သင့်နှလုံးခုန်နှုန်းကို မှတ်တမ်းတင်ထားနိုင်ခြင်းက သင့်ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေးအတွက် လုပ်ပေးနိုင်တဲ့အကောင်းဆုံးအရာထဲမှ တစ်ခုဖြစ်ပါတယ်။ TruSeenTM 4.0 နှလုံးခုန်နှုန်းတိုင်းတာခြင်းနည်းပညာက မှန်ဘီလူးနှင့် AI အခြေခံထားတဲ့ဒေတာများကိုအသုံးပြုပြီး ၂၄ နာရီလုံး တိတိကျကျနဲ့စောင့်ကြည့်ပေးပါတယ်။ စိတ်ချရသည့်နှလုံးခုန်နှုန်း အနေအထားတစ်ခုမှ တက်သွားခြင်း သို့မဟုတ် ကျသွားခြင်းတို့အတွက် ချက်ချင်းသတိပေးပါတယ်။ သင့်နှလုံးကျန်းမာရေးကို အရေးကြီးဆုံးနေရာတွင်ထားပါ။
SpO2 သွေးထဲအောက်စီဂျင်နည်းပါးခြင်းက မောပန်းခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်းအပြင် ဦးနှောက်နှင့် နှလုံးပျက်စီးခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့ အမြဲစိတ်ချရတဲ့အနေအထားမှာ နေချင်မှာအမှန်ပါပဲ။ HUAWEI Band 6 မှာ bulit-in SpO2 detection system1 က သင့်ရဲ့သွေးထဲအောက်စီဂျင်အနေအထားကို ၂၄/၇ စောင့်ကြည့်ပေးထားနိုင်မှာဖြစ်ပါတယ်။ သင်သွေးထဲအောက်စီဂျင် အရမ်းကျသွားချိန်မှာ band ကတုန်ခါလာမှာဖြစ်တာကြောင့် သင်အသက်ရှုပြီး ပုံမှန်ပြန်ဖြစ်အောင်ပြုလုပ်နိုင်ဖို့ အချိန်ရစေမှာဖြစ်ပါတယ်။
စိတ်သက်သာအောင်နေပါ၊ စိတ်ဖိစီးအောင်မနေပါနဲ့။ TruRelaxTM စိတ်ဖိစီးမှုစောင့်ကြည့်ခြင်းဖြင့် သင့်ရဲ့တစ်နေ့တာ စိတ်ဖိစီးမှုအခြေအနေကို ခြေရာခံလိုက်ပါ၊ စိတ်ဖိစီးမှုအခြေအနေအရမ်းမြင့်တက်လာချိန်မှာ built-in ပါဝင်တဲ့ အသက်ရှုလေ့ကျင့်ခန်းကိုအသုံးပြုပြီး ပုံမှန်အခြေအနေပြန်ရောက်အောင်ပြုလုပ်ပါ။ စိတ်ဖိစီးမှုလျော့နည်းတဲ့ဘဝကိုစတင်ပါ။
ကောင်းမွန်သောအိပ်စက်ခြင်းဖြင့် နိုးထလိုက်ပါ။ TruSleepTM 2.0 က သင်နိုးနေသည့်အချိန်ကို သိရှိနိုင်ပြီး deep sleep၊ light sleep၊ REM နှင့် napping စတဲ့အိပ်စက်ခြင်းအဆင့် ၄ ဆင့်ကိုသိရှိနိုင်ပါတယ်။ ၉၆.၃ ရာခိုင်နှုန်းတိုးတက်ခြင်းဖြင့် သင်အချိန်မည်မျှအိပ်စက်ခြင်းသည်သာမက သင့်အိပ်စက်ခြင်းအရည်အသွေးကိုပါ မှတ်တမ်းတင်ထားနိုင်ပါတယ်။ အဓိကအိပ်စက်ခြင်းပြသနာ (၆) ခုအထိဖော်ထုတ်နိုင်ပြီး အိပ်ချိန်တိုးတက်မှုအတွက် အကြံပြုချက် ၂၀၀ ကျော်ကိုလက်ခံရရှိနိုင်ပါတယ်။ ပိုမိုကောင်းမွန်သောနေ့တစ်နေ့အတွက် ကောင်းမွန်သောအိပ်စက်ခြင်းဖြင့်အစပြုလိုက်ပါ။
HUAWEI Band 6 ဖြင့် သင့်ရာသီစက်ဝန်းပြက္ခဒိန်ကို အလွယ်တကူမှတ်သားလိုက်ပါ။ သင့်ရာသီစက်ဝန်းလာမည့်အချိန်ကို ကြိုတင်သတိပေးချက်တို့ကိုရယူပြီး ပြင်ဆင်ပါ။ သင့်ကိုဂရုစိုက်သော သူငယ်ချင်းက သင့်လက်ပေါ်မှာပါပဲ။
သင့်ရဲ့တစ်နေ့တာကို နေ့စဉ်လှုပ်ရှားမှုပန်းတိုင် ၃ ခုဖြင့်သတ်မှတ်ပြီး စတင်လိုက်ပါ - ခြေလှမ်းများ၊ လှုပ်ရှားချိန် နှင့် Moderate-to-High Intesity လှုပ်ရှားမှု။ HUAWEI Band 6 က သင့်ရဲ့လုပ်ဆောင်ချက်တွေကို အရောင်စုံလင်လှပတဲ့ မျက်စိကျစရာ ကြိုးဝိုင်းအတွင်းကနေ အလိုအလျောက်မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်။ သင့်ပန်းတိုင်တွေကိုပြီးသွားတဲ့အခါမှာ စိတ်အားတက်ဖွယ်အသိပေးချက်တွေနဲ့ notification တွေကို ရယူလိုက်ပါ။ သင်လုပ်ဆောင်မှုပြီးမြောက်သွားတဲ့ ခံစားချက်က တကယ်ကိုကောင်းပါတယ်။
* အပြင်ဘက်စက်ဘီးစီးခြင်းကို EMUI 5.0 / iOS 9.0 သို့မဟုတ်ထိုထက်နောက်ကျသောဖုန်းများပေါ်တွင်သာထောက်ပံ့သည်။