2K Eye Comfort HUAWEI FullView Display1
Surround Sound Tuned by Histen 8.0 | 6 nm Processor

Family Theatre in
the Palm
HUAWEI FullView
Display
2K Resolution
225 PPI

HUAWEI MatePad SE ကတော့မှင်သက်ဖွယ် 10.4-inch 2K3 HUAWEI FullView Display1 နှင့် 83% screen-to-body ratio တို့ကိုရရှိနိုင်မှာကြောင့် အကန့်အသတ်မဲ့ မြင်ကွင်းအတွေ့အကြုံကိုရရှိနိုင်မှာဖြစ်ပါတယ်။ HUAWEI Histen 8.0 နည်းပညာကိုအသုံးပြုထားတဲ့ Dual Symmetrical Speaker စနစ်ကြောင့် HUAWEI MatePad SE ရဲ့အသံကတော့ ပတ်၀န်းကျင်တစ်ခုလုံးကိုလွှမ်းခြုံပြီး လူအသံထိန်းညှိခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနှင့် Online Class တက်ခြင်းတို့အတွက် ကြည်လင်ရှင်းလင်းနေစေမှာဖြစ်ပါတယ်။
Eye-Soothing
Comfort
HUAWEI MatePad SE ၏ 2K screen ကတော့ TÜV Rheinland Low Blue Light and Flicker Free certification များ4 ကိုရရှိထားပြီး မျက်လုံးကိုညောင်းညာခြင်းမရှိပဲ လန်းဆန်းစေရန်အတွက် ဒီဇိုင်းပြုလုပ်ထားပါတယ်။ 4096-level အလင်းအမှောင်ချိန်ညှိခြင်း5 ကတော့ Display ကို ပတ်၀န်းကျင်အလင်းရောင်အခြေအနေကိုလိုက်ပြီး ပြောင်းလဲပေးမှာဖြစ်ပါတယ်။ နေသာတဲ့ဧည့်ခန်းများတင်မကပဲ အလင်းမှိန်တဲ့အိပ်ခန်းများမှာပါ မျက်တောင်ခတ်တိုင်း စိတ်ကျေနပ်မှုအပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။

4096-Level Brightness
Adjustment

TÜV Rheinland Flicker Free
Certification

TÜV Rheinland Low Blue Light
Certification
Lightweight
and Durable
Tablet တွင် Micro-curved middle frame design ကိုအသုံးပြုထားတာကြောင့် 440 g6 အလေးချိန်ဖြင့် အံ့သြဖို့ကောင်းလောက်အောင်ပေါ့ပါးပြီး ကိုင်တွယ်ရလည်းအဆင်ပြေစေမှာဖြစ်ပါတယ်။ ခိုင်ခံ့သောကိုယ်ထည်မှာလည်း မတော်တဆပြုတ်ကျခြင်း (သို့မဟုတ်) ဖိထိုင်မိခြင်း7 စတဲ့ နေ့စဥ်ဘ၀မှာကြုံတွေ့ရလေ့ရှိတဲ့ ထိခိုက်မှုများကိုခံနိုင်ရည်ရှိအောင်ပြုလုပ်ထားပါတယ်။

So Fast,
So Smooth
6 nm octa-core processor ကတော့ ချောမွေ့တည်ငြိမ်တဲ့သုံးစွဲမှုအတွေ့အကြုံကို ရရှိအောင်ထောက်ပံ့ပေးပါတယ်။

Super Device,
Drag to Connect
Super Device ကတော့ တစ်ချက်ဆွဲရုံဖြင့် သင့်ရဲ့ Device များကိုချိတ်ဆက်2 နေစေမှာပါ။ ထို့နောက် သင့်ရဲ့ HUAWEI FreeBuds မှတစ်ဆင့် သီချင်းများကိုနားဆင်နိုင်သလို သင့်ရဲ့ HUAWEI Vision မှတစ်ဆင့်လည်း ရုပ်ရှင်ကြည့်ရှုခြင်းကို အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Multi-Window,
One-tap Interaction
အပေါ်ပိုင်းထောင့်စွန်းများကို Swipe ပြုလုပ်၍ Screen ကိုခွဲနိုင်သလို Floating Window8 ပေါ်လာအောင်လည်း ပြုလုပ်နိုင်ပါတယ်။ App Window များကို တစ်ချိန်ထဲမှာဖွင့်ထားနိုင်သလို သူငယ်ချင်းတစ်ယောက်ရဲ့ Message ကိုဖတ်ရှုနေချိန် (သို့မဟုတ်) ခရီးအတွက် Guide ရှာဖွေနေချိန်မှာလည်း Swipe ပြုလုပ်၍ ဗီဒီယိုကြည့်ရှုခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

