![HUAWEI Mate 50 KV](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/kv/kv.jpg)
![HUAWEI Mate 50 Experience](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/kv/sp-bg.jpg)
![HUAWEI Mate 50 An Instant Classic](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/design/design-intro.jpg)
ဘယ်ရှုထောင့်ကကြည့်ကြည့်လှပနေစေမယ့် Smartphone နဲ့ သင့်ကိုယ်သင်အလှဆင်လိုက်ပါ။ သူ့ရဲ့ဂန္တဝင်ဆန်ပြီးအချိုးကျတဲ့ပုံစံနှင့် ကွေ့ကောက်တဲ့ပိရမစ်ပုံစံ Clous de Paris pattern တို့က သင့်ကိုခေတ်ဆန်သော Camera Module များဆီသို့ ဆွဲဆောင်သွားမှာပဲဖြစ်ပါတယ်။
အမိုက်စားနည်းပညာနှင့် အလန်းစားမြင်ကွင်း! 6.7-inch screen4 နှင့် သီးခြားချိန်ညှိထားတဲ့အရောင်များက သင့်ကိုလက်တွေ့ကမ္ဘာနဲ့ အနီးစပ်ဆုံးဖြစ်အောင်ပြသပေးပါတယ်။ ဒါ့အပြင် 1440 Hz PWM dimming5 ကလည်း Flicker ထခြင်းကိုလျော့ချပေးပြီး သင့်ရဲ့မျက်လုံးကို ပိုမိုသက်သောင့်သက်သာရှိနေစေမှာဖြစ်ပါတယ်။
![HUAWEI Mate 50 Clear as Crystal](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/design/design-screen.jpg)
HUAWEI Mate 50 ကတော့ IP68-rated ရေစင်ခြင်း၊ ရေစိုခြင်း၊ ဖုန်မှုန့်ဒဏ်ကာကွယ်နိုင်ခြင်း1 တို့ဖြင့် သင့်ဘဝရဲ့နှောင့်ယှက်မှုမှန်သမျှကို ခံနိုင်ရည်ရှိစေဖို့အတွက် ဖန်တီးပေးထားပါတယ်။
![HUAWEI Mate 50 Water Challenge? Accepted](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/design/design-ip68.jpg)
![HUAWEI Mate 50 XMAGE](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/camera/camera-intro.jpg)
![HUAWEI Mate 50 XMAGE](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/camera/camera-sample-bg.jpg)
HUAWEI Mate 50 မှာပါဝင်တဲ့ Ultra Aperture XMAGE Camera ကတော့ နေ့နှင့်ညတို့ရဲ့အလှတရားများကို မလွတ်တမ်းမှတ်တမ်းတင်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Aperture ကို အလိုရှိသလိုထိန်းညှိပေးပြီး Professional Mode ကလည်း ရွေးချယ်စရာ Aperture size ၁၀ မျိုးအထိပါဝင်တာကြောင့် ထူးခြားပြောင်မြောက်တဲ့ Blur and Depth ပုံရိပ်များကို အလိုရှိသလိုရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
50 MP Ultra Aperture Camera ကတော့ အလင်းဝင်ရောက်မှု ၂၄ ရာခိုင်နှုန်း6 ပိုမိုကောင်းမွန်ပြီး XD Fusion Pro image engine နဲ့ ကောင်းမွန်စွာတွဲဖက်လုပ်ဆောင်တဲ့ Ultra-large F1.4 aperture နှင့် RYYB sensor တို့က brightness နှင့် contrast ကို ပုံမှန်အခြေအနေမှာပဲရှိအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Super Night mode ကတော့ ညသန်းခေါင်ယံရဲ့အလှတရားကို ပိုမိုခံစားနိုင်စေပြီး အသေးစိတ်ကျတဲ့မြင်ကွင်းပုံရိပ်များနှင့်အတူ ညအချိန်ကို ပိုမိုအသက်ဝင်နေစေမှာဖြစ်ပါတယ်။
Macro video feature ကတော့ သေးငယ်တဲ့ရှုခင်းပုံရိပ်များကို သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးတွေဖြစ်အောင်ပြောင်းလဲပေးပြီး Micro PiP ကတော့ မမြင်နိုင်တဲ့အသေးစိတ်အချက်အလက်လေးများကို မတွေးခဲ့ဖူးတဲ့တိကျမှုမျိုးနဲ့ သရုပ်ဖော်ပေးမှာပဲဖြစ်ပါတယ်။
![HUAWEI Mate 50 Marco video](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/camera/camera-sample-6.jpg)
![HUAWEI Mate 50 Stand Out in All Your Footage](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/camera/camera-sample-7.jpg)
Optical-level blurring works for videos as well as pictures, turning shooting subjects into full-fledged film characters.
