သံလိုက်အိမ်မြှောင်
သံလိုက်အိမ်မြှောင် |
ဦးတည်ရာများနှင့် ကိုဩဒိနိတ်များကို သံလိုက်အိမ်မြှောင်ဖြင့် ကြည့်ခြင်း
သံလိုက်အိမ်မြှောင်သည် သင့်စက်ညွှန်ပြနေသော ဦးတည်ရာအပြင် သင့်လက်ရှိ လောင်ဂျီတွဒ်နှင့် လတ္တီတွဒ်ကိုလည်း ပြသပေးသည်။
-
သင်သည် သံလိုက်အိမ်မြှောင်ကို အောက်ပါ နည်းလမ်းတစ်ခုခုဖြင့် ဖွင့်နိုင်သည်-
ရှာဖွေရေး အကွက်ကို ပြသရန် ပင်မ မျက်နှာပြင်၏ အလယ်မှ အောက်သို့ ပွတ်ဆွဲ၍ သံလိုက်အိမ်မြှောင် ကို ရှာပါ။ ပထမဆုံးရလဒ်သည် ကြိုတင်ထည့်သွင်းထားသည့် သံလိုက်အိမ်မြှောင် အက်ပ် ဖြစ်ပါမည်။
ကိရိယာများ ဖိုင်တွဲတွင် သံလိုက်အိမ်မြှောင် ကို ရှာပါ။
သင်သည် ဦးတည်ရာများနှင့် ကိုဩဒိနိတ်များကို အောက်ပါ နည်းလမ်းတစ်ခုခုဖြင့် ကြည့်နိုင်သည်-
သင့်စက်ကို အပြားလိုက်ကိုင်ထားချိန်တွင် သံလိုက်အိမ်မြှောင် မျက်နှာပြင်သည် သင့်စက် ညွှန်ပြနေသော ဦးတည်ရာကို လက်ရှိ ကိုဩဒိနိတ်များနှင့်အတူ ပြသပါမည်။
သင့်စက်ကို အပေါ်သို့ ထောင်၍ ကိုင်ထားချိန်တွင် သံလိုက်အိမ်မြှောင် မျက်နှာပြင်သည် သင့်စက်ရှိ အနောက်ကင်မရာ၏ viewfinder အပြင် သင့်စက် ညွှန်ပြနေသော ဦးတည်ရာနှင့် လက်ရှိ ကိုဩဒိနိတ်များကိုလည်း ပြသပါမည်။
လက်ရှိ ဦးတည်ရာကို လော့ခ်ချရန် သံလိုက်အိမ်မြှောင် ဒိုင်ခွက်ကို နှိပ်ပါ။ သင် လမ်းကြောင်းမှ လွဲချော်သွားပါက ဒိုင်ခွက် အမှတ်အသားများ အပြာရောင် ပြောင်းသွားပါမည်။
အတိကျဆုံးဖြစ်စေရန်အတွက် သံလိုက်အိမ်မြှောင်ကို သုံးနေချိန်တွင် သင့်စက်ကို အပြားလိုက် သို့မဟုတ် အပေါ်သို့ ထောင်၍ ကိုင်ထားရန် မမေ့ပါနှင့်။
သံလိုက်အိမ်မြှောင် အသုံးပြု၍ လေထုဖိအားနှင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ကို ကြည့်ခြင်း
သံလိုက်အိမ်မြှောင်တွင် သင်သည် လေထုဖိအားနှင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ကို အောက်ပါနည်းလမ်းများဖြင့် ကြည့်နိုင်သည်-
သင့်စက်ကို ပြားလိုက် ကိုင်ထားပါက သံလိုက်အိမ်မြှောင် မျက်နှာပြင်တွင် ဒိုင်ခွက်တစ်ခုနှင့်တကွ သင့်လက်ရှိ တည်နေရာ၏ လေထုဖိအားနှင့် ပင်လယ်ပြင်ထက်အမြင့်ကို ပြသပါမည်။
သင့်စက်ကို မတ်မတ်ထောင်၍ ကိုင်ထားပါက သံလိုက်အိမ်မြှောင် မျက်နှာပြင်တွင် သင့်စက်၏ အနောက်ကင်မရာရှိ viewfinder နှင့်တကွ သင့်လက်ရှိ တည်နေရာ၏ လေထုဖိအားနှင့် ပင်လယ်ပြင်ထက်အမြင့်ကို ပြသပါမည်။
ပိုမိုတိကျသော ပင်လယ်ပြင်ထက်အမြင့် ဒေတာကိုရရှိရန် ကို နှိပ်ပြီး အွန်လိုင်း အမြင့်ပေ ချိန်ညှိမှု ကို ဖွင့်ပါ။