HUAWEI MatePad

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
HUAWEI MatePad KV
သင့်စူးစမ်းရှာဖွေလိုတဲ့ စွမ်းအားကိုဖြန့်ကျက်လိုက်ပါ။
2K FullView Display | Powerful Performance  | 
Immersive Surround Sound
HUAWEI MatePad ID

ပထမဆုံးအထိအတွေ့မှာတင် နှစ်သက်သဘောကျမိခြင်း

HUAWEI MatePad ၏ ရိုးရှင်းသေသပ်လှပတဲ့ဒီဇိုင်းက သင့်အတွက်မျက်စိပဒေသာဖြစ်စေမှာ အမှန်ပါပဲ။ သေသပ်လှပတဲ့ လက်မှုလက်ရာနှင့် ကောင်းမွန်သော Matte coating တို့က သင့်ရဲ့လက်တွင်ကိုင်ဆောင်ရသည်မှာ ချောမွေ့ြ့ပီး သက်တောင့်သက်သာရှိစေပါသည်။ Midight Grey အရောင်က ဂန္ထဝင်ဆန်ပြီး လှပကျော့ရှင်းသောဒီဇိုင်းကိုရရှိစေပြီး သင့်ရဲ့နေ့စဉ်စတိုင်အတွက် အကောင်းဆုံးအဖော်မွန်ပါ။
HUAWEI MatePad Full Screen HUAWEI MatePad Full Screen

ဆန်းသစ်တီထွင်ဖန်တီးနိုင်မည့် မျက်နှာပြင်ကျယ်

10.4-inch FullView Display1 နှင့် 7.9 mm သာရှိသော သေးသွယ်သည့်ဘေးဘောင်2 တို့ဖြင့် HUAWEI MatePad က သင့်ရဲ့စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်များကို ဖော်ထုတ်နိုင်ပါတယ်။ အရောင်အသွေးစုံလင်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော ရုပ်ထွက်အရည်အသွေးတို့ဖြင့် HUAWEI MatePad နှင့်အတူ လွတ်လပ်စွာ ရှာဖွေစူးစမ်းလိုက်ပါ။
HUAWEI MatePad Stereo Sound

အံ့အားသင့်ဖွယ်ကောင်းသော အသံစနစ်

HUAWEI MatePad တွင် Quad-speaker နှင့် quad-channel sound system တပ်ဆင်ထားသောကြောင့် ရုပ်ရှင်ရုံထဲ သို့မဟုတ် ဖျော်ဖြေပွဲခန်းမထဲသို့ရောက်နေသကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းလာက်သော အသံစနစ်ကို ခံစားနိုင်မှာဖြစ်ပါတယ်။ Histen 6.0 3D stereo ဖြင့် သင့်ပတ်ဝန်းကျင်မှာရှိသော ကြည်လင်ပြတ်သားသောအသံစနစ်ကို ခံစားနိုင်မှာပါ။ Harman Kardon ရဲ့ ကြွယ်ဝသော အသေးစိတ်ကျသည့် အသံစနစ်နှင့် အားကောင်းသော အသံလှိုင်းတို့က သင့်ကို အကောင်းမွန်ဆုံးသော အသံစနစ်ကို တွေ့ကြုံခံစားစေရမှာပါ။
HUAWEI MatePad Multiple Eye Protection HUAWEI MatePad Multiple Eye Protection