High-Performing
Antenna
HUAWEI MatePad SE ကတော့ မူပိုင်ခွင့်ရရှိပြီးသား အင်တာနာ10 ဒီဇိုင်းနှင့် ပိုမိုကောင်းမွန်သော ကြိုးမဲ့အချက်ပြခြင်းတို့ကြောင့် ပိုမိုလုံခြုံကောင်းမွန်တဲ့ ကြိုးမဲ့စွမ်းဆောင်ရည်ကိုရရှိနိုင်မှာဖြစ်ပြီး Connection များနှင့် Streaming Media တို့ကိုတစ်သားထဲရှိနေစေမှာဖြစ်ပါတယ်။

Kids Corner,
Growth Partner
Kids Corner ကတော့ ကလေးသူငယ်တိုင်းအတွက် Tablet အသုံးပြုခြင်းကို လုံခြုံစိတ်ချရပြီး ပိုမိုပျော်ရွှင်ဖွယ်ကောင်းအောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် ကလေးသူငယ်များအနေဖြင့် Nursery Rhyme များ၊ ပုံပြင်များနှင့် BabyBus မှ ဂိမ်းများဆီသို့ အလည်သွားရောက်နိုင်မှာဖြစ်ပါတယ်။ မိဘများအနေဖြင့်လည်း အချိန်၊ App၊ ကလေးများအားကြည့်စေလိုသည့် အကြောင်းအရာစီမံခန့်ခွဲခြင်းများ၊ အနေအထား၊ အလင်းအမှောင်နှင့် Bumpy Road Alert များကို လုပ်ဆောင်စေမှာကြောင့် ပိုမိုကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာသုံးစွဲမှုအလေ့အကျင့်များ11 ရရှိစေရန်ကူညီပေးသွားမှာဖြစ်ပါတယ်။

