![HUAWEI Mate X3 KV](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/kv/kv.jpg)
![HUAWEI Mate X3 Slim Lightweight Quad-Curve Design](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/kv/rtb-1.jpg)
![HUAWEI Mate X3 Durable Kunlun Glass](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/kv/rtb-2.jpg)
on Two Screens
![HUAWEI Mate X3 Same Great Views on Two Screens](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/kv/rtb-8.jpg)
![HUAWEI Mate X3 Innovative Foldable Features](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/kv/rtb-5.jpg)
![HUAWEI Mate X3 Ultra Vision XMAGE Camera Wide Angle Camera](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/kv/rtb-6.jpg)
![HUAWEI Mate X3](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/kv/rtb-7.jpg)
the Future
ထုတ်လုပ်မှုလုပ်ငန်းစဉ် ၂၉ ဆင့်နှင့် ၁၂ နာရီကြာ အချိန်ယူပြီး အထူးပြုလုပ်ထားသော Diamond Blade (စိန်ပြား)ကိုအသုံးပြုကာ အာကာသယာဉ် ပြတင်းပေါက်ပုံစံထုတ်လုပ်ထားသော အနောက်ဘက်ကင်မရာဒီဇိုင်း၊ ပိုးဖဲကဲ့သို့ နူးညံ့ ပြောင်ချောသောလက်ရာမြောက်မျက်နှာပြင်များဖြင့် အရည်အသွေးမြင့်ပစ္စည်းအတွေ့အကြုံအားခံစားလိုက်ပါ။
![HUAWEI Mate X3 Deco Design](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/design/id.jpg)
Microcrystalline ဖွဲ့စည်းမှုပုံဖြင့်ထုတ်လုပ်ထားသော ပေါ့ပါးနူးညံ့သည့် Feather-Sand Glass လက်ရာမထင်မှန်မှာ အံ့အားသင့်ဖွယ် အမြင်အားပေးစွမ်းနိုင်ပြီး ထိတွေ့မှုတိုင်းအားနူးညံ့စေမှာပါ။ HUAWEI Mate X3 အား အလွန်ပါးလွှာနူးညံ့သော Vegan Leather Version ဖြင့်ထုတ်လုပ်ထားသည့်အတွက် သင့်အသားအရည်နှင့် သဟဇာတ ဖြစ်စေမှာပါ။
![HUAWEI Mate X3 Quad-Curve Design](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/design/design-weight-thin-bg.jpg)
![HUAWEI Mate X3 Quad-Curve Design](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/design/design-weight-oversea.png)
သာမာန်ဒီဇိုင်းများမှဖောက်ထွက်ကာ အထူးပုံဖော်ထားသည့် ကမ္ဘာ့ပထမဆုံး လေးဘက်ခုံးခေါက်ဖုန်းအားမိတ်ဆက်ခြင်း၊ ကြံ့ခိုင်ပြီး လုံးဝန်းသော အနားလေးဘက်မှာ အချိန်ကြာလာသည့်တိုင် ကိုင်ဆောင်ရာတွင်သက်တောင့်သက်သာဖြစ်စေမှာပါ။
![HUAWEI Mate X3 Slim Lightweight](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/design/design-thin.png)
