HUAWEI WATCH D

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
HUAWEI WATCH D KV
HUAWEI WATCH D KV

Blood Pressure Measurement1 | ECG Analysis2

HUAWEI WATCH D KV

ကြိုက်နှစ်သက်စရာအချက် ၆ ချက်

Blood Pressure Measurement1
HUAWEI WATCH D 6 Things to Love
HUAWEI WATCH D 6 Things to Love
ECG Analysis2
HUAWEI WATCH D 6 Things to Love
HUAWEI WATCH D 6 Things to Love
Health Community
HUAWEI WATCH D 6 Things to Love
HUAWEI WATCH D 6 Things to Love
Healthy Living Plan
HUAWEI WATCH D 6 Things to Love
HUAWEI WATCH D 6 Things to Love
SpO2 | Sleep | Stress |
Skin Temperature3
HUAWEI WATCH D 6 Things to Love
HUAWEI WATCH D 6 Things to Love
7
Days
Battery Life4
HUAWEI WATCH D 6 Things to Love
HUAWEI WATCH D 6 Things to Love
မှတ်ချက်:

1. သွေးပေါင်ချိန်တိုင်းတာခြင်းရလဒ်များသည် သင့်ရဲ့ကိုယ်နေကိုယ်ထားပုံစံမကျသည့်အခါ (Parkinson သို့ Cerebrovascular disease sequelae စတဲ့ရောဂါများ) ကြောင့် ကြီးမားတဲ့မှားယွင်းတွက်ချက်မှုများဖြစ်ပေါ်စေနိုင်ပါသည်။ ဒါမှမဟုတ် Atrail Fibrillation, Severe Anemia, Peripheral Vascular Disease သို့ Arteritis သကဲ့သို့သော Arrhythmia များ ခံစားရသည့်အခါတွင်လည်းဖြစ်ပေါ်စေနိုင်ပါသည်။ Pacemaker များ ဒါမှမဟုတ် အခြား Implantable Device များအသုံးပြုနေရသူများသည် ဤစက်ပစ္စည်း၏ ECG feature ကို အသုံးမပြုရန် တိုက်တွန်းအပ်ပါသည်။

2. ဤစက်ပစ္စည်းသည် လက်ကောက်၀တ် ၁၃ စင်တီမီတာမှ ၂၀ စင်တီမီတာအထိ အထောက်အပံ့ပေးပြီး L- နှင့် M-sized လက်ပတ်ကြိုးများ၊ Airbag များနှင့်အတူ ထုတ်ပိုးထားခြင်းဖြစ်သည်။ ပစ္စည်းကိုမ၀ယ်ယူမီ သင့်လက်ကောက်၀တ်အနေအထားအား ဦးစွာတိုင်းတာပါ။ သင့်လက်ကောက်၀တ်အနေအထားသည် အထောက်အပံ့ပေးသောအပိုင်းအခြားပြင်ပတွင်ရှိပါက မ၀ယ်ယူသင့်ပါ။ သင့်ရဲ့လက်ကောက်၀တ်အနေအထားကို တိကျစွာတိုင်းတာရန်ခက်ခဲပါက နီးစပ်ရာအရောင်းဆိုင်သို့ လူကိုယ်တိုင်သွားရောက်တိုင်းတာပြီး အကူအညီရယူနိုင်ပါတယ်။

Blood Pressure Measurement

Ultimate Comfort

HUAWEI WATCH D သည် Mini Pump နှင့် Airbag ကဲ့သို့ ရှုပ်ထွေးသောသွေးပေါင်ချိန်တိုင်းခြင်းဆိုင်ရာ အစိတ်အပိုင်းများကို တစ်စုတစ်စည်းထဲဖြစ်အောင်သိမ်းဆည်းပေးပါတယ်။ 2.5D curved glass ကတော့ လက်ကောက်၀တ်လှည့်လိုက်ချိန်တိုင်းမှာ တလက်လက်တောက်ပနေမှာဖြစ်ပြီး Durable Aluminum Alloy Frame ကိုပိုပြီးပြည့်စုံစေကာ အသုံးပြုရလွယ်ကူစေတဲ့ခလုတ်နှစ်ခုက သင်လိုအပ်တဲ့လုပ်ငန်းတာ၀န်များကို သက်သောင့်သက်သာလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။1

