ရင်သပ်ရှုမောဖွယ် Vlog ဗီဒီယိုကို ရိုက်ကူးခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI nova 11(single card 8gb+256gb、dual card 8gb+256gb),HUAWEI nova 11 Pro(single card 8gb+256gb、dual card 8gb+256gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ရင်သပ်ရှုမောဖွယ် Vlog ဗီဒီယိုကို ရိုက်ကူးခြင်း

သင့် vlog အတွက် ရိုက်ကူးနေချိန်တွင် မတူညီသော ရိုက်ကူးသည့်စနစ်များအကြား တစ်ခုမှ တစ်ခုသို့ ပြောင်းပြီး နောက်ခံတေးဂီတနှင့် စစ်ထုတ်မှုများကို ထည့်ကာ ပျော်စရာကောင်းပြီး လူကြိုက်များသော ဗီဒီယိုများကို စိတ်ကြိုက် ဖန်တီးပါ။

Vlog ဗီဒီယိုကို ကင်မရာများစွာဖြင့် ရိုက်ကူးခြင်း

  1. ကင်မရာ > Vlog > ကင်မရာမှန်ဘီလူးများ သို့ သွားပါ။ ထိုနေရာမှနေ၍ အောက်ပါတို့ကို စိတ်ကြိုက်လုပ်ဆောင်နိုင်သည်-

    • ရိုက်ကူးသည့်စနစ်ကို ရွေးချယ်ခြင်း- မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပြီး ရှေ့၊ အနောက် သို့မဟုတ် ရှေ့/အနောက် စနစ်ကဲ့သို့ ရိုက်ကူးသည့်စနစ်တစ်ခုကို ရွေးချယ်ပါ။

      ရိုက်ကူးနေစဉ် ရိုက်ကူးသည့်စနစ်များအကြား ပြောင်းရန် ကို နှိပ်ပြီး မတူညီသော ကတ်တစ်ခုကို ရွေးချယ်ပါ သို့မဟုတ် ရိုက်ကူးမှုကို ခေတ္တရပ်ရန် သို့မဟုတ် ရပ်တန့်ရန်မလိုဘဲ ရှေ့နှင့် အနောက်ကင်မရာများအကြား အချိန်မရွေး ပြောင်းရန် ကို နှိပ်ပါ။

    • နောက်ခံ တေးဂီတကို ရွေးချယ်ခြင်း- နောက်ခံ တေးဂီတကို ရွေးချယ်ရန် ကို နှိပ်ပါ။

    • စစ်ထုတ်မှု အထူးပြုလုပ်ချက်များကို ထည့်ခြင်း- သို့မဟုတ် ကို နှိပ်ပြီး စစ်ထုတ်မှုတစ်ခုကို ရွေးချယ်ပါ။

    လုပ်ဆောင်ချက်ကို ရရှိနိုင်မှုသည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။

  2. ရိုက်ကူးမှုကို ခေတ္တရပ်ရန် ကို နှိပ်ပြီး ရိုက်ကူးမှု ရပ်ရန် ကို နှိပ်ပါ။

သင့် Vlog တွင် တောက်ပသော အထူးပြုလုပ်ချက်များ ထည့်ခြင်း

သင့် vlog ကို လူအများကြားထဲတွင် ထင်ရှားပေါ်လွင်စေရန် ရင်သပ်ရှုမောဖွယ် အထူးပြုလုပ်ချက်များအပြည့်ဖြင့် ပိုမိုဆွဲဆောင်မှုရှိသော ဗီဒီယိုအတိုများကို ရိုက်ကူးပါ။

  1. ကင်မရာ > Vlog > အထူးပြုလုပ်ချက်များ သို့ သွားပါ။

  2. "Showcase Focus" "Follow Focus" သို့မဟုတ် "Portrait Video" (သင့်စက် အမျိုးအစားပေါ် မူတည်၍) ကဲ့သို့ ရိုက်ကူးသည့်စနစ်ကို ရွေးချယ်ပါ။

    ဥပမာအားဖြင့် ဗီဒီယိုရိုက်ကူးခြင်းအတွက် "Follow Focus" စနစ်ကို ရွေးချယ်ပါက ကင်မရာသည် ရိုက်ကူးမည့်အရာကို အချိန်နှင့်တစ်ပြေးညီ နောက်မှလိုက်ရိုက်ပါမည်။ ရိုက်ကူးမည့်အရာကို ပြောင်းရန် ဖရိန်အတွင်းရှိ အခြားလူတစ်ယောက်ကိုလည်း နှိပ်နိုင်သည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်