှာပြင် ထပ်တလဲလဲ ထိနှိပ်မှုများအတွက် တစ်ခုနှင့်တစ်ခုကြား အချိန်ကို လိုအပ်သလို သတ်မှတ်ရန် ဆလိုက်ဒါကို ဆွဲရွှေ့ပါ။
ဘလူးတုသ်မှတစ်ဆင့် နားကြားကိရိယာနှင့် ချိတ်ဆက်ခြင်း
ဖုန်းခေါ်ဆိုမှုများနှင့် အသံကို ကျယ်ကျယ်နှင့် ရှင်းရှင်းလင်းလင်း ကြားရရန် ဘလူးတုသ် စွမ်းအင်လျှော့သုံး နည်းပညာကို ပံ့ပိုးပေးသော နားကြားကိရိယာနှင့် သင့်စက်ကို ချိတ်ဆက်ပါ။
-
ကွန်ထရိုးလ် ပန်နယ်ကို ပြသစေရန် စက်၏ အပေါ် ညာဘက်ထောင့်မှ အောက်သို့ ပွတ်ဆွဲပြီး ဘလူးတုသ်ကို ဖွင့်ပါ။
-
ဘလူးတုသ် စွမ်းအင်လျှော့သုံး နည်းပညာကို ပံ့ပိုးပေးသော နားကြားကိရိယာနှင့် သင့်စက်ကို ဘလူးတုသ်မှတစ်ဆင့် ချိတ်ဆက်ပါ။
-
ချိတ်ဆက်ပြီးသည်နှင့် သင့်နားကြားကိရိယာကို အလွယ်တကူတပ်ဆင်၍ ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုပြီး အော်ဒီယိုများကို ၎င်းပေါ်တွင် တိုက်ရိုက်နားထောင်ပါ။
သင်သည် ပြန်ဖွင့်သည့်စက်ကို ကိုယ်တိုင်လည်း ပြောင်းနိုင်သည်။
-
MeeTime/အသံဖြင့် ဖုန်းခေါ်ဆိုမှုများ- ဖုန်းခေါ်မျက်နှာပြင်တွင် ၎င်းတို့အကြားပြောင်းရန်
ကို နှိပ်ပါ။
ဖုန်းခေါ်မျက်နှာပြင်တွင်
ရွေးချယ်စရာမရှိပါက သင်သည် ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုရန် နားကြားကိရိယာကို အသုံးပြု၍မရသည့်သဘောဖြစ်သည်။
-
အော်ဒီယို ပြန်ဖွင့်မှု- ကွန်ထရိုးလ် ပန်နယ်ကို ပြသစေရန် သင့်စက်၏ အပေါ် ညာဘက်ထောင့်မှ အောက်သို့ ပွတ်ဆွဲ၍ ပြန်ဖွင့်သည့်စက်ကို ပြောင်းရန် အသံ ကွန်ထရိုးလ် ပန်နယ်ရှိ
ကို နှိပ်ပါ။
-
သို့ သွား၍လည်း မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ကာ နားကြားကိရိယာကို သတ်မှတ်နိုင်သည် (ဥပမာ- အသံအတိုးအကျယ် ချိန်ညှိခြင်း)။