HUAWEI WATCH D Design

A Work of Accuracy

HUAWEI WATCH D ကတော့ အထူးတိကျတဲ့ Pressure Sensor, အသေးစိတ်ကျတဲ့ Pressure Feedback Control များနှင့် နည်းပါးတဲ့လေဒဏ်ခံနိုင်ရည်တို့ကြောင့် ±3 mm Hg* မှားယွင်းတွက်ချက်မှုအတိုင်းအတာသာရှိသည်။ အလွန်သေးငယ်တဲ့ Tensile Strap, Ergonomically-arced airbag နှင့် Butterfly clasp များကတော့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော သွေးပေါင်ချိန်တိုင်းတာခြင်းများ1 ကို တိကျစေရန်နှင့် ဖောင်းပွချိန်များတွင်ပါတည်ငြိမ်နေစေရန် ပြုလုပ်ဖန်တီးထားပါတယ်။1

HUAWEI WATCH D Accurate Measurement
HUAWEI WATCH D Accurate Measurement

*မှားယွင်းမှုပမာဏသည် Device ၏ တိကျသောဖိအားတိုင်းတာခြင်းများကို ဖော်ပြပေးပါသည်။

*မှားယွင်းမှုပမာဏသည် Device ၏ တိကျသောဖိအားတိုင်းတာခြင်းများကို ဖော်ပြပေးပါသည်။

Measurement that Tells You More

HUAWEI မှ ပိုင်ဆိုင်သည့် HUAWEI TruBP™ blood pressure algorithm များ၊ cascade model နှင့် မတူညီသော Blood pressure pattern များသည် HUAWEI WATCH D အား ဝတ်ဆင်သူတိုင်းအတွက် အဆင်ပြေစေပြီး Smart measurement assistance, abnormal posture detection နှင့် အခြား မြင့်မားတဲ့စွမ်းဆောင်ရည်များကလည်း ပိုမိုကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။

HUAWEI WATCH D Intelligent Measurement

Smart Blood Pressure Reminders

HUAWEI WATCH D ကတော့ သင့်ကို သင့်စိတ်ကြိုက်တိုင်းတာခြင်းအစီအစဉ်များကို လုပ်ဆောင်နိုင်စေပြီး အိပ်ယာထချိန်နှင့် အိပ်ယာဝင်ချိန်တို့ကို Schedule ပြုလုပ်ထားချိန်များမှာ သွေးပေါင်ချိန်သတိပေးချက်များကိုဖော်ပြပေးတာကြောင့် သွေးပေါင်ချိန်တက်ခြင်း၊ ကျခြင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေမှာဖြစ်ပါတယ်။

HUAWEI WATCH D Measurement Reminder

Daily Health Check-in

နေ့စဉ် Check-in ပြုလုပ်ခြင်းလုပ်ဆောင်ချက်များသည် သွေးပေါင်ချိန်၊ လေ့ကျင့်ခန်းနှင့် အလေးချိန်တိုင်းတာခြင်းစတဲ့ များပြားလှတဲ့နေ့စဉ်လုပ်ငန်းဆောင်တာများကို စောင့်ကြည့်ပေးတာကြောင့် ပိုမိုကျန်းမာစနစ်ကျတဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

HUAWEI WATCH D Healthy Living Plan HUAWEI WATCH D Healthy Living Plan
HUAWEI WATCH D Healthy Living Plan
HUAWEI WATCH D Healthy Living Plan
HUAWEI WATCH D Healthy Living Plan

