ကျွန်ုပ်ဖုန်းကိုမည်သို့ အသစ်မွမ်းမံရမည်နည်း။
လိုအပ်ချက်များအတိုင်း မှန်ကန်သော အသစ်မွမ်းမံနည်းကို ရွေးချယ်ပေးပါ။
1. အွန်လိုင်းမှ အသစ်မွမ်းမံခြင်း
မပြုလုပ်မီ လိုအပ်ချက်များ။ ။● အသစ်မွမ်းမံခြင်းမစတင်မီ သင့်ဖုန်းကို အင်တာနက်ဖြင့် ချိတ်ဆက်ထားရပါမည်။ အွန်လိုင်းမှ အသစ်မွမ်းမံခြင်းသည် ဒေတာပမာဏ တော်တော်စားနိုင်ပါသဖြင့် Wi-Fi ကွန်ရက်ဖြင့် သင့်ဖုန်းကို ချိတ်ဆက်ထားသင့်ကြောင်း အကြံပြုအပ်ပါသည်။
● အသစ်မွမ်းမံနေသည့် အချိန်တောက်လျှောက်တွင် ဖုန်းဘက်ထရီသည် 30% နှင့် အထက် ရှိနေရပါမည်။
2. HiSuite ကိုသုံးပြီး သင့်ဖုန်းကို အသစ်မွမ်းမံခြင်း
မပြုလုပ်မီ လိုအပ်ချက်များ။ ။● သင့်ကွန်ပြူတာပေါ်တွင် နောက်ဆုံးပေါ် HUAWEI HiSuite ဗားရှင်းကို ထည့်သွင်းပြီး ဖြစ်ရပါမည်။ မထည့်သွင်းရသေးပါက http://consumer.huawei.com/minisite/HiSuite_en/မှ ဒေါင်းလုပ်ဒ် ရယူနိုင်ပါသည်။
● အသစ်မွမ်းမံနေသည့် အချိန်တောက်လျှောက်တွင် ဖုန်းဘက်ထရီသည် 30% နှင့် အထက် ရှိနေရပါမည်။
● လုပ်ဆောင်နေစဉ်တောက်လျှောက်တွင် USB ကြိုးကို ဖြုတ်ခြင်း၊ ပါဝါပိတ်ခြင်း သို့မဟုတ် ဖုန်းကို ပြန်စတင်ဖွင့်ခြင်း သို့မဟုတ် မိုက်ခရို SD ကဒ်ကို ထုတ်ခြင်း ထည့်ခြင်းများ မပြုလုပ်ပါနှင့်။
ဗားရှင်းအသစ်တွေ့ရှိပါက သင့်ဖုန်းကို အသစ်မွမ်းမံပါ။ အသစ်မွမ်းမံခြင်း ပြီးစီးပါက သင်ဖုန်းကို အလိုအလျောက်ပြန်လည် စတင်ဖွင့်ပေးပါလိမ့်မည်။
* ပုံများသည် ကိုးကားရန်အတွက်သာဖြစ်ပြီး သင့်ဖုန်းနှင့် ကွာခြားကောင်း ကွာခြားနိုင်ပါသည်။