HUAWEI MatePad T 10s

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။

Fun for All

Full HD Display | Eye Protection | Tuned by Harman Kardon

သင့်ဘေးက
ပြဇတ်ရုံ

မြင်ကွင်းကျယ်မျက်နှာပြင်

ပေါ့ပါး၊ပါးလွှာသည့် HUAWEI MatePad T 10s က ခေတ်မီဆန်းပြားသောဒီဇိုင်း၊ စွဲငြိဖွယ်ကောင်းသောမျက်နှာပြင်တို့ဖြင့် ခိုင်မာသောခံစားချက်ကိုပေးစွမ်းပါတယ်။ 10.1-inch ရှိသော 1920 x 1200 FHD display ကို သေးသွယ်သောဘေးဘောင်တို့ဖြင့် ဖွဲ့စည်းထားပြီး ကောင်းမွန်သောမြင်ကွင်းကို ရရှိပါတယ်။ HUAWEI ClariVu™ နည်းပညာကြောင့် သင်မြင်သမျှအရာအားလုံးသည် သင့်လက်ထဲကိုရောက်ရှိလာသည်နှင့် လင်းလက်တောက်ပပြီး အသက်ဝင်နေမှာဖြစ်ပါတယ်။

ကြည်လင်ပြတ်သားပြီး ဘေးပတ်ဝန်းကျင်မှလာသောအသံ

Acoustic ပွဲအတွက်အစဉ်သင့်ပဲလား။ ။ HUAWEI MatePad T 10 ရဲ့ ဘေးနှစ်ဖက်မှာပါဝင်တဲ့ အဆင့်မြင့် dual-speaker system က အချိုးကျသောအသံကို ပေးစွမ်းပြီး ပိုမိုအားကောင်းသော အသံစနစ်ကိုရရှိနိုင်ရန် သင့်အတွက်ဖန်တီးပေးပါတယ်။ Harman Kardon နှင့်ဖန်တီးထားတာကြောင့် ဤတက်ဘလက်က အရည်အသွေးပြည့်ဝပြီး အသေးစိတ်ကျ၊ မှန်ကန်သောသံစဉ်တွေကိုသာ သင့်စိတ်နှင့်အညီသယ်ဆောင်လာပေးမှာဖြစ်ပါတယ်။

ထူးခြားသောအတွေ့အကြုံ

ချောမွေ့မြန်ဆန်သော

Octa-core chipset နှင့် အဆင့်မြင့် algorithm တို့ပေါင်းစပ်ထားတဲ့ EMUI 10.11 က အဆင့်မြင့်သောဂရပ်ဖစ်နှင့်စွမ်းဆောင်ရည်ကို ပေးစွမ်းပါတယ်။ သတင်းဖတ်ခြင်း၊ ဗီဒီယိုကြည့်ခြင်း သို့မဟုတ် ဈေးဝယ်ထွက်ခြင်းတို့ကို သင့်စိတ်ကြိုက် apps တွေကိုပြောင်းလဲအသုံးပြုပြီး ချောမွေ့တည်ငြိမ်သော အတွေ့အကြုံကို ခံစားရမှာဖြစ်ပါတယ်။

Windows နှစ်ခု၊
ထိရောက်မှု နှစ်ဆ

HUAWEI App Multiplier2 က သင်အလျားလိုက်အသုံးပြုလျှင် app တစ်ခုတည်းကို windows နှစ်ခုဖြင့် အသုံးပြုနိုင်ပါတယ်။ သင်တစ်ဖက်တွင်ဈေးဝယ်နေချိန်မှာ အခြားတစ်ဖက်တွင် ဝယ်ယူမည့်ပစ္စည်းကိုပုံအကြီး တပြိုင်နက်ကြည့်ခြင်း သို့မဟုတ် စာရင်းစစ်နေရင်းနှင့် သတင်းဖတ်ခြင်းတို့ကိုပြုလုပ်နိုင်ပြီး ပိုမိုအဆင်ပြေစေရန် windows ရဲ့အရွယ်အစားကို အကြီးအသေး ပြောင်းရွှေ့နိုင်ပါသေးတယ်။3