Anytime Care for the Whole Family

HUAWEI Health App ကတော့ သွေးပေါင်ချိန်တိုင်းတာခြင်း မှတ်တမ်းများနှင့် ပုံမှန်မဟုတ်သော​အကြောင်းအရာများ5 စတဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်များကို အလွယ်တကူမျှဝေနိုင်တာကြောင့် သင့်ပတ်ဝန်းကျင်ရှိ သင်ချစ်ရတဲ့သူများအတွက် သူတို့နဲ့ထိုက်တန်တဲ့ဂရုစိုက်မှုများကို ပိုမိုပေးစွမ်းနိုင်တော့မှာပါ။

HUAWEI WATCH D Health Community

Cutting-Edge Heart
Health Solutions

ECG Analysis that Doesn't Miss a Beat

ECG App ကတော့ စွမ်းဆောင်ရည်မြင့် ECG sensor module များကို စုစည်းထားတာကြောင့် Single-lead ECG measurement များ၊ အချိန်နဲ့တပြေးညီ စိစစ်ချက်များ၊ လေလမ်းကြောင်းဆိုင်ရာ စည်းဝါးများ၊ atrial fibrillation၊ premature atrial နှင့် ventricular beat reminders2 စတဲ့အရာများကို ထောက်ပံ့ပေးတာကြောင့် နှလုံးနှင့်သက်ဆိုင်သော ကြီးမားတဲ့ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အချိန်နှင့်တပြေးညီသိရှိနေစေမှာဖြစ်ပါတယ်။

ECG App အကြောင်းပိုမိုလေ့လာရန် >
HUAWEI WATCH D KV ECG Analysis
HUAWEI WATCH D KV TruseenTm 5.0 HUAWEI WATCH D KV TruseenTm 5.0

HUAWEI TruSeen™ 5.0+ Heart Rate Monitoring

HUAWEI TruSeen™ 5.0+ heart rate monitoring နည်းပညာကတော့ Photoelectric sensor ၈ ခုကို အလင်း၏ အရင်းအမြစ်အုပ်စု ၂ ခုနှင့်အတူ အဝိုင်းပုံစံဖြန့်ကျက်ထားတာကြောင့် မတူညီတဲ့ Signal များကို တူညီအောင်ပြုလုပ်ပေးပြီး Anti-interference လုပ်နိုင်စွမ်းများကို မြှင့်တင်ပေးပါတယ်။ နာရီရဲ့ စွမ်းရည်မြင့် နီလာပုံစံအနောက်ဘက် Case က အလင်းဝင်ရောက်မှုများကိုလျော့ချထားချိန်တွင် လက်ကောက်ဝတ်ပတ်လည်မှာ တင့်တယ်စွာရှိနေမှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် Algorithm ကတော့ High-fidelity signal processing နှင့်အတူ နှလုံးခုန်နှုန်းကို ပိုမိုတိကျစွာစောင့်ကြည့်ပေးပြီး ECG reading များအတွက် ပိုမိုသက်သောင့်သက်သာရှိကာ ခန္ဓာကိုယ်နှင့်ပိုမိုအံဝင်ဂွင်ကျဖြစ်စေရန်အတွက် PVD-coated electrocodes6 များကို အသုံးပြုပေးထားပါတယ်။

Healthy Living
Made Easy

HUAWEI Watch D sleep
HUAWEI WATCH D SpO2 Monitoring
HUAWEI WATCH D Sleep Tracking
HUAWEI WATCH D Stress Monitoring
HUAWEI WATCH D Body Temperature Detection

