စာသား သို့မဟုတ် ရုပ်ပုံများကို စက်တစ်လုံးမှ တစ်လုံးသို့ ကူးယူပြီး ပြန်ကူးထည့်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI nova 11(single card 8gb+256gb、dual card 8gb+256gb),HUAWEI nova 11 Pro(single card 8gb+256gb、dual card 8gb+256gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
စာသား သို့မဟုတ် ရုပ်ပုံများကို စက်တစ်လုံးမှ တစ်လုံးသို့ ကူးယူပြီး ပြန်ကူးထည့်ခြင်း

ပိုစတာများ ရေးသား၊ ဖန်တီးရာတွင် ပိုမိုလွယ်ကူစေရန် ဝေမျှ ကလစ်ဘုတ်ကို သုံးပြီး သင့်ဖုန်းနှင့် တက်ဘလက်အကြား စာသား သို့မဟုတ် ရုပ်ပုံများကို ကူးယူပြီး ပြန်ကူးထည့်ပါ။

စက်များအကြား အပြန်အလှန်သုံး ကလစ်ဘုတ်ကို ဖွင့်ခြင်း

  1. သင့်ဖုန်းနှင့် တက်ဘလက်တွင် တူညီသည့် HUAWEI ID ထဲသို့ ဝင်ရောက်ပါ။

  2. ဘလူးတုသ်ကို ဖွင့်၍ စက်နှစ်ခုလုံးတွင် တူညီသော Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ပါ။

  3. ဆက်တင် > စူပါစက် > စက်များအကြား အပြန်အလှန်သုံး ကလစ်ဘုတ် သို့ သွား၍ စက်များအကြား အပြန်အလှန်သုံး ကလစ်ဘုတ်ကို ဖွင့်ထားကြောင်း သေချာပါစေ။

  4. စာသား သို့မဟုတ် ရုပ်ပုံကို စက်တစ်လုံးမှ အခြားတစ်လုံးသို့ ကူးယူပါ။

    ဤလုပ်ဆောင်ချက်ကို HUAWEI မှတ်စုစာအုပ်၊ အီးမေးလ်၊ ပုံပြခန်း၊ Browser နှင့် အချို့ပြင်ပအဖွဲ့အစည်း အက်ပ်များတွင် သုံးနိုင်သည်။

စာသား သို့မဟုတ် ရုပ်ပုံများကို စက်တစ်လုံးမှ တစ်လုံးသို့ ကူးယူပြီး ပြန်ကူးထည့်ခြင်း

စာသားကို ကူးယူ၍ ပြန်ကူးထည့်ခြင်း

  1. စက်တွင် ပေါ်လာသည်အထိ အက်ပ်အတွင်း (မှတ်စုစာအုပ်၊ အီးမေးလ် သို့မဟုတ် Browser ကဲ့သို့) ရွေးချယ်မည့်စာသားကို ဖိ၍ နှိပ်ထားပါ။

    စာသားကို သင် ဖိ၍ နှိပ်ထားပြီးနောက် ဖြစ်ပွားမည့်အရာသည် အက်ပ်တစ်ခုနှင့်တစ်ခု မတူနိုင်ပါ။ တုံ့ပြန် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပါ။

  2. သင်လိုချင်သော စကားလုံးများကိုသာ ရွေးချယ်ရန် နှင့် ကို ဆွဲပါ သို့မဟုတ် အားလုံး ရွေးမည် ကို နှိပ်ပါ။

  3. ကူးယူသည် သို့မဟုတ် ဖြတ်တောက်ပါ ကို လိုအပ်သလို နှိပ်ပါ။

  4. အခြားစက်တွင် အက်ပ်အတွင်းရှိ (မှတ်စုစာအုပ် သို့မဟုတ် အီးမေးလ် ကဲ့သို့) သင် စာသား ထည့်သွင်းလိုသော နေရာကို ဖိ၍ နှိပ်ထားပြီး ပြန်ကူးပါ ကို နှိပ်ပါ။

ရုပ်ပုံများကို ကူးယူ၍ ပြန်ကူးထည့်ခြင်း

  1. စက်တွင် အက်ပ်အတွင်း (မှတ်စုစာအုပ် သို့မဟုတ် အီးမေးလ် ကဲ့သို့) သင်ကူးယူလိုသော ရုပ်ပုံကို ဖိ၍ နှိပ်ထားပြီး ကူးရန် ကို နှိပ်ပါ။

    သင့်ပုံပြခန်းရှိ ရုပ်ပုံကို ရွေးချယ်၍လည်း > ကလစ်ဘုတ်တွင် ကူးယူရန် သို့ သွားကာ ကူးယူနိုင်သည်။

  2. အခြားစက်တွင် အက်ပ်အတွင်းရှိ (မှတ်စုစာအုပ် သို့မဟုတ် အီးမေးလ် ကဲ့သို့) သင် ပုံ ထည့်သွင်းလိုသော နေရာကို ဖိ၍ နှိပ်ထားပြီး ပြန်ကူးပါ ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်