သင် ကြားရသည့်အတိုင်းခံစား ရရှိစေယ့် အသံအတွေ့အကြုံအတွက် Devialet နဲ့ပူးပေါင်းလိုက်ပါတယ်။.
HUAWEI Sound X သည် Devialet ၏ Speaker Active Matching (SAM®) နည်းပညာစွမ်းအားကို အသုံးချပြီး speaker ရဲ့အသံကိုအံဝင်ခွင်ကျဖြစ်စေပါတယ်။ Dual subwoofers သည် အသံနှုန်းကို အချိန်နှင့်တပြေးညီ ထုတ်လွှတ်ပေးနိုင်ပြီး သင် ကြားသင့်သည့် မြင့်မားသောအတိုင်းအတာကို သယ်ဆောင်လာပေးပါတယ်။.
Bass သည် 40 hz ရှိပြီး အမြင့်မားဆုံးအသံလှိုင်း 20 mm အထိရောက်ရှိနိုင်တာကြောင့် သင်တွေ့မြင်၊ နားဆင်နိုင်ပြီး တုန်ခါမှုကိုပါခံစားနိုင်မှာဖြစ်ပါတယ်။.2
လျော့မတွက်လိုက်ပါနဲ့ - HUAWEI Sound X က အရွယ်အစားသေးငယ် သော်လည်း စွမ်းအားကြီးမားပါတယ်။ ၎င်း၏ dual subwoofers ကို ရှားပါးသည့်သံလိုက်သတ္တုဖြင့်ပြုလုပ်ထားတာကြောင့် အားပြင်းသောတုန်ခါမှုကိုပေးပါတယ်။ ၎င်းတို့သည်အလွန်ထိခိုက်လွယ်သည့်အပြင် အင်အားအနည်းငယ်ထည့်ရုံမျှဖြင့် အားကောင်းသောအသံကိုထုတ်လွှင့်ပေးပါတယ်၊ ဒါကြောင့် အရွယ်အစားကြောင့်မဟုတ်ပဲ အသံကြောင့်သင့်ကို ရူးသွပ်သွားစေမှာပါ။.
HUAWEI Sound X က သင်ကြိုက်နှစ်သက်သလောက်ကျယ်လောင်စွာ နားဆင်လိုပါက SPL 93 dB2 အထိ ထုတ်လွှတ်နိုင်ပြီး ကြည်လင်ပြတ်သားသောအသံကို ပေးစွမ်းပါတယ်။. ပုံမှန် speaker များမှာ အသံအကျယ်ဖွင့်ပါက တုန်ခါပြီး အရည်အသွေးကျတတ်ပါတယ်။ HUAWEI Sound X အတွက်ကတော့ Devialet ရဲ့ Push-Push Acoustic ဒီဇိုင်းကြောင့် ဒါကပြသနာမဟုတ်ပါဘူး။ Subwoofers တစ်ခုချင်းစီမှာပါဝင်တဲ့စနစ်ကတုန်ခါမှုကို လျော့ချပေးပြီး အသံအတိုးအကျယ်များမှာ ပုံပျက်ခြင်းမရှိအောင်ပြုလုပ်ပေးထားပါတယ်။.
HUAWEI Sound X က သင်အသံကိုတွေ့ကြုံခံစားနိုင်ရန် ကြွယ်ဝသောပတ်ဝန်းကျင်ကို တည်ဆောက်ပေးပါတယ်။.
Speaker တွင် HUAWEI Sound algorithm ကိုအသုံးပြုထားသော အားကောင်းသည့် tweeters (၆) ခုပါဝင်ပြီး ကြီးမားတဲ့နေရာတစ်ခုအတွက် ကောင်းမွန်သောအသံကို ထုတ်လွှတ်ပေးနိုင်ပါတယ်။.
Tweeter တစ်ခုချင်းစီက အကောင်းဆုံးအသံအတွက် သီးခြားဒီဇိုင်းတစ်ခုစီပြုလုပ်ထားတာကြောင့် အားလုံးပေါင်းသောအခါတွင် speaker ၏ frequency သည် အမြင့်ဆုံး 40 Khz2 အထိရောက်ရှိနိုင်ပါတယ်။.
သင့်ဖုန်းမှာသီချင်းနားထောင်နေစဉ်မှာပဲ သင်တကယ်ခံစားနားဆင်ချင်လာပါက HUAWEI Sound X ကို တစ်ချက်ထိဖို့ပဲလိုပါတယ်။ Dual subwoofers နှင့် automatic sound field awareness တို့နဲ့ သင့်အတွက်သီချင်းနားထောင်ရသည်ကို မတူညီသောခံစားရမှာဖြစ်ပါတယ်။ သင့်အကြိုက်ဆုံးသီချင်းတွေကို မတူညီတဲ့နည်းနဲ့ နားဆင်ကြည့်ဖို့အဆင်သင့်ပဲလား။.
HUAWEI Sound X သည် Hi-Res ဟုအသိအမှတ်ပြုထားသောကြောင့် စစ်မှန်သောအသံကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Speaker က မူရင်းအသံသွင်းထားသည့်အရိပ်အရောင်ကို ဖမ်းယူနိုင်တာကြောင့် သင့်အကြိုက်ဆုံးအဆိုတော် သင့်အနားမှာရှိနေသလို ခံစားစေရမှာဖြစ်ပါတယ်။.
HUAWEI Sound X ၏တည်ဆောက်ပုံ၊ touch-sensitive ခလုပ်များနှင့် ပြောင်လက်သောမျက်နှာပြင်တို့ကြောင့် အထိအတွေ့၊ အမြင်၊ အကြား အရာအားလုံးက နှစ်လိုဖွယ်ရာပဲဖြစ်ပါတယ်။.
ထင်ရှားသောဒီဇိုင်းက သင့်ကို subwoofers ကြည့်နိုင်ရန်ပြတင်းပေါက်လေးထားရှိထားပေးတာကြောင့် bass ကိုကြားနိုင်ပြီး ခံစားနိုင်မှာပါ။.
Beat အလိုက်ပြောင်းလဲနေသော ရောင်စုံအရောင်များနဲ့ခလုပ်က သံစဉ်များနဲ့သင့်စိတ်ခံစားချက်အတွက် အသင့်တော်ဆုံးချိတ်ဆက်မှုပါပဲ။.