SpO2 Monitoring

SpO2 ကတော့ ကျန်းမာရေးအတွက်အဓိကကျတဲ့ ညွှန်ပြခြင်းဖြစ်ပြီး SpO2 level များလျော့နည်းနေခြင်းက မောပန်းခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း နှင့် အခြားလက္ခဏာများ၊ ဒါမှမဟုတ် နှစ်ရှည်ကျန်းမာရေးထိခိုက်ခြင်းများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ HUAWEI WATCH D မှာတော့ SpO2 စောင့်ကြည့်ခြင်းစနစ်7 ကို ထောက်ပံ့ပေးတာကြောင့် သင့်ရဲ့သွေးတွင်းအောက်စီဂျင်ပမာဏကို အမြဲမပြတ်စောင့်ကြည့်နေနိုင်မှာပဲဖြစ်ပါတယ်။

Sleep Tight Every Night

HUAWEI TruSleep™ 2.0 sleep monitoring algorithm ကတော့ အဓိကကျတဲ့ အိပ်စက်ခြင်းအခြေအနေများ၊ အထူးသဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်း၊ ပေါ့ပေါ့ပါးပါးအိပ်စက်ခြင်း၊ မျက်လုံးကိုအမြန်လှုပ်ရှားကာအိပ်စက်ခြင်း (REM)၊ အချိန်တိုအိပ်စက်ခြင်းများ၊ အိပ်ယာထချိန်များနှင့် အိပ်စက်ခြင်းဆိုင်ရာရမှတ်များ၊ တစ်ကိုယ်ရည်အကြံပြုချက်များကို ဖော်ပြပေးတာကြောင့် အကောင်းမွန်ဆုံးသော ညအချိန်အနားယူခြင်း8 ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

Take it Easy,
Take a Deep Breath

စိတ်ဖိစီးမှုဆိုင်ရာစောင့်ကြည့်ခြင်းများသည် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အဆင်မပြေမှုများကို ခြေရာခံပေးပြီး စိတ်ငြိမ်စေတဲ့အသက်ရှူခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးတာကြောင့် သင့်ရဲ့စိတ်ကိုအေးချမ်းစေမှာ8 ဖြစ်ပါတယ်။

Skin Detection,
Skin-deep and Beyond

Built-in temperature sensor ကြောင့် နာရီကတော့ သင့်ရဲ့ကိုယ်အပူချိန်ကို အလိုအလျောက်သိရှိစေပြီး ကိုယ်အပူချိန်ပြောင်းလဲသွားတဲ့အခါ8မှာလည်း ချက်ချင်းဆိုသလို သတိပေးနေမှာပဲဖြစ်ပါတယ်။

70+ Workout Modes

ရွေးချယ်စရာ Workout Modes9 ၇၀ ကျော်ရှိတာကြောင့် သင့်ရဲ့ Comfort zone ထဲမှ ယခုပဲထွက်လာပြီး ပြေးခြင်း၊ ကြိုးခုန်ခြင်းနှင့် လှေလှော်ခြင်းများကို သင့်စိတ်ကြိုက်ပြုလုပ်နိုင်ပါပြီ။ နာရီကတော့ ပုံမှန် Workout10 ၆ မျိုးကို အလိုအလျောက် သိရှိပြီး GNSS positioning ကြောင့် သင့်ရဲ့ပြင်ပလမ်းကြောင်းများကို ပိုမိုတိကျစွာ ခြေရာခံနိုင်တော့မှာပဲဖြစ်ပါတယ်။

HUAWEI WATCH D Workout Modesသင့်ရဲ့ကျန်းမာပျော်ရွှင်တဲ့ခရီးစဥ်ကို ယခုပဲစတင်လိုက်ပါ>
HUAWEI WATCH D Workout Modes

Long Battery Life

HUAWEI WATCH D ကတော့ အားအပြည့်သွင်းထားချိန်မှာ Wireless Charging နှင့်အတူ ၇ ရက်4 အထိကြာရှည်ခံမှာဖြစ်ပါတယ်။

7days4

Your All-Purpose Daily Companion

Smart voice assistant, music playback control, new alarm သို့မဟုတ် weather forecast တို့ကိုသိရှိအသုံးပြုနိုင်စေရန် မေးမြန်းဖို့သာလိုပါတယ်!