HUAWEI Mate X3 တွင် သေးသွယ်သည့် Type-C Port၊ အလွန်ပေါ့ပါးပြီး ခိုင်ခံ့သည့် အလူမီနီယမ်၊ အလေးချိန်လျော့ချရန်အတွက် ဆန်းသစ်တီထွင်ထားသော ကာဗွန်ဖိုက်ဘာကဲ့သို့ပစ္စည်းများအပြင် Generation အသစ်ဖြစ်သည့် multi-dimensional hinge (ပတ္တာ) သည် ဖုန်းအားခေါက်လိုက်သည့်အခါတွင် ကျစ်ကျစ်လစ်လစ်ဖြစ်စေပြီး ဖွင့်လိုက်သည့်အခါတွင်လည်း အလွန်ပါးလွှာစေရန် ဒီဇိုင်းထုတ်လုပ်ထားတာကြောင့် ပါးလွှာပေါ့ပါးသည့် ခေါက်ဖုန်းများရဲ့ စံကိုသတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။
to Savour
![HUAWEI Mate X3 Screen](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/screen/huawei-mate-x3-screen-expand-content.jpg)
![HUAWEI Mate X3 Screen](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/screen/huawei-mate-x3-screen-expand.png)
![HUAWEI Mate X3 Screen](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/screen/huawei-mate-x3-screen-fold-content.jpg)
![HUAWEI Mate X3 Screen](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/screen/huawei-mate-x3-screen-fold.png)
HUAWEI Mate X3 သည် ÜV Rheinland certifications နှစ်ခု (Colour Accuracy & Precise Colour Projection)6 ရရှိထားသော ပထမဆုံး ခေါက်ဖုန်းအနေဖြင့် 1.07 billion ရှိသောအရောင်များနှင့် HUAWEI X-TRUE™ နည်းပညာအား အထောက်အပံ့ပေးပြီး လက်တွေ့ဆန်သောအရောင်များကို ကြည့်ရှုနိုင်မှာပါ။ Intelligent Light-Sensitive Display ကြောင့် မည်သည့်အခြေအနေတွင်မဆို တူညီသည့် မြင်ကွင်းအတွေ့အကြုံကိုပေးစွမ်းနိုင်ပါတယ်။ အတွင်းမျက်နှာပြင်၏ anti-reflection layer သည် နေအလင်းရောင်တိုက်ရိုက်ထိသည့်အချိန်တွင်တောင် ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းများကိုကြည့်ရှုနိုင်မှာပါ။
Precise Colour Projection
Screen16
Screen16
Screen Combo16
အစည်းအဝေးတက်နေချိန်တွင် မှတ်စုမှတ်ခြင်းစသည့် တစ်ခုထက်ပိုသော လုပ်ဆောင်ချက်များပြုလုပ်နိုင်စေဖို့ အလျားလိုက် Split-Screen ပြုလုပ်ရန် ဖုန်းစကရင်အား ပွတ်ဆွဲလိုက်ပါ။
ဖုန်းစကရင်အား ဘယ်ညာခွဲပြီး window နှစ်ခုအကြား ပုံများအား ဆွဲယူကူးပြောင်းကာ သင့်လုပ်ဆောင်နိုင်စွမ်းအား နှစ်ဆတိုးလိုက်ပါ။
တစ်ချက်နှိပ်ရုံနဲ့ အချိန်ခဏအတွင်းမှာ သင့်စိတ်ကြိုက် အက်ပလီကေးရှင်းများစွာ အသုံးပြုနိုင်ဖို့ Split-Screen Combo ကိုသိမ်းဆည်းလိုက်ပါ။ ဒါ့အပြင် ထောင်လိုက်နှင့် အလျားလိုက် Split-screen modes များအား သင့်စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။
![HUAWEI Mate X3 Double Down on Something New](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/screen/screen-right-show-phone.png)
