မိမိုက်တဲ့ F1.8 aperture နဲ့ နေ့စဥ်လှုပ်ရှားမှုများကို HD splendor ဖြင့် ဖန်တီး ပြုလုပ်လိုက်ပါ။





ကောင်းကင်ပေါ်ကကြယ်လေးများရဲ့ပုံစံဖြင့် ခံစားပုံဖော်ထားတဲ့ HUAWEI nova Y61 ကိုတော့ Midnight Black (အနက်ရောင်)၊ Sapphire Blue (အပြာရောင်)၊ Mint Green (အစိမ်းရောင်) စတဲ့ တောက်ပတဲ့အရောင် (၃) မျိုးရရှိနိုင်မှာပါ။ နူးညံ့ချောမွေ့တဲ့အနားစောင်းလေးတွေက မျက်စိပဒါသရှိစေပြီး လက်ထဲကိုင်ရလည်းလွယ်ကူစေမှာဖြစ်ပါတယ်။
a 30-Minute Charge4
ကြီးမားတဲ့ 5000 mAh battery3 ကတော့ သင်ကြိုက်နှစ်သက်ရာ ရုပ်ရှင်များကိုတ၀ကြီးကြည့်ရှုပြီးချိန်မှာတောင်မှ သင့်အတွက် အသုံးပြုစရာဘက်ထရီလက်ကျန် ထပ်မံကျန်ရှိနေဦးမှာဖြစ်ပါတယ်။ 22.5 W HUAWEI SuperCharge2 ကတော့ Battery Safety Assistant5 နှင့် 20-Layer Battery Protection တို့ဖြင့် ဖန်တီးထားပြီး သင့်ကိုအချိန်တိုအတွင်းမှာ အလျင်အမြန်အားသွင်းနိုင်စေမှာဖြစ်ပါတယ်။

Smooth Screen
Smooth Screen Dimming Control နှင့်အတူ Screen အလင်းအမှောင်ကို သင်အလိုရှိရာ Level အထိ ထိန်းညှိနိုင်မှာဖြစ်ပြီး E-books mode သို့မဟုတ် Eye Comfort Mode တို့ကို အချိန်တိုအတွင်းကူးပြောင်းကာ သင့်မျက်လုံးကိုအားစိုက်စရာမလိုပဲ6 စာဖတ်ခြင်းနှင့် ရှာဖွေခြင်းများကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။


Smooth Screen Dimming Control



E-books
Resolution Touching
Screen Resolution7 ထပ် ၈ ဆခန့်ပိုမိုတိကျတဲ့ Touch control accuracy ကြောင့် Tap and Swipe ပြုလုပ်တဲ့အခါတိုင်းမှာ အကောင်းဆုံးရိုက်ချက်တွေ ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။


Smart Collaboration
Super Device8 ကို အသုံးပြု၍ HUAWEI device များကို ဆွဲယူချိတ်ဆက်ပြီး Screen ကြီးကြီးတွင်ကြည့်ရှုနေချိန်မှာပဲ နားကြပ်များ သို့မဟုတ် စပီကာများမှတစ်ပြိုင်နက်နားဆင်နိုင်မှာဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ Home screen layout တစ်ခုကိုဖန်တီးပြီး သင်အလိုရှိသမျှကို ပင်ပန်းခြင်းမရှိပဲ အလွယ်တကူရှာဖွေလိုက်ပါ။

Simple Mode ကတော့ on-screen content များကို ပိုမိုချဲ့ပေးပြီး အသံ Level ကိုပိုမိုတိုးမြှင့်ပေးတာကြောင့် အသက်အရွယ်မရွေး အသုံးပြုသူတိုင်းအတွက် ရှာဖွေခြင်းများကို သက်သောင့်သက်သာြပုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

MeeTime ကတော့ Multi-party call များကို Multi-device participation ဖြင့် အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် HD voice နှင့် ဗီဒီယို call များ9 ကို အချိန်မရွေးနေရာမရွေး အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