HUAWEI WATCH D Assistant
HUAWEI WATCH D Assistant
HUAWEI WATCH D Assistant
HUAWEI WATCH D Assistant
HUAWEI WATCH D Assistant

*ယခု Feature သည် အချို့နိုင်ငံများနှင့် ဒေသများအတွက် အထောက်အပံ့မပေးပါ။ အသေးစိတ်အကြောင်းအရာများအတွက် Local Start Guide ကို ကြည့်ရှုနိုင်ပါတယ်။

*ယခု Feature သည် အချို့နိုင်ငံများနှင့် ဒေသများအတွက် အထောက်အပံ့မပေးပါ။ အသေးစိတ်အကြောင်းအရာများအတွက် Local Start Guide ကို ကြည့်ရှုနိုင်ပါတယ်။

Usage Guidelines

Measurement posture
တိုင်းတာခြင်းပုံစံအမူအရာဆိုသည်မှာ စတင်တိုင်းတာချိန်မှ Device ၏ တိုင်းတာခြင်းရလဒ်များကိုဖော်ပြချိန်အထိ ရရှိထားသောပုံစံအမူအရာကို ဆိုလိုခြင်းဖြစ်သည်။ အကြံပြုထားသောပုံစံအမူအရာများမှ သွေဖယ်ပြီးတိုင်းတာပါက တိုင်းတာခြင်းရလဒ်ကိုပြောင်းလဲစေနိုင်ပါသည်။ ပိုမိုတိကျတဲ့တိုင်းတာခြင်းကိုရရှိလိုပါက မ တိုင်းတာသေးချိန်တွင် ၅ မိနစ်တိတိထိုင်နေရန် အကြံပြုအပ်ပါသည်။ အောက်ပါတို့သည် ပုံမှန်တိုင်းတာခြင်းအမူအရာအတွက် အကြံပြုချက်များဖြစ်သည်:

HUAWEI WATCH D Usage Guidelines
HUAWEI WATCH D Usage Guidelines

ဝတ်ဆင်နိုင်သော လက်ကောက်ဝတ်အရွယ်များ

M-sized ကြိုး: 13.0 - 16.0 စင်တီမီတာ
L-sized ကြိုး: 16.1 - 20.0 စင်တီမီတာ
မှတ်ချက်: သင့်ရဲ့လက်ကောက်ဝတ်ပမာဏသည် 20.0 စင်တီမီတာထက်ကျော်လွန်နေပါက သွေးပေါင်ချိန်တိုင်းတာခြင်းတိကျမှုများကို အကျိုးသက်ရောက်စေနိုင်ပါသည်။

HUAWEI WATCH D Usage Guidelines
ပိုမိုများပြားတဲ့ ညွှန်ကြားချက်များအတွက် QR Code ကိုထိပါ၊ သို့မဟုတ် Scan ဖတ်ပါ။

[သတိပေးချက်]

1. တိုင်းတာခြင်းရလဒ်များကိုအခြေခံ၍ မိမိကိုယ်ကိုရောဂါရှာဖွေခြင်း၊ ကုသခြင်းများကိုမပြုလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် သင့်ကျန်းမာရေးကိုပိုမိုဆိုးရွာနိုင်စေသောကြောင့်ဖြစ်သည်။ ကျန်းမာရေးပညာရှင်များ၏လမ်းညွှန်ချက်များကို လိုက်နာရန်သတိပြုသင့်ပြီး သင့်ကျန်းမာရေးအခြေအနေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသောပညာရှင်များအား တိုင်းတာခြင်းရလဒ်များကို ပြသသင့်ပါသည်။

2. ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ အထူးသဖြင့် Magnetic resonance imaging (MRI) သို့မဟုတ် ကြိမ်နှုန်းမြင့် ကျန်းမာရေးပစ္စည်းများကိုအသုံးပြုနေချိန်တို့တွင် နာရီအားဝတ်ဆင်မထားသင့်ပါ။ ပစ္စည်းအား အားကောင်းသောသံလိုက်ပစ္စည်းများ၏ အဝေးတွင်ထားပါ။ ဤကဲ့သို့မပြုလုပ်ပါက ပစ္စည်းပျက်စီးသွားနိုင်ပါသည်။

3. ယခုပစ္စည်းတွင်ပါဝင်သော ECG feature သည် Asystole identification သို့မဟုတ် ST segment detection များအား အထောက်အပံ့မပေးပါ။

4. Premature atrial, ventricular beats သို့မဟုတ် atrial fibrillation စတဲ့ Arrhythmia ဖြစ်ရပ်များတွင် ရလဒ်များသည် မတိကျမရေရာနိုင်သည်ကို သတိပြုသင့်ပါသည်။

5. ဆီးချိုရောဂါ၊ ကိုလက်စထရောများပြားခြင်းနှင့် သွေးပေါင်ချိန်တက်ခြင်းများသည် ခန္ဓာကိုယ်တွင်းလည်ပတ်ခြင်းများကို ထိခိုက်နိုင်စေတာကြောင့် တိုင်းတာခြင်းရလဒ်များအပေါ်တွင် သက်ရောက်မှုရှိနိုင်ပါသည်။

6. သွေးလည်ပတ်မှုပုံမှန်မဟုတ်ခြင်း ဒါမှဟုတ် သွေးနှင့်သက်ဆိုင်သောရောဂါရှိသူများအတွက် သွေးပေါင်ချိန်တိုင်းခြင်းသည် ရံဖန်ရံခါမှားယွင်းလေ့ရှိပါသည်။

7. ကလေးမရရှိနိုင်သောမိဘများ၊ 10 kg အောက်ပေါင်ချိန်သာရှိသော ရင်သွေးများနှင့် မိမိကိုယ်ကိုဖော်ပြနိုင်ခြင်းမရှိသူများသည် ယခုပစ္စည်းကို အသုံးပြုသင့်ပါသည်။

8. အောက်ပါအုပ်စုများသည် ကျန်းမာရေးပညာရှင်၏ လမ်းညွှန်မှု‌အောက်တွင် သွေးပေါင်ချိန်တိုင်းတာခြင်းရလဒ်များကို ရယူနိုင်ပါသည်:
- ခြေလက်အင်္ဂါတုန်ရင်ခြင်း Syndrome ခံစားနေရသူများ သို့မဟုတ် မိမိကိုယ်ကို လက်မောင်းကွေးဆန့်ခြင်း မပြုလုပ်နိုင်သူများ
- လက်နှင့် လက်ကောက်ဝတ်ပေါ်တွင် အနာတရရှိသူများ သို့မဟုတ် အသားအရေဖူးရောင်နီရဲနေသူများ
- Infusion, Blood Transfusion သို့ Catheter Insertion ပြုလုပ်ထာသူများ
- ကျန်းမာရေးဆိုင်ရာပစ္စည်းများကို လက်ရှိတပ်ဆင်အသုံးပြုနေရသူများ


[ကြိုတင်ကာကွယ်မှုများ]

1. လေအိတ်သည်အလွန်အကျွံဖောင်းပွနေပါက သင့်ရဲ့လက်ကောက်ဝတ်ကိုမအီမသာဖြစ်စေပြီး ပြင်းထန်သည့်အခြေအနေများတွင် သွေးလည်ပတ်မှုနှေးကွေးခြင်း၊ တုံံ့ဆိုင်းသွားခြင်းများကိုဖြစ်စေနိုင်ပါသည်။ အခြေအနေပိုမိုဆိုးရွားလာပါက Device ကို ချွတ်ထားရန်လိုအပ်ပါသည်။