Macro video feature ကတော့ သေးငယ်တဲ့ရှုခင်းပုံရိပ်များကို သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးတွေဖြစ်အောင်ပြောင်းလဲပေးပြီး Micro PiP ကတော့ မမြင်နိုင်တဲ့အသေးစိတ်အချက်အလက်လေးများကို မတွေးခဲ့ဖူးတဲ့တိကျမှုမျိုးနဲ့ သရုပ်ဖော်ပေးမှာပဲဖြစ်ပါတယ်။
![HUAWEI Mate 50 Micro Camera Video](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/cavideo/huawei-mate-50-micro-camera-video.png)
the Way
4460 mAh large capacity battery2, 66 W Wired Multi-channel HUAWEI SuperCharge10 နှင့် 50 W Wireless HUAWEI SuperCharge11 တို့ကြောင့် သင်နှစ်သက်ရာရုပ်ရှင်များနှင့် ဂိမ်းများကို တစ်ဝကြီးကြည့်ရှုဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။
![HUAWEI Mate 50 Play the Long Game](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/tech/tech-battery.jpg)
ဘက်ထရီကုန်ခါနီးပေမယ့် လုပ်စရာတွေမပြီးသေးဘူးလား? သင့်ဖုန်းရဲ့ဘက်ထရီ level 1% အောက်သို့ ရောက်ရှိသွားချိန်မှာ Low battery emergency mode ကို ပြောင်းလဲပေးမှာကြောင့် စိတ်ဒုက္ခဖြစ်ခြင်းမှ ကင်းဝေးစေမှာဖြစ်ပါတယ်။12
![HUAWEI Mate 50 Emergency Mode](/dam/content/dam/huawei-cbg-site/common/mkt/pdp/phones/mate50/img/cavideo/huawei-mate-50-emergency-mode.png)
and Private
Newly Nimble
and Secure
- ယခုပစ္စည်းသည် IP68 အသိအမှတ်ပြုဖြစ်ပြီး IEC standard 60529 သတ်မှတ်ချက်အရ ရေစင်ခြင်း၊ ရေစိုခြင်းနှင့် ဖုန်မှုန့်ဒဏ်ခံနိုင်ခြင်းတို့ကို ဓာတ်ခွဲခန်းများတွင် စမ်းသပ်ထားခြင်းဖြစ်သည်။ ရေစင်ခြင်း၊ ရေစိုခြင်း၊ ဖုန်မှုန့်ဒဏ်ခံနိုင်ခြင်းတို့သည် အမြဲမဟုတ်ပဲ အခြေအနေနှင့်ခံနိုင်စွမ်းတို့သည် အသုံးပြုချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာနိုင်သည်။ စိုစွတ်သည့်ပတ်ဝန်းကျင်များတွင် ဖုန်းကိုအားမသွင်းသင့်ပါ။ သန့်ရှင်းခြင်းနှင့် အခြောက်ခံခြင်းတို့အတွက် လက်စွဲစာအုပ်တွင် ပါဝင်သောအချက်အလက်များကို မှီငြမ်းနိုင်ပါသည်။ ရေထဲတွင်နှစ်ထားခြင်းမှ ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများအတွက် Warranty ရရှိနိုင်မည်မဟုတ်ပါ။ IP68 rating ဆိုသည်မှာ သတ်မှတ်ထားသောအခြေအနေများတွင် စမ်းသပ်ထားခြင်းဖြစ်ပြီး Device သည် အန္တရာယ်ရှိသော ရေဝင်ရောက်ခြင်းများကို ရေအနက် ၂ မီတာအထိ ၃၀ မိနစ်ကြာ ကာကွယ်ပေးပါသည်။ သို့သော် ရေနှင့် Device တို့ကြား အပူချိန်သည် 5°C ထပ် မပိုရပါ။
- ပုံမှန်ပမာဏ။ ဘက်ထရီ၏ သက်မှတ်ပမာဏသည် 4360 mAh ဖြစ်သည်။
- ဂိမ်းနှင့်လိုက်ရောညီထွေရှိရန်လိုအပ်သည်။ အမှန်တကယ်အသုံးပြုခြင်းကို ကိုးကားပါ။
