ခေါ်ဆိုမှုများ ပြုလုပ်ရန် MeeTime ကို သုံးခြင်း
ခေါ်ဆိုမှုများ ပြုလုပ်ရန် MeeTime ကို သုံးခြင်း |
Huawei စက်များ (ဥပမာ၊ ဖုန်းများနှင့် တက်ဘလက်များ) ရှိသော အဆက်အသွယ်များနှင့် အရည်အသွေးမြင့် ဗီဒီယိုခေါ်ဆိုမှု သို့မဟုတ် အော်ဒီယို ခေါ်ဆိုမှုများ ပြုလုပ်ရန် MeeTime ကို သုံးပြီး ဖုန်းပြောနေစဉ် သင့်မျက်နှာပြင်ကို မျှဝေပါ။
GPU Turbo နည်းပညာကို အသုံးပြုထားသည့် ဤလုပ်ဆောင်ချက်သည် ကွန်ရက်လိုင်းမကောင်းသည့်အခါ ဗီဒီယို အရည်အသွေးကို အလိုအလျောက် ပိုမိုကောင်းမွန်စေပါသည်။ ၎င်း၏ အသိဉာဏ်ရှိရှိ လုပ်ဆောင်ပေးနိုင်သော နည်းစနစ်ကြောင့် ညဘက်၌ သို့မဟုတ် အလင်းရောင် အားနည်းသည့် အခြေအနေ၌ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်သည့်အခါတွင်ပင် သင့်မျက်နှာကို ပြတ်သားရှင်းလင်းစွာ မြင်ရပါမည်။ ဗီ
သင့်စက်ကို နောက်ဆုံးထွက် စနစ်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားကြောင်း သေချာပါစေ။
ဤလုပ်ဆောင်ချက်ကို အချို့ နိုင်ငံများနှင့် ဒေသများတွင်သာ ရနိုင်ပါသည်။
သင့်စက်တွင် MeeTime အက်ပ်ကို ကြိုတင်ထည့်သွင်းထားခြင်း မရှိပါက ၎င်းကို AppGallery မှ ဒေါင်းလုဒ်လုပ်ပါ။
MeeTime ဒေတာသုံးစွဲမှုဆိုင်ရာ ညွှန်ကြားချက်များ
MeeTime သည် Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာကိုသာ အသုံးပြုပြီး ဖုန်းခေါ်ဆိုမှုများအဖြစ် သင့်ဆက်သွယ်ရေး ကယ်ရီယာက ငွေကောက်ခံမည်မဟုတ်ပါ။ ဤလုပ်ဆောင်ချက်ကို Wi-Fi ကွန်ရက်ဖြင့် အသုံးပြုရန် အကြံပြုထားပါသည်။
သင်သည် မိုဘိုင်းဒေတာကို သုံး၍ ဗီဒီယို ခေါ်ဆိုမှု ပြုလုပ်ရန် လိုပါက သင်အသုံးပြုသည့် မိုဘိုင်းဒေတာ ပမာဏကို ချွေတာရန် အောက်ပါအတိုင်း လုပ်ဆောင်နိုင်သည်- MeeTime မျက်နှာပြင်တွင် အပေါ် ညာဘက်ထောင့်ရှိ သင့်ပရိုဖိုင်းပုံကို နှိပ်၍ ဆက်တင် မျက်နှာပြင်ကို ဝင်ရောက်သုံးစွဲပြီးနောက် ဒေတာသက်သာစေမှု ဖွင့်/ပိတ်ခလုတ်ကို ဖွင့်ပါ။
ဒေတာ ဝန်ဆောင်မှုများကို Wi-Fi သီးသန့် တက်ဘလက်များတွင် အသုံးမပြုနိုင်ပါ။
အရည်အသွေးမြင့် ဗီဒီယို သို့မဟုတ် အော်ဒီယို ခေါ်ဆိုမှု ပြုလုပ်ခြင်း
ဖုန်းများနှင့် တက်ဘလက်များကဲ့သို့ Huawei စက်များအကြား ချောမွေ့ပြီး အရည်အသွေးမြင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ရန် MeeTime ကို သုံးပါ။ မှောင်သောပတ်ဝန်းကျင်တွင်ပင် ရှင်းလင်းသော ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်နေစဉ် အလှအပအဆင့်ကို ချိန်ညှိနိုင်သည်။