Stop Mode17
Flex-Stop Mode
Stop Mode
ဖုန်းခေါ်ဆိုသူအား စကရင်ထိပ်ဘက်တွင်ထားပြီး အသံပိတ်ထားခြင်း၊ အခြားသူများအား ထပ်မံခေါ်ဆိုခြင်း၊ ဖုန်း စကရင် ဝေမျှခြင်း စသည်တို့ကို ဖုန်းမျက်နှာပြင်၏ အောက်ဘက်တစ်ဝက်တွင်ထိန်းချုပ်ပြုလုပ်လိုက်ပါ။
သင့်စိတ်ကြိုက်ရှုထောင့်18 အနေအထားတွင်ထား၍ အဖိုးတန်အခိုက်အတန့်များကို မှတ်တမ်းတင်လိုက်ပါ။
**ဤသရုပ်ပြသမှုများသည် ကိုးကားရန်အတွက်သာဖြစ်သည်။
Flex-Stop Mode တွင် ဖုန်းအားဖွင့်လှစ်ပြီး ရာသီဥတု၊ အချိန်စသည့် တို့ကို ကြည့်ရှုနိုင်သည့် ဂတ်ဂျက်အနေဖြင့်အသုံးပြုလိုက်ပါ။
Unfolds Flat
![HUAWEI Mate X3 Hinge](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/video/hinge-xs-fallback.jpg)
Generation အသစ်ဖြစ်သည့် multi-dimensional hinge သည် ပါးလွှာပြီး ရေရှည်တွင်ကြာရှည်ခံစေရန် နောက်ဆုံးပေါ်ပစ္စည်းများဖြင့်အသုံးပြုထားပါတယ်။ တောင်ပံပုံစံ Dual-track ပတ္တာ၏ အကူအညီဖြင့် HUAWEI Mate X3 အား ခေါက်ထားသည့်အခါတွင် ခိုင်ခံ့ကြွားရွားနေစေမှာဖြစ်ပါတယ်။19 Flex-stop လုပ်ဆောင်ချက်အား ထောက်ပံ့ပေးထားသော Cam-drive system သည် ဖုန်းဖွင့်လိုက်သည့်အခါတွင်လည်း သင့်အား စိတ်လှုပ်ရှားစေမှာပါ။
![HUAWEI Mate X3 Water-Proof](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/hinge/huawei-mate-x3-water-proof.png)
the Inside-Out
![HUAWEI Mate X3 Impact-resistant Foldable Interior Screen](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/hinge/huawei-mate-x3-impact-resistant-foldable-interior-screen.png)
![HUAWEI Mate X3 Kunlun Glass](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/hinge/huawei-mate-x3-kunlun-glass.png)
Need It the Most
ကြီးမားသော 4800 mAh ဘက်ထရီ9 ပါဝင်တာကြောင့် ကြာရှည်စွာအသုံးပြုနိုင်သလို အားသွင်းမြန်သော 66W HUAWEI SuperCharge အားသွင်းကြိုး10 နှင့် 50 W wireless HUAWEI SuperCharge တို့ဖြင့်လည်း အားသွင်းနိုင်တာကြောင့် အားကုန်မှာစိတ်ပူစရာမလိုဘဲ စိတ်ချစွာအသုံးပြုလိုက်ပါ။11 7.5 W Wireless Reverse Charging ဖြင့် အခြား device များကိုအားသွင်းနိုင်တာကြောင့် လိုအပ်တဲ့အချိန်မှာ သင့်ကိုအဆင်ပြေစေမှာပါ။11 ဖုန်းဘက်ထရီ ၁% အထိကျသွားသည့်အချိန်တွင် Low-Battery Emergency Mode အား အလိုအလျောက်ဖွင့်ပေးမည်ဖြစ်ပြီး ၁၂ မိနစ်ကြာ ဖုန်းခေါ်ဆိုခြင်း (သို့) ၃ နာရီကြာ အသင့်အနေအထားဖြင့် ဖုန်းဖွင့်ထားနိုင်မှာပါ။20
![HUAWEI Mate X3 Battery](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/technology/technology-battery.jpg)