- အနောက်ဘက် Main Camera ၏ Maximum output သည် 50 MP ဖြစ်ပြီး HIGH-RES mode ကိုအသုံးပြုမှသာ ရရှိနိုင်မည်ဖြစ်သည်။ အမှန်တကယ့် Output effect များသည် ပြောင်းလဲနေနိုင်ပါသည်။
- 22.5 W သည် အမြင့်ဆုံးအားသွင်းနိုင်စွမ်းဖြစ်ပြီး သတ်မှတ်ထားသည့် 22.5 W HUAWEI SuperCharge charger နှင့် အားသွင်းကြိုးတို့ကို အသုံးပြုမှသာရရှိနိုင်မည်ဖြစ်သည်။
- ဘက်ထရီ၏ Typical value သည် 5000 mAh ဖြစ်ပြီး Rated capacity သည် 4900 mAh ဖြစ်သည်။ ဘက်ထရီကိုဖယ်ရှား၍မရနိုင်ပါ။ ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။
- ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။ အပူချိန် 25 ± 1°C နှင့် စိုထိုင်းမှု 45%-80% RH အတွင်း ဖုန်းနှင့်အတူပါသော Huawei SuperCharge charger နှင့် အားသွင်းကြိုးတို့ကိုအသုံးပြုကာ Standby mode ကိုထားပြီး Screen ကိုပိတ်၍ အားသွင်းထားခြင်းဖြစ်သည်။ (အားသွင်းနေချိန်တွင် ဖုန်းအပူချိန်သည်မြင့်တက်လာနိုင်ပြီး ထိုအရာသည်ပုံမှန်သာဖြစ်သည်။) အွန်လိုင်းဗီဒီယိုကြည့်သည့် ဒေတာများသည် Youtube ဖြင့် စမ်းသပ်ထားခြင်းဖြစ်သည်။ ဒေတာများရယူရန် စမ်းသပ်ဆော့ကစားသည့်ဂိမ်းသည် Mobile Legend: Bangbang ဖြစ်သည်။ အမှန်တကယ်ဘက်ထရီသက်တမ်းသည် ပစ္စည်း၊ အသုံးပြုသည့်အလေ့အထနှင့် ပတ်၀န်းကျင်တို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
- အချို့သော Feature များသည် ဖုန်းကိုအချိန်အတိုင်းအတာတစ်ခုအထိအသုံးပြုပြီးမှသာ အသက်၀င်လာမည်ဖြစ်ပြီး Software update များအပေါ်တွင်မူတည်သည်။
- ယခုပစ္စည်းသည် ဆေးဘက်ဆိုင်ရာအသုံးပြုသည့်ပစ္စည်းမဟုတ်ပဲ စမ်းသပ်ကုသခြင်းများအတွက် ဖန်တီးထုတ်လုပ်ထားခြင်းမဟုတ်ပါ။
- 5760 × 12800 resolution touching control အား 720 × 1600 resolution touching control screen နှင့် ၈ ဆမျှရည်ညွှန်းကိုးကားထားခြင်းဖြစ်သည်။ ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။
- ယခု Function သည် HUAWEI device အချို့တွင်သာအသုံးပြုနိုင်မည်ဖြစ်သည်။ Device သည် တူညီသည့် HUAWEI ID ဖြင့် Log-in ပြုလုပ်ရန်လိုအပ်ပြီး Wi-Fi နှင့် Bluetooth ကိုဖွင့်ထားရန်လည်းလိုအပ်သည်။ သင့်ဖုန်းနှင့် မကြာသေးမီကမှချိတ်ဆက်ထားသည့် Device များသည် Super Device ၏အောက်တွင် Trusted Device များအဖြစ်ရှိနေမည်ဖြစ်သည်။ ယခု Feature အားအထောက်အပံ့ပေးသည့် Device Model နှင့် Software Version များကို ပိုမိုသိရှိလိုပါက HUAWEI customer service အားဆက်သွယ်ရန် တိုက်တွန်းအပ်ပါသည်။
- Video call resolution သည် Network Condition များကိုလိုက်၍ ကွဲပြားနိုင်ပါသည်။ MeeTime feature အားအထောက်အပံ့ပေးသည့် Device Model နှင့် အချို့သော Market များကို ပိုမိုသိရှိလိုပါက HUAWEI customer service အား ဆက်သွယ်နိုင်ပါသည်။