အေးအေးဆေးဆေး စာဖတ်နိုင်သည့် ပျော်ရွှင်မှု

e-book တွေကိုဖတ်တဲ့အခါမှာအလင်းအမှောင်ကို သေချာချိန်ညှိပေးပြီး စာအုပ်တစ်အုပ်ကိုကိုင်ပြီး ဖတ်ရသကဲ့သို့ခံစားရစေမည့် အသစ်ဖြစ်သည့် eBook mode ကို မိတ်ဆက်သွားခဲ့ပါတယ်။ သင်စာအုပ်ကိုစိတ်နှစ်ပြီးဖတ်နေစဉ်အခါမှာ HUAWEI MatePad မှာအသုံးပြုထားတဲ့ TÜV Rheinland Low Blue Light Certified display3က သင့်ရဲ့မျက်လုံးကို ဂရုစိုက်ပေးသွားမှာဖြစ်ပါတယ်။ မျက်နှာပြင်သည် ထိခိုက်စေသည့် အပြာရောင်အလင်းတန်းတို့ကို လျော့နည်းစေသည့်အပြင် ညအချိန်စာဖတ်သည့်အချိန်တွင် အနေအထားပုံမှန်မဟုတ်သည်ဖြစ်စေ၊ ကြည့်ရှုသည့်အကွာအဝေးတို့အတွက် သတိပေးချက်များလည်းပေးပါတယ်။4
HUAWEI MatePad Multiple Eye Protection
HUAWEI MatePad Multiple Eye Protection

*TÜV Rheinland boasts over 140 years of history for quality accreditation covering 6 major professional research domains of displays and offers authoritative certification for the quality of eye-protection of mobile phone displays.

HUAWEI MatePad Multiple Eye Protection
HUAWEI MatePad Four Microphones Four Speakers

ပိုမိုအသက်ဝင်လှုပ်ရှားမှုများကို ယူဆောင်လာခြင်း

HUAWEI MatePad အသုံးပြုထားသည့် 4-microphone စနစ်သည် အပြင်မှအသံများကို လျော့ချစေနိုင်ပြီး အသံချောမွေ့စေပြီး သင့်ရဲ့အသံကို ဖမ်းယူပေးပါသည်။
HUAWEI MatePad Four Microphones Four Speakers HUAWEI MatePad Four Microphones Four Speakers HUAWEI MatePad Four Microphones Four Speakers

စိတ်ကူးတွေကိုပုံဖော်ပေးနိုင်မယ့် ခဲတံ

စိတ်ကြိုက်ရေးဆွဲလိုက်ပါ။ HUAWEI M-Pencil5 က စာရွက်ပေါ်တွင် ခဲတံဖြင့်ရေးရသကဲ့သို့သော ချောမွေ့သည့်အတွေ့အကြုံကို ပေးစွမ်းပါတယ်။ Latency နည်းပါးသောကြောင့် သဘာဝအတိုင်းအသုံးပြုရလွယ်ကူပြီး ကျော့ရှင်းသောပုံစံနှင့် HUAWEI M-Pencil က သင့်ရဲ့စိတ်ကူးတွေကို ပုံဖော်ပေးနိုင်မှာဖြစ်ပါတယ်။ ရွေးချယ်ထားသည့်ပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် သင့်ရဲ့အရေးအသား၊အဖြတ်အတောက်ကို ဖမ်းယူနိုင်ရုံသာမက သင့်ရဲ့နေ့စဉ်အသုံးပြုခြင်းအတွက် ယုံကြည်စိတ်ချရသည့်အတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။
HUAWEI MatePad M-pencil HUAWEI MatePad M-pencil
HUAWEI MatePad Chip

အကောင်းမွန်ဆုံးဖြစ်သော စွမ်းဆောင်ရည်

HUAWEI Kirin 810 7nm processor နှင့် HUAWEI ၏ကိုယ်ပိုင် NPU ကိုအသုံးပြုထားခြင်းကြောင့် စွမ်းအင်သုံးစွဲမှုနှင့် AI စွမ်းဆောင်ရည်သုံးစွဲမှုတို့ကို သေချာစွာနေရာချထားပေးပါသည်။ GPU Turbo Technology အထောက်အပံ့ပေးသည့် Mali-G52 GPU ကို တပ်ဆင်ထားသောကြောင့် စာလုပ်နေခြင်းစဉ်၊ အလုပ်လုပ်နေစဉ် သို့မဟုတ် ကစားနေချိန်တို့တွင် လုပ်ဆောင်မှုအများဆုံးဖြစ်နေသည့်အချိန်မှာတောင် အကောင်းဆုံးသောစွမ်းဆောင်ရည်ကို ပို့ဆောင်ပေးပါတယ်။
HUAWEI MatePad Multi Screen Collaboration