အပူစီးကူးနိုင်မှုဧရိယာ ၂၀ % ပိုမိုကျယ်ပြန့်သည့်21 မျက်နှာပြင်နှစ်ခုလုံးအားအပူကူးပြောင်းနိုင်ရန် အသစ်ဆန်းသစ်ထားသည့်ပတ္တာတစ်လျောက်အေးမြစေသည့်စနစ်တွင် တစ်မူထူးခြားသည့် Flexible conductive layer အား အသုံးပြုထားပြီး ဖုန်းပတ္တာတစ်လျောက် အပူစီးကူးမှုကို ထိန်းညှိပေးနိုင်ပါတယ်။ 1800 W/m·K ultra-high thermally-conductive graphene အလွှာသည် ကြာရှည်စွာ အသုံးပြုလျှင်တောင်မှ ဖုန်းအား အေးမြစေရန် ကူညီပေးမှာပါ။
![HUAWEI Mate X3 Cooling System](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/technology/huawei-mate-x3-cooling-system.jpg)
![HUAWEI Mate X3 Ultra Vision Xmage Camera](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/camera/camera-main-logo.jpg)
XMAGE Camera
သင်၏ အကောင်းဆုံးအမှတ်တရများကို မှတ်တမ်းတင်နိုင်ရန် HUAWEI Mate X3 တွင် 50 MP Ultra Vision Camera၊ 13 MP Ultra-Wide Angle Camera နှင့် Optical zoom7 ၅ဆ အထိချဲ့နိုင်သည့် 12 MP Periscope Telephoto Camera တို့ထည့်သွင်းထုတ်လုပ်ထားသည်။ လျှပ်တစ်ပြတ်အမြန်ရိုက်နိုင်သည့် Algorithm အား ပိုမိုမြန်ဆန်အောင်အဆင့်မြင့်တင်ထားတဲ့အတွက် သင့်အမှတ်တရများအား မှတ်တမ်းမတင်လိုက်ရတဲ့ အခိုက်အတန့်ရှိလာမှာမဟုတ်တော့ပါဘူး။ XMAGE စတိုင်သုံးမျိုးဖြစ်တဲ့ Original၊ Vivid၊ Bright စတဲ့ အရောင်တွေနဲ့ သင့်ရောင်စုံကမ္ဘာလေးအား ခြယ်သလိုက်ပါ။
![HUAWEI Mate X3 Ultra Vision Xmage Camera](/content/dam/huawei-cbg-site/common/mkt/pdp/phones/mate-x3/img/camera/camera-intro.jpg)
- Vegan Leather Version သည် ပျမ်းမျှအားဖြင့် 238 g အလေးချိန်ရှိပြီး Feather-Sand Glass Version သည် ပျမ်းမျှအားဖြင့် 241 g အလေးချိန်ရှိသည်။ ထုတ်ကုန်၏ အလေးချိန်တွင် ဘက်ထရီ၏အလေးချိန်ပါဝင်သော်လည်း ပြင်ပ မျက်နှာပြင်အကာအကွယ် (သို့) အတွင်းမျက်နှာပြင်အလွှာ၏ အလေးချိန်မပါရှိပါ။ အမှန်တကယ်ထုတ်ကုန်၏ အလေးချိန်သည် ထုတ်ကုန်အခြေအနေ၊ ထုတ်လုပ်သည့်လုပ်ငန်းစဉ်နှင့် တိုင်းတာမှုနည်းလမ်းများပေါ်တွင်မူတည်၍ ကွာခြားနိုင်သည်။
- ဖုန်းအထူအားတိုင်းတာရာတွင် ဖုန်းအား ဖွင့်ထားသည့်အချိန်တွင်တိုင်းတာခြင်းဖြစ်ပြီး မျက်နှာပြင်ဘောင် (သို့) ကင်မရာအထူအား ထည့်သွင်းတိုင်းတာခြင်းမပြုလုပ်ထားပါ။ အမှန်တကယ် ထုတ်ကုန်တိုင်းတာချက်များသည် ထုတ်ကုန်အခြေအနေ၊ ထုတ်လုပ်သည့် လုပ်ငန်းစဉ်နှင့် တိုင်းတာသည့် နည်းလမ်းများပေါ်တွင်မူတည်၍ ကွာခြားနိုင်သည်။