မနက်မှညအထိ၊
သင့်ရဲ့မျက်လုံးကိုကာကွယ်လိုက်ပါ

TÜV Rheinland certified Eye Comfort4 က ထိခိုက်စေသည့် အပြာရောင်အလင်းတန်း5 များကိုလျော့ချပေးသောကြောင့် ဤတက်ဘလက်သည် သင်နေ့စဉ်အသုံးပြုရန်အတွက် မျက်လုံးကိုအဆင်ပြေစေပါတယ်။ သင်ကြိုက်နှစ်သက်သည့်စာအုပ်ကိုဖတ်နေချိန်တွင် eBook mode ကိုရွေးချယ်ပြီး စာဖတ်ခြင်းအတွေ့အကြုံကို ခံစားလိုက်ပါ။ ညအချိန်တွင် Dark mode ကိုပြောင်းလဲခြင်းဖြင့် သင့်မြင့်ကွင်းအတွက် အလင်းလျော့ချပေးပြီး ပိုမိုပျော့ပြောင်းသောမြင်ကွင်းကို ခံစားလိုက်ပါ။

eBook mode Eye Comfort Dark mode

ကလေးများအတွက် သီးသန့်ကမ္ဘာ

နုနယ်သောစိတ်ကို ဂရုစိုက်ခြင်းအားဖြင့် တက်ဘလက်တွင် သင့်ကလေးသည်လွတ်လွတ်လပ်လပ် အသက်အရွယ်နှင့်လိုက်ဖက်သည့် အကြောင်းအရာများကို Kids Corner မှာရှာဖွေလေ့လာနိုင်ပါတယ်။ သင့်ကလေးရဲ့အဖိုးတန်သောအမြင်အာရုံကို အကာအကွယ်ပေးရန် six-layered protection5 ဖြင့် ကာကွယ်ပေးထားပါတယ်။ ဒါကြောင့် မတူညီသောအခြေအနေအမျိုးမျိုးမှာ ကောင်းမွန်သော display effect များနှင့် ကလေးမျက်လုံးလေးများထိခိုက်စေမည့် ကျန်းမာရေးနှင့်မညီညွတ်သောအသုံးပြုမှုကိုတားစီးရန် သတိပေးချက်များဖြင့် ကစားနိုင်၊သင်ယူနိုင်ပါတယ်။

Kids Exclusive
စိတ်ဝင်စားဖွယ် အာကာသလေ့လာခြင်းနှင့် ကစားခြင်း
Time Management
စိတ်ကြိုက်ပြုပြင်နိုင်သော screen time အချိန်ဇယား
Six-layered
Eye Protection6
ဘက်စုံ မျက်စိထိန်းသိမ်းရေး
App Management
ကလေးများအတွက် အသုံးပြုခွင့်ပေးထားသော app များကို ကြည့်ရှုခြင်း
Safe Charging
လျှပ်စစ်အန္တရယ်ကာကွယ်ရန် အလိုအလျောက် lock ချခြင်း
Content
Management
အသက်အရွယ်အလိုက် သင့်တော်သောအကြောင်းအရာ
  1. EMUI 10.1 ထည့်သွင်းထားသော version ဖြစ်ပါသည်။
  2. ဤ feature သည်တချို့သော apps များနှင့်အသုံးပြုနိုင်ပါသည်။ အသုံးပြုနိုင်သော apps များကိုနောင်တွင်ဖော်ပြသွားပါမည်။ အမှန်တကယ်အသုံးပြုနှုန်းသည် apps ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။
  3. ဘယ်နှင့်ညာ window အရွယ်အစားတွင် ရွေးချယ်စရာ (၃) မျိုးရှိပါသည်။ ဤ feature သည်တချို့သော apps များနှင့် အသုံးပြုနိုင်ပါသည်။ အသုံးပြုနိုင်သော apps များကိုနောင်တွင်ဖော်ပြသွားပါမည်။ အမှန်တကယ်အသုံးပြုနှုန်းသည် apps ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။
  4. TÜV Rheinland certification စမ်းသပ်မှုအခြေအနေများမှာ - Eye Comfort ကိုဖွင့်ထားလျှင် တက်ဘလက်သည် အပြာရောင်အလင်းတန်း (အရောင်အပူချိန်ချိန်ညှိခြင်းမှလွဲ၍) အနည်းငယ်သာဖြတ်သန်းပါသည်။
  5. ဆေးဘက်ဆိုင်ရာအသုံးပြုမှုအတွက် မဟုတ်ပါ။
  6. ဤ feature သည် Kids Corner တွင်သာ ရရှိနိုင်ပါသည်။
consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်