2. ဤ Device သည် နှလုံးစက်တပ်ဆင်ထားသူများနှင့် အခြားခန္ဓာကိုယ်တွင်းစက်ပစ္စည်းများ တပ်ဆင်ထားသူများအတွက် မသင့်လျော်ပါ။

3. ဤ Device တွင် မကြာခဏသွေးပေါင်ချိန်တိုင်းတာပါက သွေးလည်ပတ်ခြင်းကိုထိခိုက်စေသည့်အတွက် ထိုသို့ပြုလုပ်ခြင်းကိုရှောင်ရှားရန် အကြံပြုအပ်ပါသည်။

4. Device ၏လုပ်နိုင်စွမ်းသည် Portable နှင့် RF communication devices များအပေါ်တွင် သက်ရောက်မှုရှိနိုင်သည်။ Radiation များတိုးပွားလာခြင်းနှင့် Anti-interference လုပ်နိုင်စွမ်းများကို အဟန့်အတားဖြစ်စေသောကြောင့် ပစ္စည်းတစ်ခုအနီးအနား သို့မဟုတ် အပေါ်တွင် အခြားပစ္စည်းတစ်ခုကိုထားခြင်းအား ရှောင်ရှားသင့်ပါသည်။

5. ယခုပစ္စည်းသည် Allergies ကဲ့သို့သော ဆိုးကျိုးများကိုဖြစ်စေတတ်ပါသည်။ ထိုကဲ့သို့ဖြစ်လာပါက ဝတ်ဆင်ခြင်းကိုရပ်တန့်သင့်ပြီး ကျန်းမာရေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

6. တိုင်းတာထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် သတ္တုအစားထိုးခြင်းများကိုလုပ်ဆောင်ပါက ပုံမှန်မဟုတ်သည့် ECG Signal များကို ဖြစ်ပေါ်စေနိုင်ပါသည်။

7. လောင်ကျွမ်းစေသည့် Anesthetic ဓာတ်ငွေ့များသည် လေထု၊ အောက်စီဂျင် သို့မဟုတ် နိုက်ထရိုဂျင်အောက်ဆိုဒ်တို့ဖြင့် ရောနှောသွားချိန်များတွင် အသုံးပြု၍မရနိုင်ပါ။

8. လျှပ်စစ်သံလိုက်အတားအဆီးများသည် 3 V/m ထပ်လျော့နည်းနေရန်လိုအပ်သည်။ ဖြစ်လေ့ဖြစ်ထရှိသော အတားအဆီးအရင်းအမြစ်များမှာ Microwave oven များနှင့် X-ray များဖြစ်သည်။

9. ECG တိုင်းတာခြင်းကိုမပြုလုပ်မီမှာ ပစ္စည်း၏ Electrode မျက်နှာပြင်သည် သန့်ရှင်းနေရန်လိုအပ်သည်။ တိုင်းတာခြင်းသည် အကြိမ်ရေအမြောက်အမြားအထိမအောင်မြင်ပါက အနီးအနားရှိ အရေပြားနှင့် လက်ချောင်းများကို အရက်ပျံဖြင့်သန့်စင်ရန်လိုအပ်သည်။>

10. ယခုပစ္စည်းသည် ဓာတ်မတည့်ခြင်းများ၊ ပတ်ဝန်းကျင်နှင့်သက်ဆိုင်သောအကြောင်းအရင်းများ၊ ဆပ်ပြာ၊ ချွေးတို့ကြောင့် ယားယံခြင်းများနှင့် အခြားအကြောင်းအရာများကြောင့် အချို့သောသူများအတွက် ကောင်းကျိုးမပြုသောတုံ့ပြန်ခြင်းများကို ဖြစ်စေနိုင်ပါသည်။

11. ဤ Device ၏ ECG feature သည် နှလုံးခုန်နှုန်းတိုင်းတာခြင်းနှင့် Arrhythmia detection တို့အတွက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။

consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်