- HUAWEI Mate X2 ၏ ပြင်ပမျက်နှာပြင်နှင့် HUAWEI Mate X3 ၏ Kunlun Glasss ပြင်ပမျက်နှာပြင်တို့အား ဟွာဝေးဓါတ်ခွဲခန်းများတွင် နှိုင်းယှဉ်စမ်းသပ်ချက်များကို အခြေခံထားခြင်းဖြစ်သည်။ ဖုန်းအတွင်းတွင် အသေးစိတ်စက်ပစ္စည်းများတပ်ဆင်ထားသောကြောင့် အသုံးပြုသည့်အခါတွင် တိုက်မိခြင်း၊ ပြုတ်ကျခြင်းမရှိစေရန် ဂရုပြုပါ။
- HUAWEI Mate X2 ၏ ပြင်ပမျက်နှာပြင်နှင့် HUAWEI Mate X3 ၏ Kunlun Glasss ပြင်ပမျက်နှာပြင်တို့အား ဟွာဝေးဓါတ်ခွဲခန်းများတွင် နှိုင်းယှဉ်စမ်းသပ်ချက်များကို အခြေခံထားခြင်းဖြစ်သည်။ ဖုန်း၏အတွင်းပိုင်းတွင် အသေးစိတ်စက်ပစ္စည်းများပါဝင်သောကြောင့် အသုံးပြုသည့်အခါတွင် တိုက်မိခြင်း၊ ပြုတ်ကျခြင်းမရှိစေရန် ဂရုပြုပါ။
- Switzerland နိုင်ငံ၏ SGS အသိအမှတ်ပြု Five-star Reliability Certifications ဆိုသည်မှာ Kunlun Glass ပြင်ပမျက်နှာပြင် ပြုတ်ကျမှုခံနိုင်အားအတွက် Switzerland's five-star drop-resistance certification နှင့် အတွင်းဘက်မျက်နှာပြင်ထိခိုက်မှုခံနိုင်အားအတွက် Switzerland's five-star impact-resistance certification တို့ကိုရည်ညွှန်းခြင်းဖြစ်သည်။ Huawei ဓါတ်ခွဲခန်းစမ်းသပ်ချက်များမှရရှိလာသော ရလာဒ်များဖြစ်သည်။ ဖုန်းအတွင်းတွင် အသေးစိတ်စက်ပစ္စည်းများတပ်ဆင်ထားသောကြောင့် အသုံးပြုသည့်အခါတွင် တိုက်မိခြင်း၊ ပြုတ်ကျခြင်းမရှိစေရန် ဂရုပြုပါ။
- ၂၀၂၃ ခုနှစ်၊ မတ်လ (၂၃) အထိ ဈေးကွက်တွင်း ထုတ်လုပ်ထားသော ခေါက်ဖုန်းများအကြားတွင် အရောင်မှန်ပြီး တိကျသောအရောင်ထုတ်လုပ်ပေးနိုင်မှု (Colour Accuracy & Precise Colour Projection) အတွက် TÜV Rheiland အသိအမှတ်ပြုလက်မှတ်ရထားသောဖုန်းဖြစ်သည်။
- HUAWEI Mate X3 တွင် Optical Zoom ၅ ဆနီးပါးထိ ချဲ့နိုင်သည်။ HUAWEI Mate X3 ၏ focal lengths များမှာ 13 mm၊ 23 mm နှင့် 125 mm တို့ဖြစ်သည်။
- HUAWEI Mate X3 သည် IEC Standard 60529 တွင် ရေမှုန်နှင့် ရေစိုခံနိုင်မှုအဆင့်သတ်မှတ်ချက် IPX 8 အထိရရှိထားပြီး ထိန်းချုပ်ဓါတ်ခွဲခန်းများတွင် စမ်းသပ်ထားခြင်းဖြစ်သည်။ ရေမှုန်နှင့် ရေစိုခံနိုင်မှုသတ်မှတ်ချက်မှာပုံသေမဟုတ်ဘဲ ပုံမှန်အသုံးပြုမှုအခြေအနေတွင် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာနိုင်သည်။ ဖုန်းအားရေစိုနေသည့်အချိန်နှင့် စိုစွတ်သည့်ပတ်ဝန်းကျင်တွင် အားသွင်းခြင်းမပြုရ။ အခြောက်ခံခြင်းနှင့် သန့်ရှင်းရေးပြုလုပ်မှုလမ်းညွှန်အား ကြည့်ရှုပါ။ အရည်ထဲတွင်နှစ်ထားခြင်းကြောင့်ဖြစ်ပေါ်လာသော ပျက်စီးမှုများသည် အာမခံထဲတွင်အကျုံးမဝင်ပါ။ IPX8 အဆင့်သတ်မှတ်ချက်သည် ဖုန်းအား ရေအနက် 1.5 မီတာတွင် မိနစ် ၃၀ထိထားပြီး ရေနှင့် ဖုန်း၏ အပူချိန်ကွာခြားမှု 5°C ထက်မပိုသော အခြေအနေတွင် စမ်းသပ်ပြီးရရှိထားသော အဆင့်သတ်မှတ်ချက်ဖြစ်သည်။