Huawei Share6
Multi-screen Collaboration

ချိတ်ဆက်လိုက်သည်နှင့်တပြိုင်နက်တည်း သင့်ရဲ့စမတ်ဖုန်းနှင့် HUAWEI MatePad သည် super device တစ်ခုအနေဖြင့် ပေါင်းစပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သင့်ဖုန်းမျက်နှာပြင်သည် တက်ဘလက်ပေါ်တွင်ပေါ်နေမည်ဖြစ်သောကြောင့် မျက်နှာပြင်ကျယ်ပေါ်တွင် လွတ်လပ်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ယခုအခါတွင် ဖုန်းခေါ်ခြင်း၊ စာပို့ခြင်းနှင့် ဖုန်းမှဓာတ်ပုံများကို တက်ဘလက်ပေါ်တွင် အသုံးပြုနိုင်ပါသည်။ ဒါ့အပြင် device နှစ်ခုကြားဖိုင်တွေကိုရွေ့ပြောင်းနိုင်ခြင်း၊ ထိုဖိုင်များကို သူငယ်ချင်းနှင့်စကားပြောနေရင်း edit လုပ်ခြင်းများကို keyboard တစ်ခုတည်းကိုအသုံးပြုကာ ပြုလုပ်နိုင်ပါတယ်။7 ထုတ်ကုန်တွေကို တွဲဖက်အသုံးပြုနိုင်ခြင်းက အလုပ်လုပ်ရသည်မှာ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။
HUAWEI MatePad Multi Screen Collaboration
HUAWEI MatePad Smart Split Screen

အမြင်တွေကို တိုးချဲ့လိုက်ပါ

Multi-window8 က သင့်ရဲ့အလုပ်၊ ဂိမ်းကစားခြင်းနှင့် စာလေ့လာခြင်းတို့ကို အမျိုးစုံလုပ်ဆောင်နိုင်မှာပါ။ Shortcut menu ကိုပြသရန် dock ကိုနှိပ်ပြီး ပိုမိုသက်တောင့်သက်သာရှိပြီး စွဲမက်ဖွယ်ကောင်းသည့် split-screen အတွေ့အကြုံကို သင်ကြုံတွေ့ရပါလိမ့်မယ်။ ဒါ့အပြင် တူညီတဲ့ App တွေကိုအလိုအလျောက်လည်ပတ်ခွင့်ပြုသည့် HUAWEI APP Multiplier ကသင့်ကိုအဆင်ပြေချောမွေ့မှုကိုခံစားစေမှာဖြစ်ပါတယ်။ ဈေးဝယ်ထွက်တဲ့အခါမှာ ဘေးချင်းကပ်ရွေးချယ်နိုင်သည့်အပြင် သင်ရွေးချယ်ထားတဲ့ဓာတ်ပုံတွေကို parallel screen မှာကြည့်ရှုပြီး ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
HUAWEI MatePad Smart Split Screen

နေ့ရက်တိုင်းကို အားအပြည့်ဖြင့် ဖြတ်သန်းလိုက်ပါ။

ကြီးမားသောဘက်ထရီဖြစ်သည့် 7250 mAh ရှိသောဘက်ထရီကို ၁၂နာရီ9 ကြာရုပ်ရှင်ကြည့်ရှုနိုင်ပြီး ၇ နာရီ9 ကြာခန့် 3D ဂိမ်းများကို ဆော့ကစားနိုင်ပါတယ်။ 10W charger ကိုအသုံးပြုပြီး မိနစ် ၃၀ အတွင်း ၁၆ ရာခိုင်နှုန်း9 အထိအားသွင်းနိုင်ပြီး ၃.၈ နာရီတွင် အားအပြည့်သွင်းနိုင်ပါတယ်။9
HUAWEI MatePad Battery HUAWEI MatePad Battery
HUAWEI MatePad Battery HUAWEI MatePad Battery HUAWEI MatePad Battery
HUAWEI MatePad Battery