MeeTime ကို ဖွင့်ပြီး ၎င်းကို အသက်သွင်းရန်နှင့် ဖွင့်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပါ။
MeeTime အက်ပ်ထဲတွင် သို့ သွားပြီး အရည်အသွေးမြင့် ဗီဒီယို သို့မဟုတ် အော်ဒီယို ခေါ်ဆိုမှု ပြုလုပ်ရန် ၎င်းတို့၏ စက်များတွင် MeeTime ကို ဖွင့်ထားသော အဆက်အသွယ်၏ ဘေးရှိ
သို့မဟုတ်
ကို နှိပ်ပါ။
ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နေစဉ် Soften လုပ်ဆောင်ချက်ကို ဝင်ရောက် သုံးစွဲရန် မျက်နှာပြင်ကို နှိပ်ပြီးနောက် ကို နှိပ်ပါ။ အလှအပ အဆင့်ကို ချိန်ညှိရန် ဆလိုက်ဒါကို ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ဆွဲပါ။
ဗီဒီယို ခေါ်ဆိုမှုများ ပိုမိုကောင်းမွန်စေရန်အတွက် သင့်စက်ကို သင်နှင့် 1 မီတာ (3.3 ပေ) အတွင်း ထားပြီး သင်သည် လင်းသောပတ်ဝန်းကျင်တွင် ရှိနေကြောင်း သေချာပါစေ။
ဘက်ထရီ ပမာဏ ချိန်ညှိသည့် လုပ်ဆောင်ချက်ကို ထုန်ကုန်အချို့ကသာ ပံ့ပိုးထားသည်။
ကို နှိပ်ပြီး အောက်ပါတို့ကို လုပ်ဆောင်ပါ-
MeeTime ကို အသံပိတ်ရန်
ကို နှိပ်ပါ။
စပီကာကို အသုံးပြုရန်
ကို နှိပ်ပါ။
အော်ဒီယို ခေါ်ဆိုမှုသို့ ပြောင်းရန်
ကို နှိပ်ပါ။
မျက်နှာပြင်ကို မျှဝေရန်
ကို နှိပ်ပါ။
သင်၏ ဖုန်းခေါ်ဆိုမှုစာရင်းများကို စီမံရန် သို့မဟုတ် ကြည့်ရန် ခေါ်ဆိုမှုများ ကို နှိပ်ပါ။
MeeTime ခေါ်ဆိုမှု ပြုလုပ်နေစဉ် သင့်စက်မျက်နှာပြင်ကို မျှဝေခြင်း
MeeTime ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နေစဉ် သင့်မျက်နှာပြင်ကို အခြား တစ်ဖက်နှင့် မျှဝေနိုင်ပြီး မျက်နှာပြင်ပေါ်တွင် ရေးခြစ်နိုင်သည်။ ထိုအခါ အခြားတစ်ဖက်သည် သင့်မျက်နှာပြင်နှင့် ၎င်းပေါ်တွင် သင် ရေးခြစ်ထားသည်များကို ကြည့်နိုင်သည်။

ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နေစဉ် မျက်နှာပြင်ကို နှိပ်ပါ၊
သို့ သွားပြီး သင့်မျက်နှာပြင်ကို မျှဝေရန် မျက်နာပြင်ပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပါ။သင့်မျက်နှာပြင်ကို မျှဝေနေစဉ် သင့်မျက်နှာပြင်ပေါ်တွင် စတင် ရေးခြစ်ရန်
ကို နှိပ်ပါ။
မျက်နှာပြင် မျှဝေခြင်းမှ ထွက်ရန်
ကို နှိပ်ပါ။
MeeTime အဖွဲ့လိုက် ဖုန်းခေါ်ဆိုမှုများကို စတင်ခြင်း