- ပုံမှန် တန်ဖိုးဖြစ်ပြီး ဘက်ထရီအား 4700 mAh အထိအသုံးပြုနိုင်သည်။ ဘက်ထရီကို ဖယ်ရှား၍ မရနိုင်ပါ။
- ကြိုးဖြင့် အားသွင်းပါက 66W အထိ အများဆုံးအားသွင်းနိုင်ပြီး HUAWEI SuperCharge အားသွင်းခေါင်းနှင့်ကြိုးအား အသုံးပြုမှသာ 66W အထိရရှိမည်ဖြစ်သည်။ အမှန်တကယ် အားသွင်းမှု လုပ်ဆောင်ချက်များမှာ ကွာခြားနိုင်သည်။
- ကြိုးမဲ့အားသွင်းပါက 50W အထိ အများဆုံးအားသွင်းနိုင်ပြီး HUAWEI SuperCharge Wireless Charger Stand (Max 50W) (သို့) HUAWEI SuperCharge Wireless Car Charger (Max 50 W)တို့အား 66W HUAEI SuperCharge အားသွင်းခေါင်း၊ ကြိုးတို့နှင့်အတူ အသုံးပြုမှသာ 50W အထိအားသွင်းနိုင်မည်ဖြစ်သည်။ (၎င်းတို့အားသီးသန့်ဝယ်ယူနိုင်ပါသည်။)အမှန်တကယ် အားသွင်းမှု လုပ်ဆောင်ချက်များမှာ ကွာခြားနိုင်သည်။
- ဖုန်း၏ မျက်နှာပြင်နှစ်ခုအား လုံးဝန်းနေသည့် ဘေးဘောင်များထက် ထောင့်မှန်စတုဂံဆိုဒ် စံသတ်မှတ်ချက်များအရတိုင်းတာရာတွင် ပြင်ပမျက်နှာပြင်၏ ထောင့်ဖြတ်အတိုင်းအတာသည် 6.4 လက်မဖြစ်ပြီး အတွင်းဘက်မျက်နှာပြင်၏ ထောင့်ဖြတ်အတိုင်းအတာသည် 7.85 လက်မဖြစ်သည်။ (အမှန်တကယ် မြင်ရသည့်ဧရိယာသည် အနည်းငယ် ပိုသေးနိုင်သည်။)
- အတွင်းဘက် မျက်နှာပြင် resolution သည် 2496 × 2224 ဖြစ်ပြီး အပြင်ဘက်မျက်နှာပြင် resolution သည် 2504 × 1080 ဖြစ်သည်။ Resolution သည် လုံးဝန်းသောဘောင်များပါရှိသည့် စံထောင့်မှန်စတုဂံအား တိုင်းတာခြင်းဖြစ်သောကြောင့် အမှန်တကယ် pixels အရေအတွက်သည် အနည်းငယ် လျော့နည်းနိုင်သည်။
- 1440 Hz high-frequency PWM dimming သည် တစ်ချို့သော အလင်းရောင်ရရှိမှုနည်းသည့် အခြေအနေတွင် အသုံးပြုနိုင်သည်။ ဤထုတ်ကုန်သည် ဆေးဖက်ဆိုင်ရာသုံးပစ္စည်းမဟုတ်ပါ။ ရောဂါရှာဖွေခြင်း၊ ကုသခြင်း (သို့) ကာကွယ်ခြင်းများပြုလုပ်၍မရပါ။
- မျက်နှာပြင် Refresh Rate သည် တစ်ချို့သော အက်ပလီကေးရှင်းများ (သို့) ဂိမ်းများပေါ်တွင်မူတည်၍ကွာခြားနိုင်သည်။ LTPO ပြင်ပမျက်နှာပြင်၏ Refresh Rate သည် 1-120 Hz နှင့် LTPS အတွင်းမျက်နှာပြင်၏ Refresh Rate သည် 60 Hz၊ 90 Hz (သို့) 120 Hz တို့ဖြစ်သည်။
- ဤလုပ်ဆောင်ချက်သည် တစ်ချို့သော အက်ပလီကေးရှင်းများတွင်သာ အထောက်အပံ့ပေးသည်။ လက်တွေ့စမ်းသပ်အသုံးပြုနိုင်သည်။
- ဤလုပ်ဆောင်ချက်သည် တစ်ချို့သော အက်ပလီကေးရှင်းများတွင်သာ အထောက်အပံ့ပေးသည်။ လက်တွေ့စမ်းသပ်အသုံးပြုနိုင်သည်။
- HUAWEI Mate X3 အား ၂၄ နာရီကြာခေါက်ထားပြီးပါက 45-100 ဒီဂရီအထိ စိတ်ကြိုက်အနေအထားဖြင့် ထောင်ထားနိုင်သည်။ ဤဒီဂရီများသည် အသုံးပြုသည့် အကြိမ်အရေအတွက် နှင့် ထုတ်ကုန်တစ်ခုချင်းစီပေါ်တွင်မူတည်၍ ကွဲပြားနိုင်သည်။