Closer MeeTime12 Communications

သင့်မိဘတွေရဲ့ နည်းပညာဆိုင်ရာအခက်ခဲများ ဒါမှမဟုတ် ၀ယ်ယူချင်တဲ့အရာတစ်ခုခုကို သူငယ်ချင်းရဲ့အကြံဉာဏ်တောင်းချင်တဲ့အခါမျိုးမှာ MeeTime call ပြုလုပ်ပြီး သင့်ရဲ့ Screen ကို Share နိုင်ပါပြီ။
- Screen အား ပုံမှန်ထောင့်မှန်စတုဂံကိုဖြတ်၍တိုင်းတာလျှင် 10.4 လက်မရှိသည်။ အမှန်တကယ်မျက်နှာပြင်သည် လုံး၀န်းသောထောင့်စွန်းများကြောင့် ဖော်ပြထားသောပမာဏထက် သေးနေနိုင်ပါသည်။ 2K Screen ၏ Resolution မှာ 2000 x 1200 ဖြစ်သည်။ FullView Display သည် နယ်ပယ်အတွင်းအသုံးပြုလေ့ရှိသည့်အသုံးအနှုန်းဖြစ်ပြီး ယေဘုယျအားဖြင့် သေးသွယ်သောအနားကွပ်များရှိသည့် Screen နှင့် မြင့်မားသော Screen-to-body ratio တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ Screen သည် TÜV Rheinland Low Blue Light Certification နှင့် Flicker Free Certification များကို ရရှိပြီးဖြစ်သည်။ ဤ Product ကို ဆေးဘက်ဆိုင်ရာကုသခြင်းများအတွက် ထုတ်လုပ်ထားခြင်းမဟုတ်ပါ။
- Super Device feature သည် HarmonyOS 2 နှင့် နောက်ပိုင်းအသုံးပြုထားသည့် အချို့သော HUAWEI Vision များ၊ HUAWEI earphone များနှင့် HUAWEI Tablet များတွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ယခု Feature အကြောင်းကို မေးမြန်းလိုသည်များရှိပါက HUAWEI Customer Service သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
- Resolution အား ပုံမှန်ထောင့်မှန်စတုဂံကိုအခြေခံ၍ တိုင်းတာထားခြင်းဖြစ်သည်။ အမှန်တကယ်အသုံး၀င်သည့် လုံး၀န်းသောထောင့်စွန်းများဖြင့် Screen ပေါ်ရှိ Pixel ပမာဏသည် အနည်းငယ်လျော့နည်းနေနိုင်ပါသည်။
- ယခု Screen သည် TÜV Rheinland Low Blue Light Certification နှင့် Flicker Free Certification များကို ရရှိထားပြီးဖြစ်သည်။ ဤပစ္စည်းသည် ဆေးဘက်ဆိုင်ရာကုသမှုများအတွက် အသုံးပြုရန်မဟုတ်ပါ။ TÜV Rheinland certification အား စမ်းသပ်သည့်အခြေအနေများမှာ: Eye Comfort Mode ကို ဖွင့်ထားချိန်တွင် Tablet သည် Rheinland low blue light test အား အောင်မြင်ပြီးဖြစ်သည် (အရောင်အလင်းအမှိန် ထိန်းညှိခြင်းများ မပါ၀င်ပါ)။
- အမှန်တကယ်စွမ်းဆောင်ရည်သည် ကွဲပြားနေနိုင်ပါသည်။ အလိုအလျောက်အလင်းအမှောင်ချိန်ညှိခြင်းစနစ်အား ဖွင့်ထားရန်လိုအပ်ပါသည်။
- ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှ ရရှိခြင်းဖြစ်သည်။ အမှန်တကယ်အလေးချိန်နှင့် အထူသည် Product Specification များ၊ ထုတ်လုပ်သည့်လုပ်ငန်းစဥ်နှင့် တိုင်းတာခြင်းနည်းလမ်းတို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
- HUAWEI ဓာတ်ခွဲခန်းမှ စမ်းသပ်မှုများ၏ရလဒ်များကို အခြေခံထားခြင်းဖြစ်သည်။ Device တွင် အနုစိတ်သည့်အစိတ်အပိုင်းများ ပါ၀င်သောကြောင့် အသုံးပြုနေစဥ်တွင်တိုက်မိခြင်း၊ ပြုတ်ကျခြင်းများအား ရှောင်ရှားရန်လိုအပ်ပါသည်။
- HUAWEI MatePad SE 10.4 inches သည် Tiled Windows နှစ်ခုနှင့် Floating Window တစ်ခုအတွက်သာ အထောက်အပံ့ပေးသည်။ ယခု Feature သည် App အချို့ဖြင့်သာ တွဲဖက်နိုင်မည်ဖြစ်သည်။ အထောက်အပံ့ပေးသည့် App စာရင်းအား အမြဲမပြတ် Update ပေးနေမည်ဖြစ်သည်။ Feature effect များသည် ရည်ညွှန်းကိုးကားရန်အတွက်သာဖြစ်သည်။ ယခု Feature ၏ မျက်နှာပြင်နှင့် အလုံးစုံသောအတွေ့အကြုံသည် ပစ္စည်းအမျိုးအစားကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
- HarmonyOS 3 နှင့်အထက် အသုံးပြုထားသည့် HUAWEI Tablet များတွင်သာ အထောက်အပံ့ပေးသည်။ App အချို့နှင့် Widget အချို့အတွက်သာ အထောက်အပံ့ပေးသည်။ အမှန်တကယ်သုံးစွဲမှုအတွေ့အကြုံသည် ကွဲပြားနေနိုင်ပါသည်။ ယခု Feature ၏ မျက်နှာပြင်နှင့် အလုံးစုံသောအတွေ့အကြုံသည် ပစ္စည်းအမျိုးအစားကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
- မူပိုင်ခွင့်ရ အင်တာနာသည် AGS5-L09 မော်ဒယ်တစ်မျိုးတွင်သာ ရရှိနိုင်ပါသည်။
- ယခု Feature များကို Kids Corner တွင်ရရှိနိုင်မည်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာကိစ္စများအတွက် အသုံးပြုရန်မဟုတ်ပါ။
- MeeTime feature ကို အထောက်အပံ့ပေးသည့် Device Model များကို သိရှိလိုပါက HUAWEI Customer Service သို့ ဆက်သွယ်ရန်တိုက်တွန်းအပ်ပါသည်။