MeeTime အဖွဲ့လိုက် ဖုန်းခေါ်ဆိုမှုများဖြင့် သင်သည် သုံးစွဲသူများစွာနှင့် အော်ဒီယို သို့မဟုတ် ဗီဒီယို ဖုန်းခေါ်ဆိုမှု တစ်ပြိုင်နက်လုပ်နိုင်သည်။

ကောလ် စတင်ရန် ကို နှိပ်ပါ။
သို့ သွားပါ၊ သင်ဖိတ်ခေါ်လိုသော အဆက်အသွယ်များကို ရွေးချယ်၍နှစ်ယောက်တည်း ဗီဒီယိုခေါ်ဆိုစဉ်အတွင်း မျက်နှာပြင်ကို နှိပ်ပါ၊ ကောလ်တွင် မန်ဘာများ ပေါင်းထည့်ရန် ကို နှိပ်ပါ။
သို့ သွားပါ၊ အဆက်အသွယ်များကို ထည့်ပြီးနောက် အဖွဲ့ကောလ် ခေါ်ဆိုမှု စတင်ရန်တစ်ဦးချင်း အော်ဒီယိုခေါ်ဆိုစဉ်အတွင်း ကောလ်တွင် မန်ဘာများ ပေါင်းထည့်ရန် ကို နှိပ်ပါ။
ကို နှိပ်ပါ၊ အဆက်အသွယ်များကို ထည့်ပြီးနောက် အဖွဲ့ကောလ် ခေါ်ဆိုမှု စတင်ရန်
ဖုန်းပြောဆိုမည့် အဖွဲ့ဝင်များကို ထည့်ခြင်း- ကောလ်တွင် မန်ဘာများ ပေါင်းထည့်ရန် ကို နှိပ်ပါ။
သို့ သွားပါ၊ သင်ဖိတ်ခေါ်လိုသော အဆက်အသွယ်များကို ရွေးချယ်၍အလှစနစ်- ဗီဒီယို ဖုန်းခေါ်ဆိုစဉ်အတွင်း အလှအပအဆင့်ကို ချိန်ညှိရန်
ကို နှိပ်ပါ။
မျက်နှာပြင် မျှဝေခြင်း- သင့်မျက်နှာပြင်ကို အခြားအဖွဲ့ဝင်များနှင့် မျှဝေရန်
ကို နှိပ်ပါ။ သင့်မျက်နှာပြင်ကို မျှဝေစဉ် မျက်နှာပြင်တွင် စာရေးရန် သို့မဟုတ် ပုံဆွဲရန်
ကို နှိပ်နိုင်သည်။ သင့်မျက်နှာပြင် မျှဝေခြင်းကို ရပ်တန့်ရန်
ကို နှိပ်ပြီးနောက်
ကို နှိပ်ပါ။
အော်ဒီယိုနှင့် ဗီဒီယို ခေါ်ဆိုမှုများအကြား ပြောင်းခြင်း- အော်ဒီယိုနှင့် ဗီဒီယို ခေါ်ဆိုမှုများအကြား ပြောင်းရန်
ကို နှိပ်ပါ။
ဤလုပ်ဆောင်ချက် အချို့ကို အဖွဲ့လိုက် ဖုန်းခေါ်ဆိုမှုများတွင်သာ ပံ့ပိုးပေးသည်။
အလှစနစ်ကို အချို့စက်အမျိုးအစားများတွင်သာ ပံ့ပိုးပေးသည်။
MeeTime ဖုန်းနံပါတ်များ သတ်မှတ်ခြင်း
MeeTime ကို သင်၏ ဖုန်းနံပါတ် တစ်ခုထက်မကဖြင့် အသုံးပြုနိုင်ပါသည်။
MeeTime မျက်နှာပြင်တွင် အပေါ် ညာဘက်ထောင့်ရှိ သင့်ပရိုဖိုင်းပုံ အိုင်ကွန်ကို နှိပ်ပြီး ဆက်တင် မျက်နှာပြင်ကို ဝင်ရောက် သုံးစွဲပါ။
-
နံပါတ် ဆက်တင် ကို နှိပ်ပါ။ ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်-
ဖုန်းနံပါတ်တစ်ခုတည်းကိုသာ ချိတ်ထားပါက အခြားဖုန်းနံပါတ် ထည့်ရန်
ကို နှိပ်ပါ။
ဖုန်းနံပါတ်များစွာကို ချိတ်ထားပါက နံပါတ်တစ်ခုခုကို ဖျက်ပစ်ရန် သို့မဟုတ် နံပါတ်အသစ်များ ထည့်ရန်
ကို နှိပ်ပါ။
အထွက် နံပါတ် (ဤစက်) စာရင်းတွင် ထည့်ထားသော ဖုန်းနံပါတ်တစ်ခုကို ပုံသေနံပါတ်အဖြစ် သတ်မှတ်ရန် တစ်ခု ရွေးချယ်ပါ။