- Seamless visual effects များသည် အသုံးပြုမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်ပေါ်တွင်မူတည်၍ကွဲပြားနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲနိုင်သည်။ အမှန်တကယ်ထုတ်ကုန်အားမှီငြမ်းနိုင်သည်။ အတွင်းဘက်မျက်နှာပြင်ရှိ ကွေးသည့်နေရာမှ ခေါက်ရိုးရာအနည်းငယ်မှာ သာမာန်သာဖြစ်သည့်အတွက် စိတ်ချစွာ အသုံးပြုနိုင်သည်။
- Low-Battery Emergency Mode အခြေအနေတွင် ဖုန်းခေါ်ဆိုခြင်းနှင့် Standby time အချက်အလက်များသည် Huawei ဓါတ်ခွဲခန်းစမ်းသပ်ချက်များမှ ရရှိထားသော ရလာဒ်များဖြစ်သည်။ အမှန်တကယ်လုပ်ဆောင်နိုင်မှုများသည် အသုံးပြုမှု အခြေအနေပေါ်တွင်မူတည်၍ ကွာခြားနိုင်သည်။
- HUAWEI Mate X2 နှင့် HUAWEI Mate X3 ပေါ်တွင် အပူစီးကူးမှု ဧရိယာနှိုင်းယှဉ်ချက်မှာ HUAWEI ဓါတ်ခွဲခန်းတွင် နှိုင်းယှဉ်စမ်းသပ်ချက်များမှ ရရှိထားသော ရလာဒ်များဖြစ်သည်။
- အရွယ်တူRGGB ဆင်ဆာနှင့်နှိုင်းယှဉ်ထားခြင်းဖြစ်သည်။ Huawei ဓါတ်ခွဲခန်းစမ်းသပ်ချက်များမှရရှိထားသော အချက်အလက်များဖြစ်သည်။
- 120° သည် ကင်မရာမှန်ဘီလူး၏ သတ်မှတ်ချက်ဖြစ်သည်။ အမှန်တကယ်အသုံးပြုသည့်အခြေအနေတွင် မြင်ရသည့်မြင်ကွင်းသည် အနည်းငယ်ကျဉ်းနိုင်သည်။
-
အတွင်းမျက်နှာပြင်အလွှာအား ဖယ်ရှားမပစ်ရပါ။
အတွင်းမျက်နှာပြင်အလွှာအား Huawei မှ အထူးဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပြီး မျက်နှာပြင်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ အတွင်းမျက်နှာပြင်အလွှာအား ဖယ်ရှားခြင်း (သို့) အစားထိုးခြင်းပြုလုပ်ပါက အတွင်းမျက်နှာပြင်အားထိခိုက်နိုင်ပြီး အာမခံချက် (Warranty) ကိုပျက်စေနိုင်သည်။ လိုအပ်ပါက Huawei ၏ တရားဝင် Customer Serivice Center တွင် အတွင်းမျက်နှာပြင် Screen Protecter ကပ်နိုင်သည်။
အတွင်းမျက်နှာပြင်အား ချွန်ထက်သောအရာများဖြင့် မဖိရပါ။
အတွင်းမျက်နှာပြင်အား ဘောပင်၊ သော့စသည့် ချွန်ထက်သောအရာများနှင့် မဖိရပါ။ ဖုန်းအားခေါက်ထားစဉ်တွင် မျက်နှာပြင်အားမထိခိုက်စေရန် ဖုန်းအတွင်းမျက်နှာပြင်ကြား၌ ကဒ်များ၊ အကြွေစေ့များကဲ့သို့ အရာဝတ္ထုများ ညပ်မနေစေရန် သတိပြုပါ။
အတွင်းမျက်နှာပြင်ပေါ်ရှိ ကင်မရာ ဧရိယာအား မဖိရ။
အတွင်းမျက်နှာပြင်ပေါ်ရှိ အရှေ့ကင်မရာသည် အနုစိတ် အစိတ်အပိုင်းဖြစ်သောကြောင့် ထိခိုက်မှုမှရှောင်ရှားရန်နှင့် အာမခံအကာအကွယ်ရရှိစေရန် ၎င်းပတ်ဝန်းကျင်ရှိဧရိယာအား ပြင်းထန်စွာမဖိရ။
အသံလေးများထွက်ခြင်း (သို့) ခေါက်ရိုးရာအနည်းငယ်တို့မှာ သာမာန်သာဖြစ်သည်။
ဖုန်းခေါက်သည့်အချိန်နှင့် ဖုန်းပြန်ဖွင့်သည့်အချိန်တွင်ထွက်လာသော အသံလေးများ (သို့)အတွင်းမျက်နှာပြင်ခေါက်သည့်ဧရိယာရှိ တွန့်ခေါက်ရာလေးများသည် သာမာန်သာဖြစ်သည့်အတွက် စိတ်ချစွာအသုံးပြုနိုင်သည်။