Powerful Performance | Broader View1 |
12 hours Video
Playback2
အလွန်ပါးလွှာသော 4.9 mm သာရှိတဲ့ ဘေးဘောင်နဲ့ 80% မျက်နှာပြင်ကျယ်အချိုး1 ရှိသော HUAWEI MatePad T 8 က ဖျော်ဖြေရေးအတွက် အသုံးပြုရာမှာ အကောင်းဆုံးသော စွဲမက်ဖွယ် မြင်ကွင်းကျယ်အတွေ့အကြုံကိုပေးစွမ်းပါတယ်။3 သင့်စိတ်ကြိုက် e-Book များနှင့် ရုပ်ရှင်များကို သွားလာရင်းကြည့်ရှုနိုင်တာကြောင့် အကောင်းဆုံးသော တက်ဘလက်တစ်ခုဖြစ်ပါတယ်။
ထောင့်အစွန်းများကိုကွေးထားပြီး သတ္တုကိုယ်ထည်နှင့် HUAWEI MatePad T 8 က ခန့်ညားရိုးရှင်းသောပုံစံကို ပေးပါတယ်။ စာလုပ်ရန်အတွက်ဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် 310 g4 အလေးချိန်သာရှိတာကြောင့် လက်တစ်ဖက်တည်းနှင့် သယ်ဆောင်သွားနိုင်သလို သင့်ရဲ့အိတ်ထဲကိုလည်း အလွယ်တကူထည့်ပြီး သယ်ဆောင်သွားနိုင်ပါတယ်။
အဆင့်မြင့် octa-core chipset ကိုအသုံးပြုထားတဲ့ HUAWEI MatePad T 8 က မြန်နှုန်းမြင့်စွမ်းဆောင်ရည်ကို ပေးစွမ်းတာကြောင့် သင့်ရဲ့တစ်နေ့တာ လုပ်ငန်းများကို လွယ်ကူစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကြီးမားတဲ့ 5100 mAh ဘက်ထရီ5 ကြောင့် တစ်ခါအားသွင်းထားရုံနဲ့ အချိန်ကြာသည်အထိအသုံးခံပြီး ဗီဒီယိုတွေကို အချိန် 12 နာရီ6 ကြာအောင် ကြည့်ရှုနိုင်ပြီး 12 နာရီ5 ကြာ အင်တာနက်အသုံးပြုနိုင်ပါတယ်။
စွမ်းဆောင်ရည်တိုးတက်လာသည်နှင့်အမျှ EMUI107 သည် Apps များကို လျင်မြန်စွာဖွင့်လှစ် ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် စာဖတ်ရာတွင် သက်တောင့်သက်သာရှိစေရန် dark mode8 ကိုထည့်သွင်းပေးထားပါတယ်။
သင့်ကလေးအတွက် ပျော်စရာကောင်းသည့် ပညာရေးဆိုင်ရာ tools များနှင့် သင့်အတွက် မိဘများအနေဖြင့်ထိန်းချုပ်နိုင်ရန်အတွက် ဤတက်ဘလက်သည် သင့်ကလေးအတွက် စိတ်ချယုံကြည်ရသော ကစားကွင်းတစ်ခုဖြစ်ပါတယ်။ Eye Comfort Mode9 က သင့်ကလေးမျက်စိကို blue light မှကာကွယ်ပေးပါတယ်။ ဒါ့အပြင် တက်ဘလက်ကို လှဲပြီးကြည့်နေပါက မျက်စိကိုကာကွယ်ရန် နေရာအနေအထားပြောင်းရန်အတွက် သင့်ကို သတိပေးချက်ဝင်ရောက်လာပါလိမ့်မည်။