- Screen သည် ပုံမှန်ဒေါင့်မှန်စတုဂံကိုအခြေခံပြီး ဒေါင်လိုက်တိုင်းတာလျှင် 6.7 inches ရှိသည်။ တကယ့် Display area သည် လုံး၀န်းသည့်ဒေါင့်စွန်းများကြောင့် သတ်မှတ်ထားသောပမာဏထက် သေးငယ်နေနိုင်ပါသည်။
- 1440 Hz high frequency PWM dimming သည် သတ်မှတ်ထားသော Lower brightness အခြေအနေများအတွက် ရရှိနိုင်မည်ဖြစ်သည်။
- HUAWEI Mate 40 Pro နှင့် နှိုင်းယှဉ်ထားခြင်းဖြစ်သည်။ ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှ ရရှိခြင်းဖြစ်သည်။
- 120° သည် Camera lens ၏ စံသတ်မှတ်ချက်ဖြစ်သည်။ မြင်နိုင်သည့်အကွာအဝေးသည် အမှန်တကယ်အသုံးပြုသည့်အခြေအနေတွင် လျော့နည်းနေနိုင်ပါသည်။
- Zoom ပြုလုပ်နိုင်သည့်အကွာအဝေးသည် Ultra wide angle magnification ဖြင့် ခွဲခြမ်းထားသည့် Maximum zoom ratio ဖြစ်သည်။ HUAWEI Mate 50 ၏ Focal length များမှာ 24 mm (ultra aperture camera), 13 mm (ultra-wide angle camera) နှင့် 125 mm (telephoto camera) တို့ဖြစ်သည်။
- ဒေတာများသည် HUAWEI Mate 50 256 GB ကို HUAWEI ဓာတ်ခွဲခန်းများတွင် စမ်းသပ်ပြီးမှ ရရှိထားခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်အသုံးပြုသည့် အခြေအနေများကိုမှီငြမ်းပါ။
- 66 W သည် အမြင့်ဆုံးအားသွင်းနိုင်နှုန်းဖြစ်ပြီး သတ်မှတ်ထားသည့် 66 W HUAWEI SuperCharge charger နှင့် အားသွင်းကြိုးတို့ကိုအသုံးပြုမှသာ ရရှိနိုင်မည်ဖြစ်သည်။
- 50 W သည် အမြန်ဆုံးသောကြိုးမဲ့အားသွင်းနိုင်နှုန်းဖြစ်ပြီး ထပ်မံ၀ယ်ယူရန်လိုအပ်ပြီး သတ်မှတ်ထားသည့် HUAWEI SuperCharge Wireless Charger Stand (Max 50 W) ကို အသုံးပြုမှသာ ရရှိနိုင်မည်ဖြစ်သည်။
- Low battery emergency mode ကိုအသုံးပြုထားပြီး ဖုန်းခေါ်ဆိုနေချိန်နှင့် Standby ပြုလုပ်ထားချိန်ရရှိသောဒေတာများသည် ဓာတ်ခွဲခန်းများမှရရှိထားခြင်းဖြစ်သည်။ အမှန်တကယ်စွမ်းဆောင်ရည်သည် Network အခြေအနေနှင့် အသုံးပြုသည့်အခြေအနေအပေါ်ကိုလိုက်၍ ပြောင်းလဲနိုင်ပါသည်။ ဒေတာအားလုံးသည် လက်တွေ့အသုံးပြုသည့် အနေအထားအပေါ်တွင်မူတည်သည်။
- ယခု Feature သည် PC Manager version 13.0.2.310 နှင့် အထက်အသုံးပြုထားသည့် HUAWEI MateBook အချို့တွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Device များသည် တူညီသည့် Huawei account တစ်ခုထဲဖြင့်သာ Log-in ပြုလုပ်ထားရန်လိုအပ်ပြီး Wi-Fi network နှင့် Bluetooth ဖွင့်ထားရန်လည်းလိုအပ်သည်။ ပိုမိုသိရှိလိုပါက Huawei customer service ကိုဆက်သွယ်ရန် တိုက်တွန်းအပ်ပါသည်။
- လက်တွေ့မျက်နှာြပင်သည် ကွဲပြားနေနိုင်ပါသည်။ အချို့သော Feature များသည် HOTA update ပြုလုပ်ရန်လိုအပ်သည်။